အကြောင်းအရာသို့ ကျော်သွားရန်

circa 1380–1050 BC

The Judges & Ruth

Israel cycles through rebellion, oppression, and rescue under charismatic leaders—culminating in Ruth's faithful love story.

703 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တရားသူကြီးမှတ်စာ 4:11ခရစ်တော် မပေါ်မီ 1285 ခန့်

    မောရှေ၏ယောက္ခမဟောဗတ်၏သားမြေးအဝင်၊ ကေနိအမျိုးသားဟေဗာသည်၊ ကေနိလူတို့နှင့် ခွာ၍ ကေဒေရှမြို့အနား၊ ဇာနိမ်သပိတ်ပင် ခြေရင်း၌ တဲကို ဆောက်လျက် နေနှင့်သတည်း။

  2. တရားသူကြီးမှတ်စာ 4:12ခရစ်တော် မပေါ်မီ 1285 ခန့်

    အဘိနောင်၏သားဗာရက်သည် တာဗော်တောင်ပေါ်သို့ တက်ကြောင်းကို သိသရအား ကြားပြောလျှင်၊

  3. တရားသူကြီးမှတ်စာ 4:13ခရစ်တော် မပေါ်မီ 1285 ခန့်

    သိသရသည် မိမိရထားရှိသမျှတည်းဟူသော သံရထားကိုးရာနှင့် ဂေါအိမ်ပြည်ဟာရောရှက်မြို့မှစ၍ ကိရှုန်မြစ်တိုင်အောင် မိမိလူအပေါင်းတို့ကို စုဝေးစေ၏။

  4. တရားသူကြီးမှတ်စာ 4:14ခရစ်တော် မပေါ်မီ 1285 ခန့်

    ဒေဗောရကလည်း ထလော့။ ယနေ့ကား ထာဝရဘုရားသည် သိသရကို သင့်လက်၌ အပ်တော်မူသော နေ့ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှာ ကြွတော်မူပြီ မဟုတ်လောဟု ဆိုလေသော်၊ ဗာရက်သည် လူတသောင်းနှင့်တကွ တာဗော်တောင်ပေါ်က ဆင်းလေ၏။

  5. တရားသူကြီးမှတ်စာ 4:15ခရစ်တော် မပေါ်မီ 1285 ခန့်

    ထာဝရဘုရားသည် သိသရမှစ၍ သူ၏ရထားများနှင့် ဗိုလ်ပါစစ်သည်များအပေါင်းတို့ကို ဗာရက်ရှေ့မှာ ထားဖြင့် ရှုံးစေတော်မူသောကြောင့်၊ သိသရသည် မိမိရထားမှဆင်း၍ ခြေဖြင့် ပြေးလေ၏။

  6. တရားသူကြီးမှတ်စာ 4:16ခရစ်တော် မပေါ်မီ 1285 ခန့်

    ဗာရက်သည် ရထားများ၊ ဗိုလ်ပါစစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက်မြို့တိုင်အောင် လိုက်၍၊ သိသရစစ်သူရဲအပေါင်းတို့သည် တယောက်မျှ မကျန်ကြွင်း ထားနှင့် သေကြကုန်၏။

  7. တရားသူကြီးမှတ်စာ 4:17ခရစ်တော် မပေါ်မီ 1285 ခန့်

    သိသရသည် ကေနိအမျိုးသား ဟေဗာ၏ မယားယေလ၏တဲသို့ ခြေဖြင့် ပြေး၏။ ထိုကာလ၌ ဟာဇော်ရှင်ဘုရင် ယာဘိန်သည် ဟေဗာအမျိုးသားချင်း ကေနိလူတို့နှင့် မိဿဟာယဖွဲ့လျက် ရှိသတည်း။

  8. တရားသူကြီးမှတ်စာ 4:18ခရစ်တော် မပေါ်မီ 1285 ခန့်

    ယေလသည် သိသရကို ခရီးဦးကြိုပြုခြင်းငှါ ထွက်၍၊ သခင်ဝင်ပါ၊ ကျွန်မဆီသို့ ဝင်ပါ။ စိုးရိမ်တော် မမူပါနှင့်ဟု ခေါ်သည်အတိုင်း၊ သူသည် ယေလနေရာတဲထဲသို့ ဝင်၍ ယေလသည် သူ့ကို စောင်နှင့် ခြုံလေ၏။

  9. တရားသူကြီးမှတ်စာ 4:19ခရစ်တော် မပေါ်မီ 1285 ခန့်

    သူကလည်း၊ ငါရေငတ်သည်၊ ရေအနည်းငယ်ကို ပေးပါဟု တောင်းလျှင်၊ မိန်းမသည် နွားနို့ဘူးကို ဖွင့်၍ သောက်စေပြီးမှ တဖန် ခြုံလေ၏။

  10. တရားသူကြီးမှတ်စာ 4:20ခရစ်တော် မပေါ်မီ 1285 ခန့်

    သူကလည်း၊ တဲတံခါးဝ၌ နေပါ။ လူတစုံတယောက်က ယောက်ျားရှိသလောဟု လာ၍ မေးလျှင် မရှိကြောင်းကို ပြောလော့ဟု မှာထားလေ၏။

  11. တရားသူကြီးမှတ်စာ 4:21ခရစ်တော် မပေါ်မီ 1285 ခန့်

    ထိုအခါ ဟေဗာမယား ယေလသည် သိသရမောလျက် အိပ်ပျော်စဉ်တွင်၊ တဲတံသင်တချောင်းနှင့် လက်ရိုက်ကို ကိုင်လျက် သူ့ထံသို့ တိတ်ဆိတ်စွာ သွား၍ တံသင်ကို မြေ၌ စွဲစေသည်တိုင်အောင် သူ၏ နားပန်းထဲသို့ ရိုက်သွင်းသဖြင့် သိသရသည် သေ၏။

  12. တရားသူကြီးမှတ်စာ 4:22ခရစ်တော် မပေါ်မီ 1285 ခန့်

    ဗာရက်သည် သိသရကို လိုက်ရှာသောအခါ၊ ယေလထွက်၍ ကျွန်မဆီသို့ ဝင်ပါ။ ရှာသောသူကို ပြပါမည်ဟု ကြိုဆိုလျှင်၊ ဗာရက်သည် တဲထဲသို့ ဝင်၍ သိသရသေလျက်၊ နားပန်း၌ တံသင် စူးလျက်ရှိသည်ကို မြင်လေ၏။

  13. တရားသူကြီးမှတ်စာ 4:23ခရစ်တော် မပေါ်မီ 1285 ခန့်

    ထိုနေ့၌ ထာဝရဘုရားသည် ခါနာန်ရှင်ဘုရင်ယာဘိန်ကို၊ ဣသရေလအမျိုးသားတို့ရှေ့မှာ နှိမ့်ချတော်မူ သဖြင့်၊

  14. တရားသူကြီးမှတ်စာ 4:24ခရစ်တော် မပေါ်မီ 1285 ခန့်

    သူတို့သည် ထိုရှင်ဘုရင်ကို မဖျက်ဆီးမှီ တိုင်အောင် အစဉ်အောင်လျက် နေကြ၏။

  15. ထိုနေ့၌ ဒေဗောရနှင့် အဘိနောင်၏ သားဗာရက်တို့ဆိုသော သီချင်းစကားဟူမူကား၊

  16. ဣသရေလအမျိုး၌ မင်းတို့သည် အဦးပြုသောကြောင့်၎င်း၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကို လှူသောကြောင့်၎င်း၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

  17. အိုရှင်ဘုရင်တို့ ကြားကြလော့။ အိုမင်းသားတို့ နားထောင်ကြလော့။ ငါသီချင်းဆိုမည်။ ထာဝရဘုရား အား သီချင်းဆိုမည်။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမည်။

  18. အိုထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ရိုးပေါ်မှ ကြွ၍ ဧဒုံတောမှ စစ်ချီတော်မူသောအခါ၊ မြေကြီးလှုပ်၍ မိုဃ်းရွာသဖြင့် မိုဃ်းတိမ်တို့မှ မိုဃ်းရေသည် စီးပါ၏။

  19. တောင်ရိုးတို့သည် ထာဝရဘုရားရှေ့တော်၌၎င်း၊ သိနာတောင်သည်လည်း ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌၎င်း တုန်လှုပ်ပါ၏။

  20. အာနတ်သားရှံဂါမင်းလက်ထက်၌၎င်း၊ ယေလမင်းလက်ထက်၌၎င်း၊ လမ်းမတို့သည် ဆိတ်ညံလျက် ရှိ၍ ခရီးသွားသော သူတို့သည် လမ်းကြားတို့၌ လိုက်သွားရကြ၏။

  21. ဣသရေလအမျိုး၌ မင်းဆက်ပြတ်လျက်ရှိ၏။ ငါဒေဗောရသည် မပေါ်၊ ငါသည် ဣသရေလအမျိုး၌ အမိမပေါ်ထွန်းမှီတိုင်အောင် မင်းဆက်ပြတ်လျက် ရှိ၏။

  22. ဣသရေလအမျိုးသားတို့သည် ဘုရားသစ်တို့ကို ရွေးယူကြ၏။ ထိုအခါ သူတို့မြို့များကို ရန်သူတို့သည် တိုက်လာကြ၏။ ဣသရေလအမျိုးသားလေးသောင်းတွင် ဒိုင်းလွှား တခု၊ လှံတစင်းမျှ မရှိ။

  23. စေတနာစိတ်ရှိ၍ ဆင်းရဲသားတို့တွင် မိမိကိုယ်ကို လှူသော ဣသရေလအမျိုး မင်းတို့အား ငါစိတ်နူးညွတ်၏။ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

  24. ဖြူသော မြည်းကို စီးသောသူ၊ တရားမှုကို စီရင်သောသူ၊ လမ်း၌သွားသောသူတို့၊

  25. ရေကျင်းများအနားမှာ လက်ရဥစ္စာကို ဝေမျှသော သူတို့၏ အသံကို ကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား၏ တရားသောအမှု၊ ဣသရေလမြို့ရွာတို့၌ တရားသဖြင့် ပြုတော်မူသော အမှုတို့ကို ထိုအရပ်တို့တွင် ချီးမွမ်းကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား၏ လူတို့သည် မိမိတို့နေသော မြို့သို့ ပြန်သွားကြလိမ့်မည်။