Skip to content

Edomites အကြောင်း ကျမ်းစာအခန်းငယ်များ

154 အခန်းငယ် · 14 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာမဇိမင်းသည် ဧဒုံအမျိုးသားတသောင်းကို ဆားချိုင့်၌ သတ်၍ သေလမြို့ကို တိုက်သဖြင့်၊ ယနေ့ တိုင်အောင် ယုဿေလဟူ၍ သမုတ်လေ၏။

  2. ဣသရေလအမျိုး၌ အစိုးရသောမင်းကြီး မရှိမှီ ဧဒုံပြည်၌ အစိုးရသော မင်းကြီးဟူမူကား၊ ဗောရသား ဗေလသည် ဒိန္နာဗာမြို့၌မင်းပြု၏။

  3. ဗေလမင်းသေ၍ သူ၏အရာ၌ ဗောဇရ အရပ် သား ဇေရ၏ သားယောဗပ်သည် မင်းပြုလေ၏။

  4. ယောဗပ်မင်းသေ၍ သူ၏အရာ၌ တေမာနိ အရပ်သား ဟုရှံသည် မင်းပြုလေ၏။

  5. ဟုရှံမင်းသေ၍ မောဘလွင်ပြင်၌ မိဒျန်လူတို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သားဟာဒဒ်သည် ဟုရှံအရာ၌ မင်းပြုလေ၏။ မြို့တော်ကား အာဝိတ်မြို့တည်း။

  6. ဟာဒဒ်မင်းသေ၍ သူ၏အရာ၌မာသရက် အရပ်သား စာမလသည် မင်းပြုလေ၏။

  7. စာမလမင်းသေ၍ သူ၏အရာ၌ မြစ်နားမှာ နေသောရဟော ဘုတ်အရပ်သား ရှောလသည် မင်းပြု လေ၏။

  8. ရှောလမင်းသေ၍ သူ၏အရာ၌ အာခဗော်သား ဗာလဟာနန်သည် မင်းပြုလေ၏။

  9. ဗာလဟာနန်မင်းသေ၍ သူ၏အရာ၌ ဟာဒါ သည် မင်းပြုလေ၏။ မြို့တော်ကားပေါမြို့တည်း။ မြောက် သားတော်ကား မေဇဟပ်သမီးဖြစ်သော မာတရေဒ၏ သမီး မဟေတဗေလတည်း။

  10. ဟာဒါမင်းသေသောနောက် ဧဒုံပြည်၌ ဗိုလ်လုပ်သောသူဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ် ယေသက်၊

  11. ဗိုလ်အဟောလိ ဗာမ၊ ဗိုလ်ဧလာ၊ ဗိုလ် ပိနုန်၊

  12. ဗိုလ်ကေနတ်၊ ဗိုလ်တေမန်၊ ဗိုလ်မိဗဇ၊

  13. ဗိုလ် မာဂဒေလ၊ ဗိုလ်ဣရံတည်းဟူသော ဤသူတို့သည် ဧဒုံဗိုလ်များဖြစ်သတည်း။

  14. ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သားတို့သည် ယုဒ ရှင်ဘုရင်ကို ပုန်ကန်၍၊ ကိုယ်အမျိုးသားကို ရှင်ဘုရင် အရာ၌ ချီးမြှောက်ကြ၏။

  15. ယဟောရံမင်းသည် မှူးမတ်များ၊ ရထားစီးသူရဲများအပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ညဉ့်အခါ ဝိုင်းသော ဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံလေ၏။

  16. သို့သော်လည်း၊ ဧဒုံပြည်သားတို့သည် ယနေ့ တိုင်အောင် ယုဒရှင်ဘုရင်ကိုပုန်ကန်ကြ၏။ ထိုကာလ၌၊ လိဗနပြည်သည်လည်း ပုန်ကန်၏အကြောင်းမူကား၊ ယဟောရံသည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့်၍၊

  17. အာမဇိသည်လည်း ကိုယ်ကိုခိုင်ခံ့စေ၍ ဆားချိုင့် ကို တပ်ချီသဖြင့်၊ စိရတောင်သားတသောင်းကို လုပ်ကြံ လေ၏။

  18. ယုဒအမျိုးသားတို့သည် လူတသောင်းကို အရှင် ဘမ်းပြီးလျှင်၊ ကျောက်တောင်ထိပ်သို့ ဆောင်သွား၍၊ ကျိုးပဲ့စေခြင်းငှါ အောက်သို့ တွန်းချကြ၏။

  19. ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ အိုကင်းစောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်း။ အိုကင်း စောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်းဟု စိရ တောင် ပေါ်က ငါ့ကို ဟစ်ခေါ်လေ၏။

  20. ကင်းစောင့်ကလည်း၊ နံနက်သည်လာ၏။ ညဉ့် လည်းလာ၏။ သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်း ကြ။ ပြန်သွားကြ။ တဖန် လာကြဟု ဆိုလေ၏။

  21. တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း၊ ကြီးသောတန်ခိုးကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုးသော အဝတ်ကိုဝတ်လျက်၊ ဧဒုံပြည်ဗောဇရမြို့မှလာသော ဤသူကား၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း။

  22. ကိုယ်တော်သည် အဘယ်ကြောင့် နီသောအဝတ်ကို ဝတ်တော်မူသနည်း။ အဝတ်တော်သည် စပျစ်သီးကို နင်းနယ်သော သူ၏အဝတ်နှင့် အဘယ် ကြောင့် တူပါသနည်း။

  23. စပျစ်သီးကို ငါတယောက်တည်းနင်းနယ်ရပြီ။ လူများအထဲကတယောက်မျှမပါ။ သူတို့ကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပြီ။ ငါ့ အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ။

  24. အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ။ ငါရွေးနှုတ်သော သူတို့၏ နှစ်သည် ရောက်လာပြီ။

  25. ထာဝရဘုရားမိန့်တော်မူသည်ကား၊ အရေဖျား လှီးခြင်းကို ခံသောသူ၊ အရေဖျားလှီးခြင်းကို မခံသောသူ၊