အကြောင်းအရာသို့ ကျော်သွားရန်

circa 1380–1050 BC

The Judges & Ruth

Israel cycles through rebellion, oppression, and rescue under charismatic leaders—culminating in Ruth's faithful love story.

703 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တရားသူကြီးမှတ်စာ 16:11ခရစ်တော် မပေါ်မီ 1120 ခန့်

    သူက၊ မသုံးဘူးသော ကြိုးသစ်နှင့် ကျပ်ကျပ်ချည်နှောင်လျှင် ငါ၌ ခွန်အားလျော့၍ အခြားသော သူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊

  2. တရားသူကြီးမှတ်စာ 16:12ခရစ်တော် မပေါ်မီ 1120 ခန့်

    ဒေလိလသည် ကြိုးသစ်တို့ကို ယူ၍ ချည်နှောင်ပြီးမှ၊ ထိုအခန်း၌ ချောင်းမြောင်းသော သူအချို့ ရှိနေလျက်၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ ရှံဆုန်သည် လက်ရုံး၌ ချည်သော ကြိုးတို့ကို အပ်ချည်ကဲ့သို့ ဖြတ်လေ၏။

  3. တရားသူကြီးမှတ်စာ 16:13ခရစ်တော် မပေါ်မီ 1120 ခန့်

    ဒေလိလကလည်း၊ ယခုတိုင်အောင် သင်သည် ငါ့ကို ကျီစား၍ မုသာကိုသာ ပြောပြီ။ အဘယ်သို့ ချည်နှောင်ရမည်ကို ပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊ သူက၊ ငါ့ဆံပင် ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားလျှင် ငါ၌ ခွန်အားလျော့၍ အခြားသော သူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊

  4. တရားသူကြီးမှတ်စာ 16:14ခရစ်တော် မပေါ်မီ 1120 ခန့်

    ဒေလိလသည် သူ၏ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားပြီးမှ၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ ရှံဆုန်နိုး၍ ရက်ကန်းလက်လိပ်၊ စို့၊ ရက်ကန်းသားပါလျက် သွား၏။

  5. တရားသူကြီးမှတ်စာ 16:15ခရစ်တော် မပေါ်မီ 1120 ခန့်

    ဒေလိလကလည်း၊ သင်သည် ငါ့ကို ချစ်သည်ဟု စိတ်နှလုံးမပါဘဲလျက် အဘယ်သို့ ပြောနိုင်သနည်း။ သင့်၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို မပြော။ သုံးကြိမ်တိုင်အောင် ငါ့ကို ကျီစားပြီဟု ဆို၏။

  6. တရားသူကြီးမှတ်စာ 16:16ခရစ်တော် မပေါ်မီ 1120 ခန့်

    ထိုသို့ ဒေလိလသည် နေ့တိုင်း ပူဆာ၍ သူအသက် သေလုအောင် နှောင့်ရှက်သောကြောင့်၊-

  7. တရားသူကြီးမှတ်စာ 16:17ခရစ်တော် မပေါ်မီ 1120 ခန့်

    ရှံဆုန်သည် မိမိစိတ်နှလုံး၌ ရှိသမျှအတိုင်းပြော၍၊ ငါ့ဆံပင်ကို တခါမျှ မရိတ်သေး။ အမိဝမ်းထဲမှစ ၍ ဘုရားသခင်၏ နာဇရိလူဖြစ်၏။ ငါ့ဆံပင်ကို ရိတ်လျှင် ငါ၌ ခွန်အားလျော့၍ အခြားသောသူ ကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။

  8. တရားသူကြီးမှတ်စာ 16:18ခရစ်တော် မပေါ်မီ 1120 ခန့်

    ထိုသို့ မိမိစိတ်နှလုံးထဲမှာ ရှိသမျှအတိုင်း ပြောကြောင်းကို ဒေလိလ သိလျှင်၊ ဖိလိတ္တိမင်းတို့ကို တဖန်ခေါ်၍၊ ယခုတခါ လာကြပါဦး။ သူသည် မိမိစိတ်နှလုံးရှိသမျှအတိုင်း ပြောပြီဟု မှာလိုက်သဖြင့်၊ သူတို့သည် ငွေကို ဆောင်ယူခဲ့လျက် လာကြ၏။

  9. တရားသူကြီးမှတ်စာ 16:19ခရစ်တော် မပေါ်မီ 1120 ခန့်

    ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိဒူးပေါ်မှာ တင်လျက် သူကို အိပ်စေသဖြင့်၊ လူတယောက်ကို ခေါ်၍ သူ၏ ဆံပင်ခုနစ်စုတို့ကို ရိတ်စေပြီးမှ၊ သူကို နှောင့်ရှက်စပြု၍ သူ၏ ခွန်အားသည် လျော့ ပျောက်၏။

  10. တရားသူကြီးမှတ်စာ 16:20ခရစ်တော် မပေါ်မီ 1120 ခန့်

    မိန်းမကလည်း၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်နိုး၍ ထာဝရ ဘုရား စွန့်တော်မူကြောင်းကို မရိပ်မိသောကြောင့်၊ အရင်ကဲ့သို့ ငါထွက်၍ အားထုတ်မည်ဟု အကြံ ရှိသော်လည်း၊-

  11. တရားသူကြီးမှတ်စာ 16:21ခရစ်တော် မပေါ်မီ 1120 ခန့်

    ဖိလိတ္တိလူတို့သည် ဘမ်းဆီး၍ သူ့မျက်စိကို ဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့် ချည်နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။

  12. တရားသူကြီးမှတ်စာ 16:22ခရစ်တော် မပေါ်မီ 1120 ခန့်

    ရှံဆုန် ဆံပင်ရိတ်သောနောက်၊ တဖန် ပေါက်ပြန်သောအခါ၊-

  13. တရားသူကြီးမှတ်စာ 16:23ခရစ်တော် မပေါ်မီ 1120 ခန့်

    ဖိလိတ္တိမင်းတို့ကို၊ ငါတို့ဘုရားသည် ငါတို့ ရန်သူကို ငါတို့လက်သို့ အပ်တော်မူပြီဟု ဆိုလျက်၊ သူတို့ ဘုရား ဒါဂုန်အားယဇ်ကြီးကို ပူဇော်၍ ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ စည်းဝေးကြ၏။

  14. တရားသူကြီးမှတ်စာ 16:24ခရစ်တော် မပေါ်မီ 1120 ခန့်

    လူများတို့သည် ရှံဆုန်ကို မြင်သောအခါ၊ ငါတို့ဘုရားသည် ငါတို့ပြည်ကို ဖျက်ဆီး၍၊ ပြည်သားအများ တို့ကို သတ်သော ငါတို့၏ ရန်သူကို၊ ငါတို့လက်သို့ အပ်တော်မူပြီဟု မိမိတို့ဘုရားကို ချီးမွမ်းကြ၏။

  15. တရားသူကြီးမှတ်စာ 16:25ခရစ်တော် မပေါ်မီ 1120 ခန့်

    စိတ်နှလုံးရွှင်လန်းသောအခါ၊ ရှံဆုန်ကို ခေါ်ခဲ့။ ငါတို့အဘို့ ကစားပါလေစေဟု ဆိုသဖြင့်၊ ရှံဆုန်ကို ထောင်အိမ်မှ ခေါ်ခဲ့၍ သူသည် ကစားရ၏။ သူကိုလည်း စရပ်တိုင်ကြားမှာ ထားကြ၏။

  16. တရားသူကြီးမှတ်စာ 16:26ခရစ်တော် မပေါ်မီ 1120 ခန့်

    ရှံဆုန်ကလည်း၊ စရပ်တိုင်တို့ကို ငါမှီ၍ နေရအောင် လက်နှင့်တွေ့ပါရစေဟု လက်ဆွဲသော လူကလေး ကို အခွင့်တောင်း၏။-

  17. တရားသူကြီးမှတ်စာ 16:27ခရစ်တော် မပေါ်မီ 1120 ခန့်

    ထိုစရပ်၌ ယောက်ျားမိန်းမတို့သည် အပြည့်ရှိကြ၏။ ဖိလိတ္တိမင်းအပေါင်းတို့လည်း ပါကြ၏။ စရပ်မိုး ပေါ်မှာလည်း သုံးထောင်မျှလောက်သော ယောက်ျားမိန်းမတို့သည် ရှံဆုန်ကစားသည်ကို ကြည့်ရှု လျက်ရှိကြ၏။-

  18. တရားသူကြီးမှတ်စာ 16:28ခရစ်တော် မပေါ်မီ 1120 ခန့်

    ရှံဆုန်ကလည်း၊ အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်မျက်စိနှစ် ဘက်ကို ဖောက်သော ဖိလိတ္တိလူတို့၌ တပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခုတကြိမ်မျှ သာ ခွန်အားကို ပြန်ပေးတော်မူပါဘုရားဟု ထာဝရဘုရားအား ဆုတောင်းပြီးမှ၊-

  19. တရားသူကြီးမှတ်စာ 16:29ခရစ်တော် မပေါ်မီ 1120 ခန့်

    စရပ်ခေါင်တိုင်နှစ်တိုင်တို့ကို လက်ျာလက်၊ လက်ဝဲလက်နှစ်ဘက်နှင့်ကိုင်၍ မှီနေလျက်၊-

  20. တရားသူကြီးမှတ်စာ 16:30ခရစ်တော် မပေါ်မီ 1120 ခန့်

    အကျွန်ုပ်သည် ဖိလိတ္တိလူတို့နှင့် အတူသေပါရစေဟု ဆိုလျက်၊ အားထုတ်၍ ကိုယ်ကိုညွှတ်ချသဖြင့်၊ စရပ်သည် မင်းများ၊ လူများအပေါင်းတို့အပေါ်မှာ လဲ၍ ဖိလေ၏။ ထိုသို့ အသက်ရှင်စဉ်အခါ သတ်ခဲ့သည်ထက် သေစဉ်အခါ သာ၍များသော သူတို့ကို သတ်လေ၏။

  21. တရားသူကြီးမှတ်စာ 16:31ခရစ်တော် မပေါ်မီ 1120 ခန့်

    သူ့ညီများ၊ အဆွေအမျိုးများ အပေါင်းတို့သည် လာ၍ အလောင်းကောင်ကို ထမ်းသွားပြီးလျှင်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြားတွင် အဘမာနော်၏ သင်္ချိုင်း၌ သင်္ဂြိုလ်ကြ၏။ သူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ် အုပ်စိုးသတည်း။

  22. တရားသူကြီးမှတ်စာ 17:1ခရစ်တော် မပေါ်မီ 1419 ခန့်

    မိက္ခာအမည်ရှိသော ဧဖရိမ်တောင်သား တယောက်ရှိ၏။

  23. တရားသူကြီးမှတ်စာ 17:2ခရစ်တော် မပေါ်မီ 1419 ခန့်

    သူသည် အမိအား၊ အိုအမေ၊ ပျောက်သောငွေ၊ အကျွန်ုပ်ရှေ့မှာ ကျိန်ဆဲသော စကားကို ပြောသော ငွေဆယ်တပိဿာသည် အကျွန်ုပ်၌ ရှိပါ၏။ အကျွန်ုပ်ယူမိပြီဟု ဆိုသော်၊ အမိက၊ ငါ့သား၊ ထာဝရ ဘုရားကောင်းကြီး ပေးတော်မူပါစေသောဟု ဆို၏။-

  24. တရားသူကြီးမှတ်စာ 17:3ခရစ်တော် မပေါ်မီ 1419 ခန့်

    ထိုငွေဆယ်တပိဿာကို အမိအား ပြန်ပေးသောအခါ၊ အမိက၊ ငါ့သားသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်စရာဘို့ ဤငွေရှိသမျှကို ထာဝရဘုရားအား ငါပူဇော်နှင့်ပြီ။

  25. တရားသူကြီးမှတ်စာ 17:4ခရစ်တော် မပေါ်မီ 1419 ခန့်

    သို့ဖြစ်၍ ငါ့သားအား ယခု ငါပြန်ပေးမည်ဟု ဆိုသော်လည်း၊ သားသည် ထိုငွေကို အမိအား ပြန်ပေး၏။ အမိသည်လည်း နှစ်ပိဿာကိုယူ၍ ပန်းတိမ်သမား၌ အပ်သဖြင့်၊ သူသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်၍ ရုပ်တုတို့သည် မိက္ခာအိမ်၌ ရှိ၏။