အကြောင်းအရာသို့ ကျော်သွားရန်

Alliance and Society with the Enemies of God အကြောင်း ကျမ်းစာအခန်းငယ်များ: Provoke the anger of God

9 အခန်းငယ် · 51 ရှုထောင့်

"Alliance and Society with the Enemies of God" ကို ရှာဖွေရန်

Provoke the anger of God အကြောင်း အခန်းငယ်များ

  1. အကြောင်းမူကား၊ သူတို့သည် သင်၏သားကို ငါ၌ မဆည်းမကပ်စေဘဲ၊ အခြားတပါးသော ဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ခြင်း ဖျက်ဆီးတော်မူ လိမ့်မည်။

  2. တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် ဘိုးဘေးတို့နှင့် အိပ်ပျော်သောအခါ၊ ဤလူမျိုးသည် ထ၍ ယခုသွားသောပြည်၌နေသော တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့နှင့် မှားယွင်း၍ ငါ့ကိုစွန့်လျက်၊ ငါဖွဲ့ထားသော ပဋိညာဉ်တရားကို ဖျက်လိမ့်မည်။

  3. ထိုအခါ ငါသည် အမျက်တော်ထွက်၍ သူတို့ကို စွန့်မည်။ သူတို့မှ ငါ့မျက်နှာကို လွှဲသဖြင့်၊ သူတို့သည် ပျက်စီး၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြ လိမ့်မည်။ ထိုအခါ သူတို့က၊ ငါတို့ဘုရားသခင်သည် ငါတို့ တွင် ရှိတော်မမူသောကြောင့်၊ ဤဘေးဒဏ်တို့သည် ငါတို့ အပေါ်မှာ ရောက်သည်မဟုတ်လောဟု ဆိုကြလိမ့်မည်။

  4. ဟာနန်သားပရောဖက်ယေဟုသည်၊ ယောရှ ဖတ်မင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွား၍၊ မင်းကြီးသည် မတရားသောသူတို့ကို မစသင်သလော။ ထာဝရဘုရားကို မုန်သောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား၏ အချက်တော် သည် မင်းကြီးအပေါ်သို့ သက်ရောက်လေပြီ။

  5. အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား တည်းဟူသော ကိုယ်တော်သည် အကျွန်ုပ်တို့ခံထိုက်သမျှ သော အပြစ်ဒဏ်ကို ပေးတော်မမူသော်လည်း၊ အကျွန်ုပ် တို့သည် ကိုယ်တိုင်ပြုမိသော ဒုစရိုက်အမှု၊ ကြီးစွာသော လွန်ကျူးခြင်းအပြစ်ကြောင့်၊ ဤမျှလောက် ခံရပြီးမှ၎င်း၊ ကိုယ်တော်သည် ဤမျှလောက် ချမ်းသာပေးတော်မူပြီး မှ၎င်း၊

  6. အကျွန်ုပ်တို့သည် ပညတ်တရားတော်တို့ကို တဖန်လွန်ကျူး၍၊ ဤရွံရှာဘွယ်အမှုတို့ကို ပြုတတ်သော လူမျိုးနှင့်ပေါင်းဘော်လျှင် တယောက်မျှမလွတ်၊ မကျန် ကြွင်းစေခြင်းငှါ၊ အမျက်တော်ထွက်၍ အကျွန်ုပ်တို့ကို ဖျက်ဆီးတော်မူမည်မဟုတ်လော။

  7. ထိုသို့မိမိတို့အမှုများအားဖြင့် အမျက်တော်ကို နှိုးဆော်၍၊ ကာလနာသည် သူတို့ကို လုယက်လေ၏။

  8. ထိုကြောင့် ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်၍၊ မိမိအမွေတော်ကို ရွံရှာတော်မူ၏။

  9. အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုး သားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော် မူပြီ။ အကြောင်းမူကား၊ သူတို့သည် အရှေ့ပြည်အတတ် နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာ ဖြစ်ကြ၏။ တပါးအမျိုးသားနှင့် အပေါင်းအဘော် ပြုကြ၏။