Skip to content

Obedience အကြောင်း ကျမ်းစာအခန်းငယ်များ

136 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ပြုမိသော ဒုစရိုက်အပြစ်တစုံတခုကိုမျှ သူ၌ မတင်။ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုသောကြောင့် စင်စစ်အသက်ရှင်ရလိမ့်မည်။

  2. အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း၊ မိမိအိမ်သို့သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြတင်း ပေါက်ပွင့်လျက်ပင်၊ အထက်ပြုလေ့ရှိသည်အတိုင်း၊ တနေ့ သုံးကြိမ်ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။

  3. ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာ စက် ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော အမျိုးသားတို့သည် ရကြလိမ့်မည်။ ထို ဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ မင်းကြီး အပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။

  4. ထိုကြောင့် အကြင်သူသည်၊ အငယ်ဆုံးသောပညတ်တခုကို ကိုယ်တိုင်လွန်ကျူး၍ သူတပါးတို့အား လည်း ထိုအတူသွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဖြစ်လိမ့်မည်။ အကြင်သူ သည် ကိုယ်တိုင်ကျင့်၍ သူတပါးတို့အားလည်း သွန်သင်၏။

  5. အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ။

  6. ယေရှုသည် ထိုအရပ်မှ ကြွတော်မူလျှင်၊ မဿဲအမည်ရှိသော သူတယောက်သည် အခွန်ခံရာတဲ၌ ထိုင် နေသည်ကို မြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။

  7. ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။

  8. အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆ တရာပွားများ၍ အသီးသီးကြ၏။

  9. ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ ၏။

  10. အခွက်ငါးဆယ်ကို ခံသောသူသည်ချဉ်းကပ်၍ အခြားသောအခွက်ငါးဆယ်ကိုဆက်လျက်၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်ငါးဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်ငါးဆယ်ကို အကျွန်ုပ် အမြတ်ရပါပြီဟု လျှောက်လေ၏။

  11. အရှင်ကလည်၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များ စွာသော အမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော် မူ၏။

  12. အခွက်နှစ်ဆယ်ကို ခံသောသူသည်လည်းချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်နှစ် ဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်နှစ်ဆယ်ကို အကျွန်ုပ်အမြတ်ရပါပြီဟု လျှောက်လေသော်၊

  13. အရှင်က၊ သာဓု သစ္စာရှိသောငယ်သားကောင်း၊ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော်မူ၏။

  14. လမ်း၌ကြွတော်မူစဉ်၊ အာလဖဲ၏သား လေဝိသည် အခွန်ခံရာတဲ၌ထိုင်နေသည်ကိုမြင်သော်၊ ငါ့နောက် သို့ လိုက်လော့ဟု မိန့်တော်မူ၏။

  15. ဘုရားသခင်၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်းဟု မိန့်တော်မူ၏။

  16. ကောင်းသောမြေ၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြား၍ခံယူသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း။

  17. ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ် တင်ခွင့်နှင့်လွတ်သဖြင့်၊ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ခြင်း ပါရမီရှိကြ၏။

  18. ငါ့စကားကို နားမထောင်ဘဲလျက်၊ ငါ့ကိုသခင်၊ သခင်ဟု အဘယ်ကြောင့်ခေါ်ကြသနည်း။

  19. ငါ့ထံသို့လာ၍ ငါ့စကားကိုကြားသည်အတိုင်း နားထောင်သောသူသည် အဘယ်သူနှင့် တူသနည်း ဟူမူကား၊

  20. တိုက်ကိုတည်သောအခါ နက်စွာတူး၍ ကျောက်ပေါ်မှာတိုက်မြစ်ချသောသူနှင့်တူ၏။ မြစ်ရေထသဖြင့် ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ ကျောက်ပေါ်မှာ တည်လျက်ရှိသောကြောင့် မလှုပ်နိုင်ရာ။

  21. ကောင်းသောမြေ၌ရှိသောသူကား၊ ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသော သူကိုဆိုလိုသတည်း။

  22. ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုကြား၍ နားထောင်သောသူတို့သည် ငါ့အမိ၊ ငါ့ညီဖြစ်သတည်းဟု မိန့်တော်မူ၏။

  23. ကိုယ်တော်က၊ သင်တို့သည်ဆုတောင်းလျှင် မြွက်ဆိုရမည်မှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော် တည်ထောင် ပါစေသော။

  24. ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နာ၍ကျင့်စောင့်သောသူသည် မြတ်စွာ သော မင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။

  25. အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်တို့သည် မင်္ဂလာ ရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကို စားပွဲ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင် လာ၍ သူတို့အားလုပ်ကျွေးလိမ့်မည်။