အကြောင်းအရာသို့ ကျော်သွားရန်

Alliance and Society with the Enemies of God အကြောင်း ကျမ်းစာအခန်းငယ်များ

229 အခန်းငယ် · 51 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုကာလ၊ အာဇုတ်အမျိုး၊ အမ္မုန်အမျိုး၊ မောဘ အမျိုးသမီးနှင့် စုံဘက်သော ယုဒလူအချို့တို့ကို ငါမြင်၏။

  2. သူတို့သားသမီးတို့သည် ယုဒစကားကို မပြောတတ်။ အာဇုတ် စကားတဝက် အစရှိသော အသီးအသီး ဘာသာစကားကို ပြောတတ်ကြ၏။

  3. သူတို့ကို ငါအပြစ်တင်၍ ကဲ့ရဲ့၏။ အချို့တို့ကို ရိုက်လျက်၊ ဆံပင်နှုတ်လျက် ဒဏ်ပေး၍၊ သင်တို့သည် ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေးစားရ။ ပြည်သား သမီးတို့ကို ကိုယ်သားတို့အဘို့ မသိမ်းမယူရ။

  4. ဣသရေလရှင်ဘုရင် ရှောလမုန်သည် ထိုသို့ ပြု၍ ပြစ်မှားရာရောက်သည်မဟုတ်လော။ အတိုင်းတိုင်း အပြည်ပြည်၌ သူနှင့်တူသောရှင်ဘုရင်မရှိ။ ဣသရေလ ရှင်ဘုရင်အရာ၌ ဘုရားသခင် ခန့်ထားသည်တိုင်အောင် စိတ်တော်နှင့်တွေ့သောသူဖြစ်သော်လည်း၊ တပါးအမျိုး သားမိန်းမတို့သည် ပြစ်မှားစေသည်တကား။

  5. ငါတို့သည် သင်တို့စကားကို နားထောင်၍ တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်သဖြင့်၊ ဤမျှလောက် ကြီးသော ဒုစရိုက်ကို ပြုလျက်၊ ငါတို့၏ ဘုရားသခင်ကို ပြစ်မှားရမည်လောဟု ဘုရားသခင်ကို တိုင်တည်၍ သူတို့ကိုကျိန်ဆိုစေ၏။

  6. မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊

  7. မတရားသဖြင့်ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါငိုကြွေးသံကို ထာဝရဘုရား ကြားတော် မူ၏။

  8. ဆိုးယုတ်သောသူကို အယုတ်ဟူ၍ ထင်မှတ် လျက်၊ ထာဝရဘုရားအား ကြောက်ရွံ့သောသူကို ရိုသေ ထသော၊ ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆို သော သစ္စာဂတိကိုမဖျက်၊

  9. လျှပ်ပေါ်သော လူတို့နှင့်အတူ မထိုင်ပါ။ လျှို့ဝှက်သော လူစုထဲတို့ မဝင်ပါ။

  10. မတရားသောသူတို့၏ စည်းဝေးခြင်းကို မုန်းပါ ၏။ ဆိုးသွမ်းသော သူတို့နှင့်အတူ မထိုင်ပါ။

  11. မုသာအနတ္တကို ဆည်းကပ်သောသူတို့ကို အကျွန်ုပ်သည်မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏။

  12. သင်သည် သူခိုးကိုမြင်လျှင်၊ သူနှင့်သဘောတူ တက်၏။ သူ့မယားကို ပြစ်မှားသော သူတို့နှင့်ဆက်ဆံ တတ်၏။

  13. ငါ့ဝိညာဉ်သည် ခြင်္သေ့စုထဲမှာ နေရ၏။ ဒေါသ မီးလောင်လျက်ရှိသော လူသားတို့တွင် ငါအိပ်ရ၏။ သူတို့ သွားတို့သည် လှံနှင့်မြှားဖြစ်ကြ၏။ သတို့လျှာသည်လည်း ထက်သောသန်လျှက် ဖြစ်၏။

  14. သဘောကောက်သော သူသည် ငါ့ထံမှ ထွက် သွားရမည်။ မကောင်းသောသူနှင့် ငါမပေါင်းဘော်။

  15. မိမိအိမ် နီးချင်း၏ အသရေကို တိတ်ဆိတ်စွာ ဖျက်သော သူကို ငါပယ်ဖြတ်မည်။ မျက်နှာထောင်လွှား၍ စိတ်မြင့်သောသူကို သည်းမခံ။

  16. သစ္စာရှိသော ပြည်သားတို့ သည် ငါ့ထံမှာ နေမည် အကြောင်း သူတို့ကို ငါကြည့်ရှုမည်။ စုံလင်သောတရား၌ ကျင်လည်သောသူသည် ငါ၏ အမှုကို ဆောင်ရွက်ရမည်။

  17. လှည့်စားတတ်သောသူမူကား၊ ငါ့အိမ်၌ မနေရ။ မုသာစကားကို ပြောတတ်သော သူသည်လည်း၊ ငါ့မျက်မှောက်၌ အခွင့်မရှိရ။

  18. ထိုသို့မိမိတို့အမှုများအားဖြင့် အမျက်တော်ကို နှိုးဆော်၍၊ ကာလနာသည် သူတို့ကို လုယက်လေ၏။

  19. သူတို့၏ရုပ်တုများကို ဝတ်ပြု၍ ကျော့ကွင်း၌ ကျော့မိကြ၏။

  20. ကိုယ်သားသမီးတို့ကို နတ်ဆိုးတို့အား ယဇ် ပူဇော်ကြ၏။

  21. ထိုသို့အပြစ်မရှိသော သူတို့၏ အသွေး၊ ခါနာန် ရုပ်တုတို့ရှေ့မှာ ယဇ်ပူဇော်သော ကိုယ်သားသမီးတို့၏ အသွေးကို သွန်ကြ၍၊ ထိုမြေသည် အသွေးနှင့် ညစ်ညူး လေ၏။

  22. ထိုကြောင့် ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်၍၊ မိမိအမွေတော်ကို ရွံရှာတော်မူ၏။

  23. သူတို့ကို တပါးအမျိုးသားတို့လက်သို့ အပ်တော် မူသဖြင့်၊ မုန်းသောသူတို့သည် အုပ်စိုးရကြ၏။

  24. ရန်သူတို့သည် ညှဉ်းဆဲ၍၊ သူတို့သည် ရန်သူတို့ အောက်မှာ နှိမ့်ချခြင်းကို ခံရကြ၏။

  25. ဒုစရိုက်ကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင် မည်။