circa 1010–970 BC
The Reign of David
David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.
ဤကာလမှ အခန်းငယ်များ
- ရာဇဝင်ချုပ်ပဌမစောင် 11:17ခရစ်တော် မပေါ်မီ 1055 ခန့်
ဒါဝိဒ်ကလည်း တစုံတယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်၍ ငါ့အား ပေးပါစေသောဟု တောင့်တသောစိတ်နှင့် ဆိုသော်၊
- ရာဇဝင်ချုပ်ပဌမစောင် 11:18ခရစ်တော် မပေါ်မီ 1055 ခန့်
ထိုသူသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက်၍၊ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်ယူပြီးလျှင် ဒါဝိဒ် ထံတော်သို့ဆောင်ခဲ့ကြ၏။ သို့သော်လည်း ဒါဝိဒ် သည် မသောက်ဘဲ ထာဝရဘုရား ရှေ့တော်၌ သွန်းလျက်၊
- ရာဇဝင်ချုပ်ပဌမစောင် 11:19ခရစ်တော် မပေါ်မီ 1055 ခန့်
ဤရေကို သောက်သောအမှုသည် ငါနှင့်ဝေးပါ စေသော။ ကိုယ်အသက်ကို မနှမြောဘဲသွားသောသူတို့၏ အသွေးကို ငါသောက်ရမည်လော။ သူတို့သည် ကိုယ် အသက်ကို စွန့်စား၍ ဤရေကိုဆောင်ခဲ့ကြ ပြီဟုဆိုလျက် မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့ သော အမှုတို့ကိုပြုကြ၏။
- ရာဇဝင်ချုပ်ပဌမစောင် 11:20ခရစ်တော် မပေါ်မီ 1055 ခန့်
ယွာဘညီအဘိရှဲသည်လည်း သူရဲသုံးယောက် တွင် အကြီးဖြစ်၏။ သူသည် လှံကိုကိုင်၍ လူသုံးရာ တို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲသုံးယောက် အဝင်နေရာရသတည်း။
- ရာဇဝင်ချုပ်ပဌမစောင် 11:21ခရစ်တော် မပေါ်မီ 1055 ခန့်
သူရဲသုံးယောက်တွင် နှစ်ယောက်ထက်သာ၍ မြတ်သောကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော်လည်း ပဌမသူရဲသုံးယောက်တို့ကို မမှီ။
- ရာဇဝင်ချုပ်ပဌမစောင် 11:22ခရစ်တော် မပေါ်မီ 1055 ခန့်
အထူးသဖြင့် ပြုဘူးသောကပ်ဇေလမြို့သား၊ သူရဲယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့နှင့် တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်း ကာလ၌လည်း၊ အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကိုသတ်၏။
- ရာဇဝင်ချုပ်ပဌမစောင် 11:23ခရစ်တော် မပေါ်မီ 1055 ခန့်
အရပ်ငါးတောင်မြင့်သော အဲဂုတ္တု လူကိုလည်း သတ်၏။ အဲဂုတ္တုလူသည် ရက်ကန်းလက်လိပ်နှင့်အမျှ ကြီးသော လှံကိုကိုင်သော်လည်း၊ ဗေနာယသည် တောင် ဝေးကိုသာ ကိုင်လျက်သွား၍၊ အဲဂုတ္တုလူလက်မှလှံကို လုယူပြီးလျှင် ထိုလှံနှင့်သူ့ကို သတ်၏။
- ရာဇဝင်ချုပ်ပဌမစောင် 11:24ခရစ်တော် မပေါ်မီ 1055 ခန့်
ထိုသို့သော အမှုတို့ကို ယောယဒသား ဗေနာယ သည် ပြု၍ သူရဲသုံးယောက်အဝင်နေရာကိုရ၏။
- ရာဇဝင်ချုပ်ပဌမစောင် 11:25ခရစ်တော် မပေါ်မီ 1055 ခန့်
ဗိုလ်များထက်သာ၍မြတ်သော်လည်း ပဌမ သူရဲသုံးယောက်တို့ကိုမမှီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ် အရာကိုလည်း ပေး၏။
- ရာဇဝင်ချုပ်ပဌမစောင် 11:26ခရစ်တော် မပေါ်မီ 1055 ခန့်
ယွာဘညီ အာသဟေလသည်လည်း ဗိုလ်စု အဝင်ဖြစ်၏။ ထိုအတူ၊ ဗက်လင်မြို့နေ၊ ဒေါဒေါ၏သား ဧလဟာနန်၊
- ရာဇဝင်ချုပ်ပဌမစောင် 11:27ခရစ်တော် မပေါ်မီ 1055 ခန့်
ဟေရောဒိအမျိုး ရှမ္မ၊ ဖာလတိအမျိုး ဟေလက်၊
- ရာဇဝင်ချုပ်ပဌမစောင် 11:28ခရစ်တော် မပေါ်မီ 1055 ခန့်
တေကောအမျိုး ဣကေရှ၏သား ဣရ၊ အနေ သောသိအမျိုး အဗျေဇာ၊
- ရာဇဝင်ချုပ်ပဌမစောင် 11:29ခရစ်တော် မပေါ်မီ 1055 ခန့်
ဟုရှသိအမျိုးသိဗေကဲ၊ အဟောဟိအမျိုး ဣလဲ၊
- ရာဇဝင်ချုပ်ပဌမစောင် 11:30ခရစ်တော် မပေါ်မီ 1055 ခန့်
နေတောဖာသိအမျိုး မဟာရဲ၊ နေတောဖာသိ အမျိုး ဗာန၏သား ဟေလက်၊
- ရာဇဝင်ချုပ်ပဌမစောင် 11:31ခရစ်တော် မပေါ်မီ 1055 ခန့်
ဗင်္ယာမိန်အမျိုး၊ ဂိဗာမြို့နေ၊ ရိဘဲ၏သားဣတ္တဲ၊ ပိရသောနိအမျိုး ဗေနာယ၊
- ရာဇဝင်ချုပ်ပဌမစောင် 11:32ခရစ်တော် မပေါ်မီ 1055 ခန့်
ဂါရှချိုင့်သားဟုရဲ၊ အာဗသိအမျိုးအဗျေလ၊
- ရာဇဝင်ချုပ်ပဌမစောင် 11:33ခရစ်တော် မပေါ်မီ 1055 ခန့်
ဗာဟုမိအမျိုးအာဇမာဝက်၊ ရှာလဗောနိအမျိုး ဧလျာဘ၊
- ရာဇဝင်ချုပ်ပဌမစောင် 11:34ခရစ်တော် မပေါ်မီ 1055 ခန့်
ဂိဇောနိအမျိုးယာရှင်၏သားတို့တွင် ယောန သန်၊ ဟာရရိအမျိုး ရှမ္မ၊
- ရာဇဝင်ချုပ်ပဌမစောင် 11:35ခရစ်တော် မပေါ်မီ 1055 ခန့်
ဟာရရိအမျိုးရှာရ၏ သားအဟိအံ၊ ဥရ၏သား ဧလိဖလ၊
- ရာဇဝင်ချုပ်ပဌမစောင် 11:36ခရစ်တော် မပေါ်မီ 1055 ခန့်
မေခေရသိအမျိုးဟေဖာ၊ ပေလောနိအမျိုး အဟိယ၊
- ရာဇဝင်ချုပ်ပဌမစောင် 11:37ခရစ်တော် မပေါ်မီ 1055 ခန့်
ကရမေလအမျိုးဟေဇရဲ၊ ဧဇဗဲ၏သားနာရဲ၊
- ရာဇဝင်ချုပ်ပဌမစောင် 11:38ခရစ်တော် မပေါ်မီ 1055 ခန့်
နာသန်၏ညီယောလ၊ ဟဂ္ဂေရိ၏သား မိဗဟာ၊
- ရာဇဝင်ချုပ်ပဌမစောင် 11:39ခရစ်တော် မပေါ်မီ 1055 ခန့်
အမ္မုန်အမျိုးဇေလက်၊ ဇေရုံယာသား ယွာဘ၏ လက်နက်ဆောင် လုလင်၊ ဗေရောသိအမျိုး နဟာရဲ၊
- ရာဇဝင်ချုပ်ပဌမစောင် 11:40ခရစ်တော် မပေါ်မီ 1055 ခန့်
ဣသရိအမျိုး ဣရ၊ ဣသရိအမျိုးဂါရက်၊
- ရာဇဝင်ချုပ်ပဌမစောင် 11:41ခရစ်တော် မပေါ်မီ 1055 ခန့်
ဟိတ္တိအမျိုးဥရိယ၊ အာလဲ၏သား ဇာဗဒ်၊