အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်လုကာခရစ်ဝင် 18:7ခရစ်နှစ် 33 ခန့်

    ဘုရားသခင် ရွေးကောက်တော်မူသောသူတို့သည် ညဉ့်နေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။

  2. ရှင်လုကာခရစ်ဝင် 18:8ခရစ်နှစ် 33 ခန့်

    ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။

  3. ရှင်လုကာခရစ်ဝင် 18:9ခရစ်နှစ် 33 ခန့်

    ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတပါးကို မထီမဲ့မြင်ပြုတတ်သောသူအချို့တို့အား မိန့်တော်မူသော ဥပမာကား၊

  4. ရှင်လုကာခရစ်ဝင် 18:10ခရစ်နှစ် 33 ခန့်

    လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တယောက်ကား ဖာရိရှဲဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။

  5. ရှင်လုကာခရစ်ဝင် 18:11ခရစ်နှစ် 33 ခန့်

    ဖာရိရှဲသည် တယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။

  6. ရှင်လုကာခရစ်ဝင် 18:12ခရစ်နှစ် 33 ခန့်

    အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟူ ၍ ဆုတောင်းပဌနာပြု၏။

  7. ရှင်လုကာခရစ်ဝင် 18:13ခရစ်နှစ် 33 ခန့်

    အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခက်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်းလေ၏။

  8. ရှင်လုကာခရစ်ဝင် 18:14ခရစ်နှစ် 33 ခန့်

    ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ရောက်လတံ့ဟု မိန့်တော်မူ၏။

  9. ရှင်လုကာခရစ်ဝင် 18:15ခရစ်နှစ် 33 ခန့်

    ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည်ကို တပည့်တော် တို့သည် မြင်လျှင် အပြစ်တင်ကြ၏။

  10. ရှင်လုကာခရစ်ဝင် 18:16ခရစ်နှစ် 33 ခန့်

    ယေရှုသည် ထိုသူငယ်တို့ကို ခေါ်တော်မူ၍ ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။

  11. ရှင်လုကာခရစ်ဝင် 18:17ခရစ်နှစ် 33 ခန့်

    ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရဟု မိန့်တော်မူ၏။

  12. ရှင်လုကာခရစ်ဝင် 18:18ခရစ်နှစ် 33 ခန့်

    အရာရှိတယောက်က၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ် သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊

  13. ရှင်လုကာခရစ်ဝင် 18:19ခရစ်နှစ် 33 ခန့်

    ယေရှုက၊ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသော ကောင်းမြတ်တော်မူ၏။

  14. ရှင်လုကာခရစ်ဝင် 18:20ခရစ်နှစ် 33 ခန့်

    သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ မမှန်သော သက်သေ ကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊

  15. ရှင်လုကာခရစ်ဝင် 18:21ခရစ်နှစ် 33 ခန့်

    အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို ငယ်သောအရွယ်မှစ၍ အကျွန်ုပ်စောင့်ရှောက်ပါပြီဟု လျှောက် ပြန်သည်ကို ယေရှုသည်ကြားလျှင် သင်သည် တခုလိုသေး၏။

  16. ရှင်လုကာခရစ်ဝင် 18:22ခရစ်နှစ် 33 ခန့်

    ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ လာ၍ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။

  17. ရှင်လုကာခရစ်ဝင် 18:23ခရစ်နှစ် 33 ခန့်

    ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည် နှင့် သွားလေ၏။

  18. ရှင်လုကာခရစ်ဝင် 18:24ခရစ်နှစ် 33 ခန့်

    ထိုသို့ စိတ်မသာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။

  19. ရှင်လုကာခရစ်ဝင် 18:25ခရစ်နှစ် 33 ခန့်

    ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။

  20. ရှင်လုကာခရစ်ဝင် 18:26ခရစ်နှစ် 33 ခန့်

    ကြားသောသူတို့ကလည်း၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်း ဟု ပြောဆိုကြ၏။

  21. ရှင်လုကာခရစ်ဝင် 18:27ခရစ်နှစ် 33 ခန့်

    ကိုယ်တော်ကလည်း၊ လူမတတ်နိုင်သောအမှုကို ဘုရားသခင်တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။

  22. ရှင်လုကာခရစ်ဝင် 18:28ခရစ်နှစ် 33 ခန့်

    ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော်၊

  23. ရှင်လုကာခရစ်ဝင် 18:29ခရစ်နှစ် 33 ခန့်

    ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တပါးပါးကို စွန့်၏။

  24. ရှင်လုကာခရစ်ဝင် 18:30ခရစ်နှစ် 33 ခန့်

    ထိုသူသည် ယခုကာလ၌ အဆများစွာသောအကျိုးကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း ခံရ လတံ့ဟု မိန့်တော်မူ၏။

  25. ရှင်လုကာခရစ်ဝင် 18:31ခရစ်နှစ် 33 ခန့်

    ထိုအခါ ကိုယ်တော်သည် တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို ခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခု သွားကြ၏။ ပရောဖက်များ ရေးမှတ်သမျှသည် လူသား၌ ပြည့်စုံရလိမ့်မည်။