Skip to content

Edomites အကြောင်း ကျမ်းစာအခန်းငယ်များ: Kings of

17 အခန်းငယ် · 14 ရှုထောင့်

Kings of အကြောင်း အခန်းငယ်များ

  1. ဣသရေလအမျိုး၌ အစိုးရသောမင်းကြီး မရှိမှီ၊ ဧဒုံပြည်၌ အစိုးရသော မင်းကြီးဟူမူကား၊

  2. ဗောရသား ဗေလာသည် ဧဒုံပြည်၌မင်းပြု၏။ မြို့တော်ကား၊ ဒိန္နာဗာမြို့တည်း။

  3. ဗေလာမင်းသေ၍ သူ၏အရာ၌ ဗောဇရအရပ် သား၊ ဇေရ၏သား ယောဗပ်သည် မင်းပြုလေ၏။

  4. ယောဗပ်မင်းသေ၍၊ သူ၏အရာ၌ တေမနိ အရပ်သား ဟုရှံသည် မင်းပြုလေ၏။

  5. ဟုရှံမင်းသေ၍၊ မောဘ လွင်ပြင်၌ မိဒျန်လူ တို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သား ဟာဒဒ်သည်၊ ဟုရှံ အရာ၌ မင်းပြုလေ၏။ မြို့တော်ကား၊ အာဝိတ်မြို့တည်း။

  6. ဟာဒဒ်မင်းသေ၍၊ သူ၏အရာ၌ မာသရက် အရပ်သား စာမလသည် မင်းပြုလေ၏။

  7. စာမလမင်းသေ၍၊ သူ၏အရာ၌ မြစ်နားမှာ နေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြု လေ၏။

  8. ရှောလမင်းသေ၍ သူ၏အရာ၌၊ အာခဗော် သား ဗာလဟာနန်သည် မင်းပြုလေ၏။

  9. အာခဗော်သား ဗာလဟာနန်မင်းသေ၍ သူ၏ အရာ၌ဟာဒါသည် မင်းပြုလေ၏။ မြို့တော်ကား၊ ပေါမြို့ တည်း။ မျောက်သားတော်ကား၊ မေဇဟပ်သမီး မာတရက်၏သမီး မဟေတဗေလတည်း။

  10. ဣသရေလအမျိုး၌ အစိုးရသောမင်းကြီး မရှိမှီ ဧဒုံပြည်၌ အစိုးရသော မင်းကြီးဟူမူကား၊ ဗောရသား ဗေလသည် ဒိန္နာဗာမြို့၌မင်းပြု၏။

  11. ဗေလမင်းသေ၍ သူ၏အရာ၌ ဗောဇရ အရပ် သား ဇေရ၏ သားယောဗပ်သည် မင်းပြုလေ၏။

  12. ယောဗပ်မင်းသေ၍ သူ၏အရာ၌ တေမာနိ အရပ်သား ဟုရှံသည် မင်းပြုလေ၏။

  13. ဟုရှံမင်းသေ၍ မောဘလွင်ပြင်၌ မိဒျန်လူတို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သားဟာဒဒ်သည် ဟုရှံအရာ၌ မင်းပြုလေ၏။ မြို့တော်ကား အာဝိတ်မြို့တည်း။

  14. ဟာဒဒ်မင်းသေ၍ သူ၏အရာ၌မာသရက် အရပ်သား စာမလသည် မင်းပြုလေ၏။

  15. စာမလမင်းသေ၍ သူ၏အရာ၌ မြစ်နားမှာ နေသောရဟော ဘုတ်အရပ်သား ရှောလသည် မင်းပြု လေ၏။

  16. ရှောလမင်းသေ၍ သူ၏အရာ၌ အာခဗော်သား ဗာလဟာနန်သည် မင်းပြုလေ၏။

  17. ဗာလဟာနန်မင်းသေ၍ သူ၏အရာ၌ ဟာဒါ သည် မင်းပြုလေ၏။ မြို့တော်ကားပေါမြို့တည်း။ မြောက် သားတော်ကား မေဇဟပ်သမီးဖြစ်သော မာတရေဒ၏ သမီး မဟေတဗေလတည်း။