circa 6 BC – AD 30
The Life of Jesus
The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.
ဤကာလမှ အခန်းငယ်များ
- ရှင်လုကာခရစ်ဝင် 20:41ခရစ်နှစ် 33 ခန့်
ယေရှုကလည်း၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု အဘယ်ကြောင့်ဆိုကြသနည်း။
- ရှင်လုကာခရစ်ဝင် 20:42ခရစ်နှစ် 33 ခန့်
ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု၊
- ရှင်လုကာခရစ်ဝင် 20:43ခရစ်နှစ် 33 ခန့်
ငါ့သခင်အား မိန့်တော်မူသည်ဟု ဆာလံကျမ်းစာ၌ ဒါဝိဒ်ဆိုသတည်း။
- ရှင်လုကာခရစ်ဝင် 20:44ခရစ်နှစ် 33 ခန့်
ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင် အဘယ်သို့သူ၏သားဖြစ်သနည်းဟု မေးတော် မူ၏။
- ရှင်လုကာခရစ်ဝင် 20:45ခရစ်နှစ် 33 ခန့်
ပရိသတ်များ နားထောင်စဉ်တွင် တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား၊
- ရှင်လုကာခရစ်ဝင် 20:46ခရစ်နှစ် 33 ခန့်
ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကို ဝတ်လျက်လည်ခြင်းငှါ အလိုရှိ ကြ၏။ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကို၎င်း၊ ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သောနေရာထိုင်ရာကို၎င်း နှစ်သက်ကြ၏။
- ရှင်လုကာခရစ်ဝင် 20:47ခရစ်နှစ် 33 ခန့်
သူတို့သည် မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထိုသူတို့သည် သာ၍ကြီးစွာသောဒဏ်ကိုခံရကြလတံ့ဟု မိန့်တော်မူ၏။
- ရှင်လုကာခရစ်ဝင် 21:1ခရစ်နှစ် 33 ခန့်
ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍၊ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက် ထဲသို့ သွင်းချသည်ကို မြင်တော်မူ၏။
- ရှင်လုကာခရစ်ဝင် 21:2ခရစ်နှစ် 33 ခန့်
ဆင်းရဲသော မုတ်ဆိုးမတယောက်သည်လည်း ကြေးနီဒင်္ဂါးနှစ်ပြား သွင်းချသည်ကို မြင်တော်မူလျှင်၊
- ရှင်လုကာခရစ်ဝင် 21:3ခရစ်နှစ် 33 ခန့်
ငါအမှန်ဆိုသည်ကား၊ ထိုဆင်းရဲသော မုတ်ဆိုးမသည် အခြားသောသူအပေါင်းတို့ထက် သာ၍ သွင်း ချပြီ။
- ရှင်လုကာခရစ်ဝင် 21:4ခရစ်နှစ် 33 ခန့်
အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍ ဘုရားသခင်၏ အလှူတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။
- ရှင်လုကာခရစ်ဝင် 21:5ခရစ်နှစ် 33 ခန့်
လူအချို့တို့သည် လာ၍ ဗိမာန်တော်သည် တင့်တယ်သောကျောက်ပြားနှင့်၎င်း၊ ပူဇော်သက္ကာများ နှင့်၎င်း ဆင်ပြင်လျက် ရှိပါ၏ဟုလျှောက်ကြလျှင်၊
- ရှင်လုကာခရစ်ဝင် 21:6ခရစ်နှစ် 33 ခန့်
ကိုယ်တော်က၊ ဤအရာများကို သင်တို့သည် ယခုမြင်ရကြ၏။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှ မတည်မနေရသော အချိန်ကာလရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
- ရှင်လုကာခရစ်ဝင် 21:7ခရစ်နှစ် 33 ခန့်
သူတို့ကလည်း၊ အရှင်ဘုရား၊ ထိုအမူအရာတို့သည် အဘယ်ကာလမှဖြစ်ပါမည်နည်း။ ထိုအမှုအရာ တို့သည် ဖြစ်ချိန်နီးသောအခါ အဘယ်ပုပ္ပနိမိတ်ပေါ်ထွန်းပါမည်နည်းဟု မေးလျှောက်ကြလျှင်၊
- ရှင်လုကာခရစ်ဝင် 21:8ခရစ်နှစ် 33 ခန့်
ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အများ သောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏။ အချိန်ကာလလည်း ရောက်လာပြီဟုဆိုလျက် ငါ၏အယောင် ကို ဆောင်၍ ပေါ်လာကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
- ရှင်လုကာခရစ်ဝင် 21:9ခရစ်နှစ် 33 ခန့်
သင်တို့သည် စစ်တိုက်ခြင်းအကြောင်း၊ ပုန်ကန်ခြင်းအကြောင်းကို သိတင်းကြားရသောအခါ စိုးရိမ်တုန် လှုပ်ခြင်း မရှိကြနှင့်။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် အလျင်အမြန်မဖြစ် သေး။
- ရှင်လုကာခရစ်ဝင် 21:10ခရစ်နှစ် 33 ခန့်
ထိုမှတပါး၊ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။
- ရှင်လုကာခရစ်ဝင် 21:11ခရစ်နှစ် 33 ခန့်
အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြ လိမ့်မည်။ မိုဃ်းကောင်းကင်၌လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။
- ရှင်လုကာခရစ်ဝင် 21:12ခရစ်နှစ် 33 ခန့်
ထိုအမှုအရာများမဖြစ်မှီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဘမ်းဆီးညှဉ်းဆဲ၍ တရားစရပ်၌ ၎င်း၊ ထောင်ထဲ၌၎င်း အပ်နှံကြလိမ့်မည်။
- ရှင်လုကာခရစ်ဝင် 21:13ခရစ်နှစ် 33 ခန့်
ထိုသို့သောအားဖြင့် သင်တို့သည် သက်သေခံရသောအခွင့်ရှိကြလိမ့်မည်။
- ရှင်လုကာခရစ်ဝင် 21:14ခရစ်နှစ် 33 ခန့်
ထိုကြောင့် သင်တို့သည် အဘယ်သို့ပြန်ပြောရမည်ကို ရှေ့မဆွက မဆင်ခြင်ခြင်းငှါ သတိထား ကြလော့။
- ရှင်လုကာခရစ်ဝင် 21:15ခရစ်နှစ် 33 ခန့်
အကြောင်းမူကား၊ ရန်သူအပေါင်းတို့သည် မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို ငါပေးမည်။
- ရှင်လုကာခရစ်ဝင် 21:16ခရစ်နှစ် 33 ခန့်
သင်တို့မိဘ၊ ညီအစ်ကို၊ ပေါက်ဘော်၊ အဆွေခင်ပွန်းတို့သည် သင်တို့ကို အပ်နှံကြလိမ့်မည်။ အချို့တို့ ကိုလည်း သတ်ကြလိမ့်မည်။
- ရှင်လုကာခရစ်ဝင် 21:17ခရစ်နှစ် 33 ခန့်
လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။
- ရှင်လုကာခရစ်ဝင် 21:18ခရစ်နှစ် 33 ခန့်
သို့သော်လည်း သင်တို့ ဆံခြည်တပင်မျှ မပျက်စီးရ။