အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်လုကာခရစ်ဝင် 18:32ခရစ်နှစ် 33 ခန့်

    တပါးအမျိုးသားတို့လက်သို့ အပ်နှံခြင်း၊ ပြက်ယယ်ပြုခြင်း၊ ညှဉ်းဆဲခြင်း၊ တံတွေးနှင့် ထွေးခြင်းကို ခံရလိမ့်မည်။

  2. ရှင်လုကာခရစ်ဝင် 18:33ခရစ်နှစ် 33 ခန့်

    သူတို့သည် လူသားကို ရိုက်ပုတ်၍သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။

  3. ရှင်လုကာခရစ်ဝင် 18:34ခရစ်နှစ် 33 ခန့်

    ထိုစကားတော်တခွန်းကိုမျှ တပည့်တော်တို့သည်နားမလည်ကြ။ ထိုအကြောင်းအရာသည် ဝှက်ထား လျက် ရှိသည်ဖြစ်၍ မိန့်တော်မူချက်အနက်ကို မရိပ်မိကြ။

  4. ရှင်လုကာခရစ်ဝင် 18:35ခရစ်နှစ် 33 ခန့်

    ယေရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင်၊ လူကန်းတယောက်သည် လမ်းနားမှာထိုင်၍ တောင်းစား လေ၏။

  5. ရှင်လုကာခရစ်ဝင် 18:36ခရစ်နှစ် 33 ခန့်

    ထိုလူကန်းသည် လမ်း၌ လူများသွားသံကို ကြားလျှင် အဘယ်သို့ ဖြစ်သနည်းဟုမေး၏။

  6. ရှင်လုကာခရစ်ဝင် 18:37ခရစ်နှစ် 33 ခန့်

    နာဇရက်မြို့သား ယေရှုကြွသွားကြောင်းကို သူတပါးပြောလျှင်၊

  7. ရှင်လုကာခရစ်ဝင် 18:38ခရစ်နှစ် 33 ခန့်

    ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။

  8. ရှင်လုကာခရစ်ဝင် 18:39ခရစ်နှစ် 33 ခန့်

    ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ ရှေ့တော်၌ သွားသောသူတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြလေ၏။

  9. ရှင်လုကာခရစ်ဝင် 18:40ခရစ်နှစ် 33 ခန့်

    ယေရှုသည်လည်း ရပ်တော်မူလျက်၊ ထိုသူကို ခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ လူကန်းသည် အထံတော်သို့ ချဉ်းကပ်ပြီးမှ၊ သင်၌အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊

  10. ရှင်လုကာခရစ်ဝင် 18:41ခရစ်နှစ် 33 ခန့်

    သခင်၊ အကျွန်ုပ်မျက်စိမြင်စေခြင်းငှါ ပြုတော်မူပါဟု လျှောက်လေသော်၊

  11. ရှင်လုကာခရစ်ဝင် 18:42ခရစ်နှစ် 33 ခန့်

    ယေရှုက၊ မျက်စိမြင်စေ။ သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ၏။

  12. ရှင်လုကာခရစ်ဝင် 18:43ခရစ်နှစ် 33 ခန့်

    ထိုခဏခြင်းတွင် ထိုသူသည် မျက်စိမြင်၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် နောက်တော်သို့ လိုက်လေ၏။ လူအပေါင်းတို့သည် မြင်လျှင် ဘုရားသခင်ကို အံ့ဩချီးမွမ်းကြ၏။

  13. ရှင်လုကာခရစ်ဝင် 19:1ခရစ်နှစ် 33 ခန့်

    ယေရှုသည် ယေရိခေါမြို့သို့ ဝင်၍ ရှောက်သွားတော်မူ၏။

  14. ရှင်လုကာခရစ်ဝင် 19:2ခရစ်နှစ် 33 ခန့်

    ထိုအခါ ဇက္ခဲအမည်ရှိသော အခွန်ခေါင်းတယောက်ရှိ၏။ ထိုသူသည် ငွေရတတ်သောသူဖြစ်၏။

  15. ရှင်လုကာခရစ်ဝင် 19:3ခရစ်နှစ် 33 ခန့်

    ယေရှုသည် အဘယ်သို့သောသူဖြစ်သည်ကို ထိုသူသည် ကြည့်လို၍၊ လူအစုအဝေးများသောကြောင့်၊ မိမိရပ်လည်း နိမ့်သည်ဖြစ်၍ မမြင်နိုင်။

  16. ရှင်လုကာခရစ်ဝင် 19:4ခရစ်နှစ် 33 ခန့်

    ထို့ကြောင့် ကြွတော်မူမည့်လမ်းတွင် ရှေ့သို့ပြေး၍ ကိုယ်တော်ကို မြင်အံ့သောငှါ သဖန်းပင်တပင်ကို တက်လေ၏။

  17. ရှင်လုကာခရစ်ဝင် 19:5ခရစ်နှစ် 33 ခန့်

    ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့်၍ ထိုသူကို မြင်တော်မူလျှင်၊

  18. ရှင်လုကာခရစ်ဝင် 19:6ခရစ်နှစ် 33 ခန့်

    ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ ယနေ့ငါတည်းနေမည်ဟု မိန့်တော်မူ၏။ ဇက္ခဲသည် အလျင် အမြန်ဆင်း၍ ဝမ်းမြောက်သောစိတ်နှင့် ကိုယ်တော်ကို မိမိအိမ်၌ ဧည့်ခံလေ၏။

  19. ရှင်လုကာခရစ်ဝင် 19:7ခရစ်နှစ် 33 ခန့်

    ထိုအကြောင်း။ကို လူအပေါင်းတို့သည်မြင်လျှင်၊ ဆိုးသောလူ၏ အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။

  20. ရှင်လုကာခရစ်ဝင် 19:8ခရစ်နှစ် 33 ခန့်

    ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစုံ တယောက်သောသူ၏ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။

  21. ရှင်လုကာခရစ်ဝင် 19:9ခရစ်နှစ် 33 ခန့်

    ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သားဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။

  22. ရှင်လုကာခရစ်ဝင် 19:10ခရစ်နှစ် 33 ခန့်

    လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော် မူ၏။

  23. ရှင်လုကာခရစ်ဝင် 19:11ခရစ်နှစ် 33 ခန့်

    ထိုအခါ ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ခြင်း ပေါ်ထွန်းမည်ဟု လူများထင်မှတ်သောကြောင့်၊ ပရိတ်သတ်အလယ်၌ မိန့်တော်မူသော ဥပမာကား၊

  24. ရှင်လုကာခရစ်ဝင် 19:12ခရစ်နှစ် 33 ခန့်

    အမတ်တယောက်သည် မင်းကြီးအရာကို ခံလို၍ မိမိပြည်သို့ ပြန်လာမည်ဟု အကြံရှိလျက် ဝေးသော ပြည်သို့သွား၏။

  25. ရှင်လုကာခရစ်ဝင် 19:13ခရစ်နှစ် 33 ခန့်

    မသွားမှီ မိမိငယ်သားတကျိပ်ကိုခေါ်၍၊ ငွေတပိဿာစီအပ်ပေးလျက် ငါပြန်၍ မလာမှီတိုင်အောင် ကုန်သွယ်ခြင်းအမှုကို ပြုကြလော့ဟု မှာထားလေ၏။