အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်လုကာခရစ်ဝင် 19:39ခရစ်နှစ် 33 ခန့်

    လူအစုအဝေး၌ပါသော ဖာရိရှဲအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏တပည့်တို့ကို ဆုံးမပါဟု လျှောက်ကြသော်၊

  2. ရှင်လုကာခရစ်ဝင် 19:40ခရစ်နှစ် 33 ခန့်

    ယေရှုကလည်း၊ ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ခြင်း ကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ၏။

  3. ရှင်လုကာခရစ်ဝင် 19:41ခရစ်နှစ် 33 ခန့်

    ယေရုရှလင်မြို့အနီးသို့ ရောက်၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ၍၊

  4. ရှင်လုကာခရစ်ဝင် 19:42ခရစ်နှစ် 33 ခန့်

    အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည် သိရလျှင်မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှါ ဝှက်ထား လျက် ရှိ၏။

  5. ရှင်လုကာခရစ်ဝင် 19:43ခရစ်နှစ် 33 ခန့်

    အကြောင်းမူကား၊ သင့်ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင်၏ ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊

  6. ရှင်လုကာခရစ်ဝင် 19:44ခရစ်နှစ် 33 ခန့်

    သင်၏ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့်တညီတည်း ညှိသဖြင့်၊ သင်၏ကျောက်တခုပေါ်မှာ တခုမျှ ထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှါ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။

  7. ရှင်လုကာခရစ်ဝင် 19:45ခရစ်နှစ် 33 ခန့်

    ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်လျက်၊

  8. ရှင်လုကာခရစ်ဝင် 19:46ခရစ်နှစ် 33 ခန့်

    ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ်၏ဟု ကျမ်းစာ၌ လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ထားပြ တွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။

  9. ရှင်လုကာခရစ်ဝင် 19:47ခရစ်နှစ် 33 ခန့်

    ကိုယ်တော်သည် နေ့တိုင်းဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူ၏။ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြု ဆရာ၊ လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ ရှာကြသော်လည်း၊

  10. ရှင်လုကာခရစ်ဝင် 19:48ခရစ်နှစ် 33 ခန့်

    လူအပေါင်းတို့သည် ဒေသနာတော်ကို စေ့စေ့နားထောင်သောကြောင့် သတ်နိုင်သောအခွင့်ကို မတွေ့ မရကြ။

  11. ရှင်လုကာခရစ်ဝင် 20:1ခရစ်နှစ် 33 ခန့်

    တနေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူများကို ဆုံးမဩဝါဒပေး၍ ဧဝံဂေလိတရားကို ဟော တော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် လာ၍၊

  12. ရှင်လုကာခရစ်ဝင် 20:2ခရစ်နှစ် 33 ခန့်

    ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသည်ကို၎င်း၊ ထိုအခွင့်ကို အဘယ်သူပေးသည်ကို ၎င်း၊ အကျွန်ုပ်တို့အား ပြောပါဟု ဆိုကြသော်၊

  13. ရှင်လုကာခရစ်ဝင် 20:3ခရစ်နှစ် 33 ခန့်

    ကိုယ်တော်က၊ ငါသည် တစုံတခုကို မေးဦးမည်။ သင်တို့ ဖြေကြလော့။

  14. ရှင်လုကာခရစ်ဝင် 20:4ခရစ်နှစ် 33 ခန့်

    ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။

  15. ရှင်လုကာခရစ်ဝင် 20:5ခရစ်နှစ် 33 ခန့်

    ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍၊ ဘုရားက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။ လူက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊

  16. ရှင်လုကာခရစ်ဝင် 20:6ခရစ်နှစ် 33 ခန့်

    ယောဟန်သည် ပရောဖက်ဖြစ်သည်ကို လူအပေါင်းတို့သည် ယုံသဖြင့် ငါတို့ကို ကျောက်ခဲနှင့် ပစ် ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊

  17. ရှင်လုကာခရစ်ဝင် 20:7ခရစ်နှစ် 33 ခန့်

    အဘယ်ကဖြစ်သည်ကို အကျွန်ုပ်တို့ မသိပါဟု ပြန်ပြောကြ၏။

  18. ရှင်လုကာခရစ်ဝင် 20:8ခရစ်နှစ် 33 ခန့်

    ယေရှုကလည်း၊ထိုအတူ ဤအမှုများကိုအဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။

  19. ရှင်လုကာခရစ်ဝင် 20:9ခရစ်နှစ် 33 ခန့်

    ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား၊ လူတဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ၏။

  20. ရှင်လုကာခရစ်ဝင် 20:10ခရစ်နှစ် 33 ခန့်

    ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့သည် စပျစ်သီးအချို့ကို ပေးစေခြင်းငှါ ဥယျာဉ်ရှင်သည် သားငယ်ကို စေလွှတ်လေ၏။ ဥယျာဉ်စောင့်တို့သည် ငယ်သားကိုရိုက်၍ လက်ချည်းလွှတ်လိုက်ကြ၏။

  21. ရှင်လုကာခရစ်ဝင် 20:11ခရစ်နှစ် 33 ခန့်

    နောက်တဖန် အခြားသော ငယ်သားကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် သူ့ကိုရိုက်၍ အရှက်ခွဲပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။

  22. ရှင်လုကာခရစ်ဝင် 20:12ခရစ်နှစ် 33 ခန့်

    နောက်တဖန် အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုဒဏ်ရာပေါ်အောင် နာကျင်စွာ ရိုက် ၍ နှင်ထုတ်ကြ၏။

  23. ရှင်လုကာခရစ်ဝင် 20:13ခရစ်နှစ် 33 ခန့်

    ထိုအခါ ဥယျာဉ်ရှင်က၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏ချစ်သားကို ငါစေလွှတ်မည်။ ထိုသူတို့ သည် ငါ့သားကိုမြင်လျှင် အားနာကောင်းအားနာကြလိမ့်မည်ဟု ဆို၏။

  24. ရှင်လုကာခရစ်ဝင် 20:14ခရစ်နှစ် 33 ခန့်

    ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင်၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ။ သူ့ကို သတ်ကြကုန်အံ့။ ထိုသို့သူ၏ အမွေဥစ္စာကို ငါတို့ ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊

  25. ရှင်လုကာခရစ်ဝင် 20:15ခရစ်နှစ် 33 ခန့်

    ဥယျာဉ်ရှင်၏သားကို ဥယျာဉ်ပြင်သို့ ထုတ်၍ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည် ဥယျာဉ် စောင့်တို့ကို အဘယ်သို့ ပြုမည်နည်း။