Skip to content

Zion

21 verses · 2 known names

အခြားအမည်: Sion

31.7700, 35.2300 Google Maps တွင် ကြည့်ရန်

Zion ကို ဖော်ပြသော အခန်းငယ်များ

  1. ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲ က၎င်း၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ် ၎င်း ပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍ ထိုအမှုကို စီရင်တော်မူလိမ့်မည်။

  2. မြေကြီးတပြင်လုံးရွှင်လန်းရာ ဇိအုန်တောင်ထိပ် သည် အဆင်းလှပေ၏။ မြောက်မျက်နှာဘက်၌ မဟာ မင်းကြီး၏ မြို့တော်သည် တည်၏။

  3. တရားစီရင်တော်မူချက်များကြောင့် ဇိအုန် တောင်သည် ဝမ်းမြောက်၍၊ ယုဒအမျိုးသမီးတို့သည် ရွှင်လန်းကြပါ၏။

  4. ရှေးကအပိုင်ရတော်မူသော လူအစည်းအဝေး ကို၎င်း၊ ရွေးတော်မူသော အမွေတော်အဘို့ကို၎င်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကို၎င်း အောက် မေ့တော်မူပါ။

  5. ယုဒအမျိုးကို၎င်း၊ ချစ်တော်မူသော ဇိအုန် တောင်ကို၎င်း ရွေးတော်မူ၏။

  6. ထာဝရဘုရားကို ခိုလှုံသော သူတို့သည် မတုန် မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ ၏။

  7. ထာဝရဘုရားသည်လည်း ဇိအုန်တောင်မှာရှိ သမျှသော အိမ်များနှင့် စည်းဝေးရာ ပရိသတ်များအပေါ် တွင်၊ နေ့အချိန်၌ မိုဃ်းတိမ်နှင့် မီးခိုးကို၎င်း၊ ညဉ့်အချိန်၌ မီးလျှံအလင်းကို၎င်း ဖန်ဆင်းတော်မူ၍၊ မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုးတော်မူလိမ့်မည်။

  8. ငါမှစ၍ ငါ့အားထာဝရဘုရားပေးတော်မူသော သူငယ်တို့သည် ရှိကြ၏။ ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ် တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ထံတော်က၊ ဣသရေလအမျိုး၌ ပုပ္ပနိမိတ်နှင့် အံ့ဘွယ် သော အရာဖြစ်စေခြင်းငှါ ပေးတော်မူသတည်း။

  9. သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန် တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ် တော်မူပြီးမှ၊ အာရှုရိ ရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သော မျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။

  10. ထိုအခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင် ကြောက်မက်ဘွယ်ဖြစ်ထသော၊ ခွန် အားကြီး၍ နှိမ်နင်းတတ်ထသော၊ မြစ်များ ကွဲပြား သော မြေ၌နေသောလူမျိုးသည်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်တည်ရာ ဇိအုန်တောင်သို့၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားဘို့ လက် ဆောင်ပဏ္ဏာကို ဆောင်ခဲ့ကြ လိမ့်သ တည်း။

  11. လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည် လည်း အရှက်ကွဲလိမ့်မည်။ အကြောင်းမူကား၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည်၊ ဇိအုန်တောင် ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ ရှေ့တွင်ဘုန်းကြီးတော်မူလတံ့။

  12. မွတ်သိပ်သောသူသည် အိပ်မက်တွင်စားရသည် ဟုထင်သော်လည်း၊ နိုးသောအခါ အမွတ်အသိပ်မပြေသ ကဲ့သို့၎င်း၊ ရေငတ်သူသည် အိပ်မက်တွင် သောက်ရသည် ဟုထင်သော်လည်း၊ နိုးသောအခါ နွမ်းနယ်လျက်၊ တောင့် တလျက်ရှိသကဲ့သို့၎င်း၊ အပြည်ပြည်ကလာ၍၊ ဇိအုန် တောင်ကိုစစ်တိုက်သော အလုံးအရင်းသည်ဖြစ်ရလိမ့် မည်။

  13. ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ခြင်္သေ့နှင့် ခြင်္သေ့သငယ်သည် လုယူရာ အကောင် ပေါ်မှာနေသောအခါ၊ သိုးထိန်းအလုံးအရင်း၏ ဆီးတား အော်ဟစ်ခြင်းကို မကြောက်၊ သူတို့ပြုသောအသံဗလံအား ဖြင့် အရှုံးမခံသကဲ့သို့၊ ထိုနည်းတူ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် မိမိတောင်တည်းဟူသော ဇိ အုန်တောင်တော်ဘက်မှာ စစ်တိုက်ခြင်းငှါ ဆင်းသက် တော်မူလိမ့်မည်။

  14. ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲ က၎င်း၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ်က ၎င်းပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို စီရင်တော် မူလိမ့်မည်။

  15. လူဆိတ်ညံလျက်ရှိသော ဇိအုန်တောင်ပေါ်မှာ မြေခွေးတို့သည် သွားလာကြပါ၏။

  16. ထိုအခါ ထာဝရဘုရားကို ပဌနာ ပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြ လတံ့။ အကြောင်းမူကား၊ ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ဇိအုနတောင်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား ခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိရလတံ့။

  17. ဇိအုန်တောင်ပေါ်မှာ ဘေးလွတ်သောသူအချို့ ရှိကြလိမ့်မည်။ သန့်ရှင်းသောအရပ်ဖြစ်လိမ့်မည်။ ယာ ကုပ်အမျိုးသည် မိမိပိုင်ထိုက်သောမြေကို ပိုင်ရလိမ့်မည်။

  18. ဧသော၏တောင်ကို တရားစီရင်ခြင်းငှါ ကယ် တင်သောသူတို့သည် ဇိအုန်တောင်ပေါ်သို့ တက်ကြလိမ့် မည်။ တိုင်းနိုင်ငံသည်လည်း ထာဝရဘုရား၏ နိုင်ငံတော် ဖြစ်လိမ့်သတည်း။ ပရောဖက်ဩဗဒိ၏ ဗျာဒိတ်ရူပါရုံပြီး၏။

  19. ခြေဆွံ့သောသူကို ငါကျန်ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ်ခြင်းကို ခံရသော သူသည် ကြီးမား သော လူမျိုးဖြစ်စေခြင်းငှါ ငါစီရင်မည်။ ထာဝရဘုရား သည် ဇိအုန်တောင်ပေါ်မှာ သူတို့ကို ယခုမှစ၍ အစဉ် အမြဲအုပ်ချုပ်စိုးစံတော်မူလိမ့်မည်။

  20. သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့၎င်း၊

  21. ထိုနောက်မှ ငါကြည့်လျှင် ၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာရပ်နေ၏။ သူ၏ နာမနှင့် ခမည်း တော်၏ နာမကိုနဖူး၌ အက္ခရာတင်သောသူ တသိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူ ရှိကြ၏။