အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်လုကာခရစ်ဝင် 22:6ခရစ်နှစ် 33 ခန့်

    ယုဒရှကာရုတ်သည်လည်း ဝန်ခံပြီးမှ လူများမရှိစဉ်တွင် ကိုယ်တော်ကို အပ်ခြင်းငှါ အဆင်သင့်သော အချိန်ကာလကို ကြံလျက်နေ၏။

  2. ရှင်လုကာခရစ်ဝင် 22:7ခရစ်နှစ် 33 ခန့်

    ပသခါသိုးသငယ်ကို သတ်ရသောနေ့တည်းဟူသော အဇုမပွဲနေ့ရောက်သောအခါ၊

  3. ရှင်လုကာခရစ်ဝင် 22:8ခရစ်နှစ် 33 ခန့်

    ကိုယ်တော်က၊ ငါတို့ စားဘို့ရာ သင်တို့သည်သွား၍ ပသခါပွဲကို ပြင်ဆင်ကြလော့ဟု ပေတရုနှင့် ယောဟန်ကို စေလွှတ်တော်မူ၏။

  4. ရှင်လုကာခရစ်ဝင် 22:9ခရစ်နှစ် 33 ခန့်

    သူတို့ကလည်း၊ အဘယ်အရပ်၌ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊

  5. ရှင်လုကာခရစ်ဝင် 22:10ခရစ်နှစ် 33 ခန့်

    ကိုယ်တော်က၊ သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးဆောင်သောသူကိုတွေ့လိမ့်မည်။ ထိုသူ နောက်သို့ လိုက်၍ သူဝင်သောအိမ်သို့ ဝင်ပြီးမှ၊

  6. ရှင်လုကာခရစ်ဝင် 22:11ခရစ်နှစ် 33 ခန့်

    ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။

  7. ရှင်လုကာခရစ်ဝင် 22:12ခရစ်နှစ် 33 ခန့်

    ထိုသူသည် ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။

  8. ရှင်လုကာခရစ်ဝင် 22:13ခရစ်နှစ် 33 ခန့်

    တပည့်တောတို့သည် သွား၍ စကားတော်အတိုင်းတွေ့လျှင်၊ ပသခါပွဲကို ပြင်ဆင်ကြ၏။

  9. ရှင်လုကာခရစ်ဝင် 22:14ခရစ်နှစ် 33 ခန့်

    အချိန်ရောက်မှ တမန်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၍၊

  10. ရှင်လုကာခရစ်ဝင် 22:15ခရစ်နှစ် 33 ခန့်

    ငါသည် အသေမခံမှီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှါ အလွန်အလိုရှိလေပြီ။

  11. ရှင်လုကာခရစ်ဝင် 22:16ခရစ်နှစ် 33 ခန့်

    ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်၌ ပသခါပွဲမပြည့်စုံမှီတိုင်အောင် ယခုမှစ၍ ဤပွဲကို တဖန် ငါမစားရဟု မိန့်တော်မူလျက်၊

  12. ရှင်လုကာခရစ်ဝင် 22:17ခရစ်နှစ် 33 ခန့်

    ခွက်ဖလားကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ ဤခွက်ကို ယူ၍ အချင်းချင်းဝေကြလော့။

  13. ရှင်လုကာခရစ်ဝင် 22:18ခရစ်နှစ် 33 ခန့်

    ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မှီတိုင်အောင် ယခုမှစ၍ စပျစ်ရည်ကိုတဖန် ငါ မသောက်ရဟု မိန့်တော်မူ၏။

  14. ရှင်လုကာခရစ်ဝင် 22:19ခရစ်နှစ် 33 ခန့်

    ထိုအခါ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဘို့ အလိုငှါ စွန့်သော ငါ၏ကိုယ် ဖြစ်၏။ ငါ့ကို အောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။

  15. ရှင်လုကာခရစ်ဝင် 22:20ခရစ်နှစ် 33 ခန့်

    ထိုနည်းတူညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဘို့အလိုငှါ သွန်းသော ငါ၏ အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။

  16. ရှင်လုကာခရစ်ဝင် 22:21ခရစ်နှစ် 33 ခန့်

    သို့သော်လည်း ငါ့ကို အပ်နှံသောသူ၏လက်သည် ဤစားပွဲပေါ်မှာ ငါ့လက်နှင့်အတူရှိ၏။

  17. ရှင်လုကာခရစ်ဝင် 22:22ခရစ်နှစ် 33 ခန့်

    ခွဲခန့်မှတ်သားတော်မူသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသော သူသည် အမင်္ဂလာရှိ၏ဟု မိန့်တော်မူ၏။

  18. ရှင်လုကာခရစ်ဝင် 22:23ခရစ်နှစ် 33 ခန့်

    တပည့်တော်တို့သည်လည်း ထိုအမှုကို အဘယ်သူပြုအံ့နည်းဟု အချင်းချင်း မေးမြန်းကြ၏။

  19. ရှင်လုကာခရစ်ဝင် 22:24ခရစ်နှစ် 33 ခန့်

    ထိုမှတပါး တပည့်တော်တို့သည် မိမိတို့တွင် အဘယ်သူသည် သာ၍ ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံခြင်းရှိသည်ဖြစ်၍၊

  20. ရှင်လုကာခရစ်ဝင် 22:25ခရစ်နှစ် 33 ခန့်

    ကိုယ်တော်က၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထားသောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။

  21. ရှင်လုကာခရစ်ဝင် 22:26ခရစ်နှစ် 33 ခန့်

    သင်တို့မူကား ထိုသို့မပြုကြနှင့်၊ သင်တို့တွင် အကဲအမှူးပြုသောသူကို ငယ်သားကဲ့သို့ဖြစ်စေ။ အုပ်စိုး သောသူကိုလည်း အစေခံကဲ့သို့ဖြစ်စေ။

  22. ရှင်လုကာခရစ်ဝင် 22:27ခရစ်နှစ် 33 ခန့်

    အဘယ်သူသည် သာ၍ ကြီးမြတ်သနည်း။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ် ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည်ကြီးမြတ်သည်မဟုတ်လော။ သို့သော် လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။

  23. ရှင်လုကာခရစ်ဝင် 22:28ခရစ်နှစ် 33 ခန့်

    ငါသည် စုံစမ်းနှောင့်ရှက်ခြင်းကို ခံစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူဖြစ်ရာ၏။

  24. ရှင်လုကာခရစ်ဝင် 22:29ခရစ်နှစ် 33 ခန့်

    ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ၊

  25. ရှင်လုကာခရစ်ဝင် 22:30ခရစ်နှစ် 33 ခန့်

    သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သောအခွင့်ကို၎င်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတဆယ်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကို၎င်း၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ၏။