Skip to content

Obedience အကြောင်း ကျမ်းစာအခန်းငယ်များ

136 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. နှုတ်တော်ထွက် တရားတော်သည် ရွှေငွေ အထောင်အသောင်းထက်မက၊ အကျွန်ုပ်၌သာ၍ ကောင်းပါ၏။

  2. ကိုယ်တော်၏ တရားသည် အကျွန်ုပ်မွေ့လျော် ရာဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင်မည် အကြောင်း၊ သနားစုံမက်တော်မူခြင်းသည် သက်ရောက် ပါစေသော။

  3. သူတို့သည် အကျွန်ုပ်ကို မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းလုပါပြီ။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို အကျွန်ုပ်မစွန့်ပါ။

  4. ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ၏။ တနေ့လုံးဆင်ခြင်အောက်မေ့လျက် နေပါ၏။

  5. ကိုယ်တော်၏ ဥပဒေသများကို စောင့်သော ကြောင့်၊ အသက်ကြီးသူတို့ထက်သာ၍ ဉာဏ်ကောင်း ပါ၏။

  6. နှုတ်ကပတ်တော်ကို စောင့်လိုသောငှါ၊ မကောင်း သောလမ်း ရှိသမျှတို့ကို လွှဲရှောင်ပါ၏။

  7. ကိုယ်တော်သည် သွန်သင်တော်မူသောကြောင့်၊ စီရင်တော်မူချက်တို့မှ အကျွန်ုပ်လွှဲ၍ မသွားပါ။

  8. ကိုယ်တော်၏ ဥပဒေသများအားဖြင့်၊ အကျွန်ုပ် သည် ဉာဏ်တိုး ပွား၍၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏။

  9. နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။

  10. ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါ မည်ဟု အကျွန်ုပ်ကျိန်ဆိုသည် အတိုင်းပြုပါမည်။

  11. အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိ ပါ၏။ သို့သော်လည်း၊ တရားတော်ကို မမေ့မလျော့ပါ။

  12. အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှါ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏။

  13. သက်သေခံတော်မူချက်တို့သည် အံ့ဩဘွယ် ဖြစ်၍၊ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ်ပါ၏။

  14. အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူး ကို အကျွန်ုပ်မြော်လင့်၍၊ ပညတ်တော်တို့ကို ကျင့်ပါ၏။

  15. သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ် သည် စောင့်ပါ၏။ အလွန်နှစ်သက်ပါ၏။

  16. ကိုယ်တော်၏ ဥပဒေသတို့နှင့် သက်သေခံတော် မူချက်တို့ကို စောင့်ပါ၏။ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော်၌ရှိကြပါ၏။

  17. အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင် တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏။ ကောင်းမြတ်သောဝိညာဉ်တော်သည် ဖြောင့်သောလမ်း၌ အကျွန်ုပ်ကိုသွေးဆောင်တော်မူပါ စေသော။

  18. ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာ နေ၍၊ ဘေးကို မကြောက်ဘဲငြိမ်ဝပ်လိမ့်မည်။

  19. ပညတ်တရားကို စောင့်သောသူသည် မိမိ အသက်ဝိညာဉ်ကို စောင့်ရာရောက်၏။ မိမိသွားရာလမ်း တို့ကို မထီလေးစားပြုသောသူမူကား၊ အသေခံရ၏။

  20. တရားကိုစောင့်သောသူသည် ပညာရှိသော သားဖြစ်၏။ စားကြူးသောသူတို့နှင့် ပေါင်းဘော်သောသူ မူကား၊ မိမိအဘကို အရှက်ခွဲတတ်၏။

  21. သင်တို့သည် ကြည်ညိုနားထောင်လျှင်၊ မြေအသီး အနှံကို စားရကြလိမ့်မည်။

  22. ငါမှာထားသောအရာဟူမူကား၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ငါသည်သင်တို့၏ ဘုရား သခင်ဖြစ်မည်။ သင်တို့သည်လည်း၊ ငါ၏လူမျိုးဖြစ်ကြ လိမ့်မည်။ သင်တို့သည် ကိုယ်အကျိုးကို စောင့်လိုသောငှါ၊ ငါစီရင်သမျှသော တရားလမ်းသို့ လိုက်ရကြမည်ဟု မှာထား၏။

  23. သင်တို့ကလည်း၊ အဘယ်သို့နည်း။ သားသည် အဘ၏ အပြစ်ကို မခံရသလောဟု မေးကြသော်၊ သား သည် တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြု၍၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်လျှင်၊ စင်စစ် အသက်ရှင်ရလိမ့်မည်။

  24. တဖန်ဆိုးသော သူအား သင်သည် စင်စစ် အသေခံရလိမ့်မည်ဟု ငါဆိုသော်လည်း၊ ထိုသူသည် မိမိဒုစရိုက်ကို ရှောင်၍၊ တရားသောအမှု၊ ဖြောင့်မတ် သောအမှုကို ပြုလျက်၊

  25. ပေါင်ထားသောဥစ္စာကို မသိုထား၊ လုယူသော ဥစ္စာကို ပြန်ပေးလျက်၊ အဓမ္မအမှုကို မပြုဘဲအသက် ရှင်ရာပညတ်တရားလမ်းသို့လိုက်လျှင်၊ အသေမခံရဘဲ စင်စစ်အသက်ရှင်ရလိမ့်မည်။