အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်လုကာခရစ်ဝင် 17:19ခရစ်နှစ် 33 ခန့်

    သင်ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကိုငြိမ်းစေပြီဟု ထိုသူအား မိန့်တော် မူ၏။

  2. ရှင်လုကာခရစ်ဝင် 17:20ခရစ်နှစ် 33 ခန့်

    ဖာရိရှဲတို့သည် လာ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေး လျှောက်ကြလျှင်၊ ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌ မတည်။

  3. ရှင်လုကာခရစ်ဝင် 17:21ခရစ်နှစ် 33 ခန့်

    ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏။

  4. ရှင်လုကာခရစ်ဝင် 17:22ခရစ်နှစ် 33 ခန့်

    တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏နေ့ရက်တရက်ကိုမျှ တွေ့ မြင်လို၍၊ မတွေ့မမြင်ရသောအချိန်ကာလ ရောက်လိမ့်မည်။

  5. ရှင်လုကာခရစ်ဝင် 17:23ခရစ်နှစ် 33 ခန့်

    ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါဟု သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့်။

  6. ရှင်လုကာခရစ်ဝင် 17:24ခရစ်နှစ် 33 ခန့်

    ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။

  7. ရှင်လုကာခရစ်ဝင် 17:25ခရစ်နှစ် 33 ခန့်

    ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။

  8. ရှင်လုကာခရစ်ဝင် 17:26ခရစ်နှစ် 33 ခန့်

    နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။

  9. ရှင်လုကာခရစ်ဝင် 17:27ခရစ်နှစ် 33 ခန့်

    နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။

  10. ရှင်လုကာခရစ်ဝင် 17:28ခရစ်နှစ် 33 ခန့်

    ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ် ဆောက်လျက်နေသကဲ့သို့၎င်း၊

  11. ရှင်လုကာခရစ်ဝင် 17:29ခရစ်နှစ် 33 ခန့်

    လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့၎င်း၊

  12. ရှင်လုကာခရစ်ဝင် 17:30ခရစ်နှစ် 33 ခန့်

    လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။

  13. ရှင်လုကာခရစ်ဝင် 17:31ခရစ်နှစ် 33 ခန့်

    ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိ အိမ်ထဲမှာရှိသောဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။

  14. ရှင်လုကာခရစ်ဝင် 17:32ခရစ်နှစ် 33 ခန့်

    လောတ၏မယားကို အောက်မေ့ကြလော့။

  15. ရှင်လုကာခရစ်ဝင် 17:33ခရစ်နှစ် 33 ခန့်

    အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါရှာကြံ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။

  16. ရှင်လုကာခရစ်ဝင် 17:34ခရစ်နှစ် 33 ခန့်

    ငါဆိုသည်ကား၊ ထိုနေ့ညဉ့်တွင် အိပ်ရာတခု၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။

  17. ရှင်လုကာခရစ်ဝင် 17:35ခရစ်နှစ် 33 ခန့်

    ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။

  18. ရှင်လုကာခရစ်ဝင် 17:36ခရစ်နှစ် 33 ခန့်

    လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့ဟု မိန့်တော်မူလျှင်၊

  19. ရှင်လုကာခရစ်ဝင် 17:37ခရစ်နှစ် 33 ခန့်

    သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပမည်နည်းဟု မေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ ရွှေ လင်းတတို့သည် စုဝေးကြလတံ့ဟု မိန့်တော်မူ၏။

  20. ရှင်လုကာခရစ်ဝင် 18:1ခရစ်နှစ် 33 ခန့်

    လူတို့သည် အားမလျော့ဘဲကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူ သည်ကား၊

  21. ရှင်လုကာခရစ်ဝင် 18:2ခရစ်နှစ် 33 ခန့်

    မြို့တမြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော တရားသူကြီးတယောက်ရှိ၏။

  22. ရှင်လုကာခရစ်ဝင် 18:3ခရစ်နှစ် 33 ခန့်

    ထိုမြို့၌နေသော မုတ်ဆိုးမတယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စား ချေလောက်အောင် အပြစ်အလျောက်ဒဏ် စီရင်ပါဟု တောင်းပန်သော်လည်း၊

  23. ရှင်လုကာခရစ်ဝင် 18:4ခရစ်နှစ် 33 ခန့်

    တရားမစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သောသူ ဖြစ်သော်လည်း၊

  24. ရှင်လုကာခရစ်ဝင် 18:5ခရစ်နှစ် 33 ခန့်

    ဤမုတ်ဆိုးမသည် ငါ့ကိုနှောင့်ရှက်သောကြောင့် သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကို ပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။

  25. ရှင်လုကာခရစ်ဝင် 18:6ခရစ်နှစ် 33 ခန့်

    မတရားသော ထိုတရားသူကြီး၏ အကြံကိုမှတ်ကြလော့။