အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်လုကာခရစ်ဝင် 20:16ခရစ်နှစ် 33 ခန့်

    ဥယျာဉ်ရှင်သည် လာ၍ ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေး လိမ့်မည်ဟု မိန့်တော်မူ၏။ ပရိသတ်တို့သည် ကြားလျှင် ထိုသို့မဖြစ်ပါစေနှင့်ဟု လျှောက်ကြသော်၊

  2. ရှင်လုကာခရစ်ဝင် 20:17ခရစ်နှစ် 33 ခန့်

    ကိုယ်တော်သည် ထိုသူတို့ကို ကြည့်ရှု၍၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏ဟူသော ကျမ်းစာချက်သည် အဘယ်သို့ ဆိုလိုသနည်း။

  3. ရှင်လုကာခရစ်ဝင် 20:18ခရစ်နှစ် 33 ခန့်

    အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏။ ထိုသူသည် ကျိုးလတံ့။ အကြင်သူ၏အပေါ်သို့ ထို ကျောက်သည် ကျ၏။ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ၏။

  4. ရှင်လုကာခရစ်ဝင် 20:19ခရစ်နှစ် 33 ခန့်

    ထိုအခါ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် မိမိတို့ကို ရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကိုသိသောကြောင့် ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံကြ၏။ သို့သော်လည်း လူများ ကိုကြောက်၍ နေရကြ၏။

  5. ရှင်လုကာခရစ်ဝင် 20:20ခရစ်နှစ် 33 ခန့်

    ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော်ကိုချောင်းမြောင်းလျက်၊ စကားတော်၌ အပြစ်ကိုရှာ၍ မြို့ဝန်မင်း လက်သို့ အပ်နှံသောခွင့်ကိုရခြင်းငှါ သူတော်ကောင်းဖြစ်ယောင်ဆောင်သောသူလျှိုတို့ကို အထံတော်သို့ စေ လွှတ်ကြ၏။

  6. ရှင်လုကာခရစ်ဝင် 20:21ခရစ်နှစ် 33 ခန့်

    ထိုသူလျှိုတို့က၊ အရှင်ဘုရား၊ ကိုယ်တော်သည် လူမျက်နှာကို မထောက်ဘဲ ဖြောင့်မတ်စွာ ဆုံးမဩဝါဒ ပေး၍၊ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။

  7. ရှင်လုကာခရစ်ဝင် 20:22ခရစ်နှစ် 33 ခန့်

    အကျွန်ုပ်တို့သည် ကဲသာဘုရင်အား အခွန်ကိုဆက်အပ်သလော၊ မဆက်အပ်သလောဟု မေးလျှောက် ကြ၏။

  8. ရှင်လုကာခရစ်ဝင် 20:23ခရစ်နှစ် 33 ခန့်

    ကိုယ်တော်သည် ထိုသူတို့၏ ပရိယာယ်ကို သိမှတ်တော်မူလျှင်၊ သင်တို့သည် ငါ့ကို အဘယ်ကြောင့် စုံစမ်းနှောင့်ရှက်ကြသနည်း။

  9. ရှင်လုကာခရစ်ဝင် 20:24ခရစ်နှစ် 33 ခန့်

    ဒေနာရိတပြားကိုပြပါ။ အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာပါပါသနည်းဟု မေးတော်မူလျှင်၊ ကဲသာ ဘုရင်၏ပုံ၊ လိပ်စာပါပါသည်ဟု လျှောက်ကြသော်၊

  10. ရှင်လုကာခရစ်ဝင် 20:25ခရစ်နှစ် 33 ခန့်

    ကိုယ်တော်က၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကို ကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။

  11. ရှင်လုကာခရစ်ဝင် 20:26ခရစ်နှစ် 33 ခန့်

    ထိုသူတို့သည် လူများရှေ့တွင် စကားတော်၌ အပြစ်မတွေ့နိုင်သဖြင့် ပြန်ပြောတော်မူသော စကားကို အံ့ဩ၍ တိတ်ဆိတ်စွာနေကြ၏။

  12. ရှင်လုကာခရစ်ဝင် 20:27ခရစ်နှစ် 33 ခန့်

    ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ ချဉ်းကပ်၍၊

  13. ရှင်လုကာခရစ်ဝင် 20:28ခရစ်နှစ် 33 ခန့်

    အရှင်ဘုရား၊ မယားရှိသောသူသည် သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကို အမျိုးမပြတ်ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ။

  14. ရှင်လုကာခရစ်ဝင် 20:29ခရစ်နှစ် 33 ခန့်

    ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲသေလျှင်၊

  15. ရှင်လုကာခရစ်ဝင် 20:30ခရစ်နှစ် 33 ခန့်

    သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။

  16. ရှင်လုကာခရစ်ဝင် 20:31ခရစ်နှစ် 33 ခန့်

    ထိုအတူ တတိယသူမှစ၍ တယောက်နောက်တယောက်ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထို မိန်းမကို သိမ်းယူ၍ သားကို မကျန်ရစ်စေဘဲ သေကြ၏။

  17. ရှင်လုကာခရစ်ဝင် 20:32ခရစ်နှစ် 33 ခန့်

    နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။

  18. ရှင်လုကာခရစ်ဝင် 20:33ခရစ်နှစ် 33 ခန့်

    သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် အဘယ်သူ၏မယားဖြစ်ရပါမည်နည်း။ ထိုသူခုနစ် ယောက်တို့သည် ထိုမိန်းမနှင့် စုံဘက်ကြပြီဟု လျှောက်ကြ၏။

  19. ရှင်လုကာခရစ်ဝင် 20:34ခရစ်နှစ် 33 ခန့်

    ယေရှုကလည်း၊ ယခု ဘဝသားတို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏။

  20. ရှင်လုကာခရစ်ဝင် 20:35ခရစ်နှစ် 33 ခန့်

    နောင်ဘဝကို၎င်း၊ သေခြင်းမှ ထမြောက်ခြင်းကို၎င်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူ တို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ။

  21. ရှင်လုကာခရစ်ဝင် 20:36ခရစ်နှစ် 33 ခန့်

    သေခြင်းနှင့်အစဉ်ကင်းလွတ်၍ ကောင်းကင်တမန်ကဲ့သို့ဖြစ်သည်သာမက၊ ထမြောက်ခြင်း၏သားဖြစ် သောကြောင့် ဘုရားသခင်၏သားဖြစ်ကြ၏။

  22. ရှင်လုကာခရစ်ဝင် 20:37ခရစ်နှစ် 33 ခန့်

    ထိုမှတပါး၊ မောရှေသည် ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဟု ချုံခဏ်း၌ ခေါ်ဝေါ်သောအခါ သေလွန်သောသူတို့သည် ထမြောက်ကြောင်းကို ဘော်ပြခဲ့ပြီ။

  23. ရှင်လုကာခရစ်ဝင် 20:38ခရစ်နှစ် 33 ခန့်

    ဘုရားသခင်သည် သေနေသောသူတို့၏ဘုရားမဟုတ်။ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်ဟု မိန့်တော်မူ၏။

  24. ရှင်လုကာခရစ်ဝင် 20:39ခရစ်နှစ် 33 ခန့်

    ကျမ်းပြုဆရာအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏စကားသည် လျှောက်ပတ်ပါ၏ဟု လျှောက် ကြ၏။

  25. ရှင်လုကာခရစ်ဝင် 20:40ခရစ်နှစ် 33 ခန့်

    နောက်တဖန် အလျှင်းမမေးမလျှောက်ဝံ့ကြ၊