အကြောင်းအရာသို့ ကျော်သွားရန်

Alliance and Society with the Enemies of God အကြောင်း ကျမ်းစာအခန်းငယ်များ: Punishment of

15 အခန်းငယ် · 51 ရှုထောင့်

Punishment of အကြောင်း အခန်းငယ်များ

  1. ထိုမှတပါး၊ သူတို့အား ငါကြံစသည်သည်အတိုင်း သင်တို့ကို ငါပြုမည်ဟု မိန့်တော်မူ၏။

  2. အကြောင်းမူကား၊ သူတို့သည် သင်၏သားကို ငါ၌ မဆည်းမကပ်စေဘဲ၊ အခြားတပါးသော ဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ခြင်း ဖျက်ဆီးတော်မူ လိမ့်မည်။

  3. သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော် မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ၍ ကောင်းမွန်သော ဤပြည်၌ သင်တို့သည် မပျောက်မပျက် မှီတိုင်အောင် သူတို့သည် သင်တို့၌ ကျော့ကွင်း၊ ထောင် ချောက်၊ သင်တို့ နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူး ဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြ လော့။

  4. တဖန် ငါဆိုသည်ကား၊ ဤပြည်သားတို့ကို သင်တို့ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့ တဘက်၌ မုဆိုးလုပ်လျက်၊ သူတို့ဘုရားတို့သည်လည်း သင်တို့၌ ကျော့ကွင်းဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။

  5. ဣသရေလအမျိုးသားတို့သည် ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့တွင် နေ၍၊

  6. သူတို့သမီးနှင့် စုံဘက်ခြင်းကို ပြုလျက်၊ မိမိတို့သမီးကို ပေးစားလျက်၊ သူတို့ဘုရားများကို ဝတ်ပြုကြ၏။

  7. ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သဖြင့်၊ ဗာလဘုရားများ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့်၊

  8. ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာ အမျက်တော်ထွက်၍၊ မေသောပေါတာမိရှင်ဘုရင် ခုရှံရှသိမ်၌ ရောင်းတော်မူသဖြင့်၊ ဣသရေလလူတို့သည် ရှစ်နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ၌ ကျွန်ခံရကြ၏။

  9. ဘိုးဘေးလက်ထက်မှစ၍ ယနေ့တိုင်အောင်၊ အလွန်ပြစ်မှားပါပြီ။ ကိုယ်အပြစ်ကြောင့် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်မှစ၍၊ အကျွန်ုပ်တို့သည် ယနေ့တိုင်အောင် ခံသကဲ့သို့၊ တပါးအမျိုးသားရှင်ဘုရင်လက်သို့ အပ်ခြင်း၊ အသေသတ်ခြင်း၊ သိမ်းသွားခြင်း၊ လုယက်ခြင်း၊ မျက်နှာ ပျက်ခြင်းကို ခံရပါ၏။

  10. အကျွန်ုပ်တို့သည် ပညတ်တရားတော်တို့ကို တဖန်လွန်ကျူး၍၊ ဤရွံရှာဘွယ်အမှုတို့ကို ပြုတတ်သော လူမျိုးနှင့်ပေါင်းဘော်လျှင် တယောက်မျှမလွတ်၊ မကျန် ကြွင်းစေခြင်းငှါ၊ အမျက်တော်ထွက်၍ အကျွန်ုပ်တို့ကို ဖျက်ဆီးတော်မူမည်မဟုတ်လော။

  11. သူတို့ကို တပါးအမျိုးသားတို့လက်သို့ အပ်တော် မူသဖြင့်၊ မုန်းသောသူတို့သည် အုပ်စိုးရကြ၏။

  12. ရန်သူတို့သည် ညှဉ်းဆဲ၍၊ သူတို့သည် ရန်သူတို့ အောက်မှာ နှိမ့်ချခြင်းကို ခံရကြ၏။

  13. ထိုကြောင့်နောင်တရလော့။ မရလျှင်သင်ရှိရာသို့ငါသည် အလျင်အမြန်လာမည်။ ထိုသူတို့ကို ငါ့ခံတွင်း၏သန်လျက်နှင့် စစ်တိုက်မည်။

  14. ထိုကြောင့်၊ သူ့ကိုအိပ်ရာ၌ငါချထားမည်။ သူနှင့်အတူ မတရားသော မေထုန်ကိုပြု၍၊ ထိုသို့သော အကျင့်ကိုနောင်တမရသောသူတို့ကိုလည်း၊ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်စေမည်။

  15. သူ၏သားသမီးတို့ကိုလည်း အသေသတ်မည်။ ငါသည် နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသော သူဖြစ်ကြောင်းကို ထိုသို့သောအားဖြင့် ခပ်သိမ်းသော အသင်းတော်တို့သည် သိရကြလိမ့်မည်။ သင်တို့သည် အသီးအသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါပေးမည်။