အကြောင်းအရာသို့ ကျော်သွားရန်

Angel (1) အကြောင်း ကျမ်းစာအခန်းငယ်များ

127 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ခပ်သိမ်းသော အထွဋ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍ ယခုဘဝနောင်ဘဝ၌ ခေါ် ဝေါ်သမုတ်သောဘွဲ့နာမအလုံးစုံတို့အထက်၊ ကောင်းကင်အရပ်၌ မိမိလက်ျာတော်ဘက်မှာ အလွန်မြင့်မြတ် သောနေရာကို ခရစ်တော်အား ပေးတော်မူ၍၊

  2. ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ်သော ဘွဲ့နာမတော်ကို ခံရသည်နှင့်အညီ၊ ကောင်းကင်တမန်တို့ထက် ကြီးမြတ်သော သူဖြစ်တော်မူ၏။

  3. အကြောင်းမူကား၊ သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွါးစေပြီဟူ၍၎င်း၊ ငါသည်သူ၏ အဘ ဖြစ်မည်၊ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည် ဟူ၍၎င်း၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူသနည်း။

  4. အာဒံမှဆင်းသက်၍ ခုနှစ်ဆက်မြောက်သောသူ ဧနောက်က၊ ထာဝရဘုရားသည် ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့် ပြုသောအဓမ္မအမှုရှိသမျှတို့၏ အပြစ်ကို၎င်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ပြောသောကြမ်းတမ်းသော စကား ရှိသမျှတို့၏ အပြစ်ကို၎င်းဘော်ပြခြင်းငှါ၊

  5. အတိုင်းမသိ များစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွကြွလာတော် မူလိမ့်မည်ဟု ပရောဖက်ပြု၍ ဟောပြောလေ၏။

  6. ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တပါးတပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုး နှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ် ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏ နေ့ညဉ့်မပြတ် ငြိမ်၍ မနေဘဲ ပြောဆိုကြ၏။

  7. ပလ္လင်တော်ပေါ်မှာ ထိုင်၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူ၏ ဘုန်းအသရေ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တဝါတို့သည်ချီးမွမ်းကြသောအခါ၊

  8. အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူရှေ့၌ ပြပ်ဝပ်လျက် ၊ ကမ္ဘာအဆက်ဆက် အသက်ရှင် တော်မူသော သူကို ကိုးကွယ်လျက် ၊

  9. အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်း လျက်ရှိကြပါ၏။ ထိုကြောင့် ၊ ကိုယ်တော်သည်ဘုန်းအသရေ တန်ခိုးတော် ကို ခံစားထိုက်တော်မူ၏ဟုလျှောက်ဆို၍၊ ပလ္လင်တော် ရှေ့၌ မိမိတို့သရဖူများကိုချထားကြ၏။

  10. ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော် မူသောအားဖြင့်၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရား သခင်အဘို့ ရွေးနှုတ်တော်မူ၏။

  11. အကျွန်ုပ်တို့၏ ဘုရားသခင်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသော အခွင့်ကိုပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကို ခံယူ၍တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။

  12. ထိုအခါ ငါကြည့်၍ ပလ္လင်တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့၏ ပတ်ဝန်းကျင်၌ ကုဋေ သင်္ချေမကအတိုင်းမသိ များစွာသော ကောင်းကင်တမန် တို့၏ အသံကို ငါကြား၏။

  13. ထိုနောက်မှမြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌ လေမလာစေခြင်းငှါ၊ ကောင်းကင်တမန် လေးပါးတို့သည် မြေ၏ လေးမျက်နှာလေတို့ကိုကိုင်၍၊ မြေလေးမျက်နှာ၌ ရပ်နေသည်ကို ငါမြင်၏။

  14. အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင် တမန်တပါးသည် အရှေ့မျက်နှာက တက်လာသည်ကို ငါမြင်၏။ သူသည်လည်း မြေနှင့်ပင်လယ်ကိုညဉ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန်လေးပါးကိုအသံလွှင့်၍၊

  15. ထို့နောက်မှ ငါကြည့်လျှင်၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ ထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသော ဝတ်လုံကို ဝတ်ဆင် လျက်၊ စွန်ပလွံ ခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ် ရှေ့မှာရပ်နေကြ၏။

  16. သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်းဟု ကြီးသော အသံနှင့်ကြွေးကြော်ကြ၏။

  17. ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် မိုဃ်းတိမ်ကို ဝတ်လျက်၊ ကောင်းကင်က ဆင်းသက် သည်ကို ငါမြင်၏။ သူ၏ခေါင်းပေါ်၌ သက်တံ့ရှိ၏။ သူ၏ မျက်နှာသည်နေကဲ့သို့ဖြစ်၏။ သူ၏ ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။

  18. ဖွင့်ထားသော စာစောင်ငယ်ကိုကိုင်လျက်ရှိ၏။ လက်ျာခြေသည်ပင်လယ်ပေါ်မှာ၎င်း ၊ လက်ဝဲခြေသည် မြေကြီးပေါ်မှာ ၎င်း နင်း၍ ၊

  19. ခြင်္သေ့ဟောက်သကဲ့သို့ ကြီးသောအသံနှင့် ကြွေးကြော်လေ၏။ ကြွေးကြော်ပြီးမှ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်လေ၏။

  20. မိုဃ်းကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည်ရေးမှတ်မည်ဟု အားထုတ်သော် ၊ ကောင်းကင်မှ ထွက်သော အသံကား၊ မိုဃ်းကြိုးသံခုနစ် ချက်မြည်သောအရာကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့်ဟု ဆိုသည်ကို ငါကြား ၏။

  21. ထိုအခါ ငါမြင်၍ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်သည်၊ လက်ျာလက်ကို ကောင်းကင်သို့ချီပြီးလျှင်၊

  22. ဘုရားသခင်၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက် စရာသိတင်းကို ဗျာဒိတ်ထားတော်မူသည် နှင့်စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသော အရာ သည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုး မှုတ်ခြင်း အသံမြည်သော နေ့ရက်ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည် ဟုကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကို၎င်း ၊ အရပ်ရပ်၌ရှိရှိသမျှတို့ကို၎င်း၊

  23. ထိုနောက်မှ ကောင်းကင်တမန် တပါးသည် ကြီးစွာသော တန်ခိုးနှင့်ပြည့်စုံ၍ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ရောင်ခြည်အားဖြင့် မြေကြီးထွန်းလင်းလျက်ရှိ၏။

  24. သူသည်ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေ ပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။

  25. အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူ သော စပျစ်ရည်ကိုသောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။