အကြောင်းအရာသို့ ကျော်သွားရန်

Egypt အကြောင်း ကျမ်းစာအခန်းငယ်များ

328 အခန်းငယ် · 105 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခ ဏာဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ သက်သေလည်းဖြစ်လိမ့်မည်။ အကြောင်းမူ ကား၊ သူတို့သည် ညှဉ်းဆဲခြင်းကို ခံရသောကြောင့်၊ ထာဝရဘုရားကို အော်ဟစ်ကြသည်ရှိသော်၊ ကယ်တင် သောအရှင်၊ အမှုစောင့်သခင်ကို သူတို့ရှိရာသို့ စေလွှတ် တော်မူ၍၊ ထိုသခင်သည် ကယ်တင်တော်မူ၏။

  2. ထိုကာလ၌ အဲဂုတ္တုပြည်မှသည် အာရှုရိပြည် တိုင်အောင်၊ လမ်းတွင်လိမ့်မည်။ အာရှုရိလူသည် အဲဂုတ္တုပြည်သို့၎င်း၊ အဲဂုတ္တုလူသည်၊ အာရှုရိပြည်သို့၎င်း သွားလာ၍ အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတ ညွတ်တည်း ဝတ်ပြုကြလိမ့်မည်။

  3. ထိုကာလ၌ ဣသရေလအမျိုးသည် အဲဂုတ္တုအ မျိုးနှင့်၎င်း၊ အာရှုရိအမျိုးနှင့် ၎င်းပေါင်း၍၊ တတိယအ မျိုးတည်းဟူသော မြေကြီးအလယ်၌ မင်္ဂလာပြုသော အ မျိုးဖြစ်လိမ့်မည်။

  4. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက လည်း၊ ငါ၏ လူအဲဂုတ္တုအမျိုး၊ ငါပြုပြင်သော အာရှုရိ အမျိုး၊ငါ၏ အမွေဥစ္စာဖြစ်သော ဣသရေလအ မျိုးသည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးပေး တော် မူလိမ့် မည်။

  5. ယခုမှာဣသရေလမျိုး၏ ဘုရားသခင်၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ဘုရားသခင်၊

  6. ထာဝရဘုရားမိန့်တော် မူသည်ကား၊ သင်တို့သည် ကိုယ်ကိုကိုယ်ပယ်ဖြတ်လို သောငှါ၎င်း၊ မြေကြီးပေါ်မှာလူအမျိုးမျိုးတို့တွင် ကဲ့ရဲ့ ကျိန်ဆဲရာဖြစ်လိုသောငှါ၎င်း၊ သွား၍နေသောအဲဂုတ္တု ပြည်၌ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်တိုင်ပြုသောအမှုနှင့် ငါ၏အမျက်ကို နှိုးဆော်သဖြင့်၊ သင်တို့တွင် တယောက်မျှမကြွင်း၊ ယုဒ အမျိုးယောက်ျားမိန်းမ၊ သူငယ်စို့နို့ကလေးအပေါင်းတို့ကို ပယ်ဖြတ်မည်အကြောင်း၊ ကြီးစွာသော ဒုစရိုက်ကို ကိုယ် စိတ်ဝိညာဉ်တဘက်၌ အဘယ်ကြောင့် ပြုကြသနည်း။

  7. ယုဒပြည်၌၎င်း၊ ယေရုရှလင်လမ်းတို့၌၎င်း၊ သင်တို့ဘိုးဘေးများ ပြုသောဒုစရိုက်၊ ယုဒရှင်ဘုရင်များ ပြုသောဒုစရိုက်၊ မိဖုရားများပြုသော ဒုစရိုက်၊ သင်တို့ ကိုယ်တိုင်ပြုသော ဒုစရိုက်၊ သင်တို့မယားများပြုသော ဒုစရိုက်တို့ကို မေ့လျော့ကြပြီလော့။

  8. ယနေ့တိုင်အောင် သူတို့သည် နှိမ့်ချသော စိတ် မရှိ၊ ကြောက်ရွံ့သောစိတ်မရှိ၊ ငါ၏တရားလမ်း သို့မလိုက်၊ သင်တို့မှစ၍ သင်တို့ဘိုးဘေးတို့ရှေ့မှာ ငါထားသော ပညတ်များကို မစောင့်ရှောက်ကြ။

  9. သို့ဖြစ်၍၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့ကိုအပြစ်ပြု၍ ယုဒအမျိုးသား အပေါင်းတို့ကို ပယ်ဖြတ်ခြင်းငှါ ငါသည် မျက်နှာ ထားမည်။

  10. အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှါ မျက်နှာ ပြုသော ယုဒအမျိုးသားအကျန်အကြွင်းတို့ကို ငါသည် ယူ၍၊ သူတို့သည်ထိုပြည်၌ သေကြေပျက်စီးကြလိမ့်မည်။ ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့်ပျက်စီးခြင်းသို့၎င်း၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသော သူတိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် သေကြေပျက်စီးခြင်းသို့ ၎င်း ရောက်၍၊ ဆဲရေးခြင်း၊ အံ့ဩခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံဘို့ရာ ဖြစ်ကြလိမ့်မည်။

  11. ယေရုရှလင်မြို့သားတို့ကို ထားဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် ငါသည် ဒဏ်ပေးသည် နည်းတူ၊ အဲဂုတ္တုပြည်၌နေသော သူတို့ကို ငါသည် ဒဏ်ပေးသဖြင့်၊

  12. အဲဂုတ္တုပြည်သို့ သွား၍ တည်ခိုးသော ယုဒ အမျိုးသား အကျန်အကြွင်းတို့သည် ယုဒပြည်သို့ပြန်၍ နေချင်သော်လည်း၊ တယောက်မျှ ဘေးနှင့်မလွတ်ရ၊ တယောက်မျှ မကျန်ကြွင်းရကြ။ ဘေးလွတ်သော သူသာ လျှင် ပြန်ရကြလိမ့်ဟု မိန့်တော်မူ၏။

  13. ထိုအခါ မိမိမယားတို့သည် အခြားတပါးသော ဘုရားအား နံ့သာပေါင်းနှင့်မီးရှို့ကြောင်းကို သိသော လူများ၊ အနား၌ရပ်နေသော မိန်းမများ၊ ကြီးစွာသော အလုံးအရင်းတည်းဟူသော၊ အဲဂုတ္တုပြည်ပါသရုအရပ်၌ နေသောသူအပေါင်းတို့သည် ယေရမိကို ပြန်ပြော ကြသည်ကား၊

  14. သင်သည်ထာဝရဘုရား၏ နာမတော်ကို အမှီပြု ၍၊ ငါတို့အား ဟောပြောသောစကားကို ငါတို့သည် နားမထောင်။

  15. ငါတို့မှစ၍ ငါတို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ် တို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ ပြုဘူး သကဲ့သို့၊ ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့၍၊ သွန်းလောင်းရာ ပူဇော်သက္ကာကိုပြုခြင်းငှါ၊ ကိုယ် အလိုအလျောက် စီရင်သည်အတိုင်း ဆက်ဆက်ပြုမည်။ အထက်က ဝစွာစားရကြ၏။ ဘေးနှင့်လွတ်၍ ချမ်းသာ စွာ နေရကြ၏။

  16. ကောင်းကင်မိဖုရားအဘို့နံ့သာပေါင်းကို မီးမရှို့၊ သွန်းလောင်းရာပူဇော်သက္ကာကို မပြုဘဲနေပြန်သော အခါ၊ အလွန်ဆင်းရဲခြင်း၊ ထားဘေး၊ မွတ်သိပ်ခြင်း ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြပြီ။

  17. ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကိုမီးရှို့၍၊ သွန်းလောင်း ရာပူဇော်သက္ကာကို ပြုသောအခါ၊ ငါတို့၏ ယောက်ျားမပါဘဲ မုန့်ပြားတို့ကို လုပ်၍၊ သွန်းလောင်းရာ ပူဇော်သက္ကာပြုလျက် ကိုးကွယ်သလောဟုပြန်ပြောကြ၏။

  18. ထိုသို့ပြန်ပြောသော ယောက်ျားမိန်းမအပေါင်း တို့အား ယေရမိပြန်ပြောသည်ကား၊

  19. သင်တို့မှစ၍ သင်တို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်၊ ပြည်သူပြည်သားတို့သည် ယုဒမြို့များ၊ ယေရု ရှလင်လမ်းများ၌ မီးရှို့သော နံ့သာပေါင်းကို ထာဝရ ဘုရားသည် မအောက်မေ့၊ နှလုံးမသွင်းဘဲ နေတော် မူသလော။

  20. သင်တို့ပြုသောဒုစရိုက်၊ စက်ဆုပ်ရွံရှာဘွယ် သောအမှုတို့ကို ထာဝရဘုရားသည် သည်းခံတော်မမူနိုင် သောကြောင့်၊ သင်တို့ပြည်သည်၊ ယနေ့ဖြစ်သည်အတိုင်း၊ နေသောသူမရှိ၊ လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကျိန်ဆဲရာ ဖြစ်လေပြီတကား။

  21. သင်ကိုသည် နံ့သာအပေါင်းကို မီးရှို့၍ ထာဝရ ဘုရားကိုပြစ်မှားသောကြောင့်၎င်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်၊ ထုံးဖွဲ့ချက်၊ သက်သေခံ ချက်ပညတ်တရားတော်လမ်းသို့ မလိုက်သောကြောင့် ၎င်း၊ ဤဘေးသည် ယနေ့၌ရှိသည်အတိုင်း၊ သင်တို့၌ ရောက်လေပြီတကားဟု ပြောဆို၏။

  22. တဖန်မိန်းမအပေါင်းတို့နှင့် လူခပ်သိမ်းတို့အား ယေရမိဟောပြောသည်ကား၊ အဲဂုတ္တုပြည်၌ရှိသော ယုဒ လူအပေါင်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။

  23. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့နှင့်သင်တို့မယားတို့က၊ ငါတို့သည် ကောင်းကင် မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့၍ သွန်းလောင်းပူဇော် သက္ကာပြုခြင်းငှါ၊ သစ္စာဂတိထားသည်နှင့်အညီ ဆက်ဆက်ပြုမည်ဟု နှုတ် နှင့်ပြော၍ လက်နှင့် ပြုသည်အတိုင်း၊ သင်တို့သည် ကိုယ်ထားသော သစ္စာဂတိ ကို ဆက်ဆက်စောင့်၍၊ သစ္စာဂတိထားသည်အတိုင်း ပြုကြလိမ့်မည်။

  24. သို့ဖြစ်၍ အဲဂုတ္တုပြည်၌ နေသောယုဒလူ အပေါင်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင် ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အရှင် ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ အဲဂုတ္တုပြည် တရှောက်လုံးတွင်၊ ယုဒလူတယောက်မျှငါ၏ နာမကို မမြွက်မဆိုရမည်အကြောင်း၊ ငါသည် ကိုယ်မဟာနမကို တိုင်တည်၍ ကျိန်ဆို၏။

  25. သူတို့ကို ကျေးဇူးပြုခြင်းငှါမဟုတ်၊ အပြစ်ပြု ခြင်းငှါ ငါစောင့်သည် ဖြစ်၍၊ အဲဂုတ္တုပြည်၌ရှိသော ယုဒလူအပေါင်းတို့သည် ဆုံးရှုံးခြင်းသို့ မရောက်မှီ တိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် ပျက်စီး ကြလိမ့်မည်။