အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်လုကာခရစ်ဝင် 21:19ခရစ်နှစ် 33 ခန့်

    သင်တို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလော့။

  2. ရှင်လုကာခရစ်ဝင် 21:20ခရစ်နှစ် 33 ခန့်

    ယေရုရှလင်မြို့ကို ဗိုလ်ခြေများ ဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်စီးခြင်း သို့ ရောက်လုသည်ကို သိမှတ်ကြလော့။

  3. ရှင်လုကာခရစ်ဝင် 21:21ခရစ်နှစ် 33 ခန့်

    ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ ထွက်ကြစေ။ တောရွာမှာ ရှိသောသူတို့သည် မြို့ထဲသို့ မဝင်ကြစေနှင့်။

  4. ရှင်လုကာခရစ်ဝင် 21:22ခရစ်နှစ် 33 ခန့်

    အကြောင်းမူကား၊ ထိုနေ့ရက်ကာလသည် ကျမ်းစာချက်များ ပြည့်စုံရသော ဒဏ်စီရင်ခြင်းနေ့ရက် ကာလဖြစ်သတည်း။

  5. ရှင်လုကာခရစ်ဝင် 21:23ခရစ်နှစ် 33 ခန့်

    ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ အကြောင်းမူကား၊ ယုဒပြည်၌ ကြီးစွာသော ဆင်းရဲဒုက္ခဖြစ်၍ ယုဒအမျိုးအပေါ်၌ အမျက်ဒေါသသင့်ရောက် လိမ့်မည်။

  6. ရှင်လုကာခရစ်ဝင် 21:24ခရစ်နှစ် 33 ခန့်

    သူတို့သည် ထားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ်ရပ်သို့ ဘမ်း သွားကြလိမ့်မည်။ တပါးအမျိုးသားတို့သည် မိမိတို့ အချိန်ကာလမပြည့်စုံမှီတိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့် နင်းကြလိမ့်မည်။

  7. ရှင်လုကာခရစ်ဝင် 21:25ခရစ်နှစ် 33 ခန့်

    ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက်စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊

  8. ရှင်လုကာခရစ်ဝင် 21:26ခရစ်နှစ် 33 ခန့်

    မြေကြီးပေါ်မှာ ဖြစ်လတံ့သော ဘေးများကိုမြော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏ အသက်ဆုံး ခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။

  9. ရှင်လုကာခရစ်ဝင် 21:27ခရစ်နှစ် 33 ခန့်

    ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကို စီးလျက် ကြွ လာသည်ကို မြင်ရကြလိမ့်မည်။

  10. ရှင်လုကာခရစ်ဝင် 21:28ခရစ်နှစ် 33 ခန့်

    ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။

  11. ရှင်လုကာခရစ်ဝင် 21:29ခရစ်နှစ် 33 ခန့်

    တဖန် ထပ်၍ မိန့်တော်မူသော ဥပမာကား၊ သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များကို မှတ်ကြလော့။

  12. ရှင်လုကာခရစ်ဝင် 21:30ခရစ်နှစ် 33 ခန့်

    အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုအလျောက်သိမြင်ကြ၏။

  13. ရှင်လုကာခရစ်ဝင် 21:31ခရစ်နှစ် 33 ခန့်

    ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ ဘုရားသခင်၏နိုင်ငံတော် တည်လုနီးသည် ကို သိမှတ်ကြလော့။

  14. ရှင်လုကာခရစ်ဝင် 21:32ခရစ်နှစ် 33 ခန့်

    ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့် မည်။

  15. ရှင်လုကာခရစ်ဝင် 21:33ခရစ်နှစ် 33 ခန့်

    ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။

  16. ရှင်လုကာခရစ်ဝင် 21:34ခရစ်နှစ် 33 ခန့်

    သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်၊ ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့် တွေ့ကြုံလိမ့်မည်။

  17. ရှင်လုကာခရစ်ဝင် 21:35ခရစ်နှစ် 33 ခန့်

    ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို မြေတပြင်လုံး၌နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။

  18. ရှင်လုကာခရစ်ဝင် 21:36ခရစ်နှစ် 33 ခန့်

    ထို့ကြောင့် သင်တို့သည် ဖြစ်လတံ့သော အမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော် မူ၏။

  19. ရှင်လုကာခရစ်ဝင် 21:37ခရစ်နှစ် 33 ခန့်

    ထိုသို့ ကိုယ်တော်သည် နေ့ရက်အစဉ်အတိုင်းဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူ၏။ ညအချိန် ရောက်လျှင် သံလွင်အမည်ရှိသော တောင်သို့ သွား၍ ညဉ့်ကို လွန်စေတော်မူ၏။

  20. ရှင်လုကာခရစ်ဝင် 21:38ခရစ်နှစ် 33 ခန့်

    နံနက်စောစော လူများအပေါင်းတို့သည် ဗိမာန်တော်သို့သွား၍ အထံတော်၌ ဒေသနာတော်ကို နား ထောင်ကြ၏။

  21. ရှင်လုကာခရစ်ဝင် 22:1ခရစ်နှစ် 33 ခန့်

    ပသခါအမည်ရှိသော အဇုမပွဲခံခါနီးတွင်၊

  22. ရှင်လုကာခရစ်ဝင် 22:2ခရစ်နှစ် 33 ခန့်

    ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့သတ်ရအံ့နည်းဟု ရှာကြံရကြသနည်းဟူမူကား၊ လူများတို့ကို ကြောက်ကြ၏။

  23. ရှင်လုကာခရစ်ဝင် 22:3ခရစ်နှစ် 33 ခန့်

    ထိုအခါ စာတန်သည် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်အထဲသို့ဝင်သည် ဖြစ်၍၊

  24. ရှင်လုကာခရစ်ဝင် 22:4ခရစ်နှစ် 33 ခန့်

    ထိုသူသည် ယဇ်ပုရောဟိတ်အကြီးများ၊ ဗိမာန်တော်မှူးများတို့ထံသို့ သွားပြီးလျှင်၊ ယေရှုကို အဘယ် သို့ အပ်ရမည်နည်းဟူ၍ တိုင်ပင်လေ၏။

  25. ရှင်လုကာခရစ်ဝင် 22:5ခရစ်နှစ် 33 ခန့်

    ထိုသူတို့သည် ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။