အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရမိအနာဂတ္တိကျမ်း 22:1ခရစ်တော် မပေါ်မီ 598 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင်၏ နန်းတော်သို့သွား၍ ဆင့်ဆိုရမည်မှာ၊

  2. ယေရမိအနာဂတ္တိကျမ်း 22:2ခရစ်တော် မပေါ်မီ 598 ခန့်

    ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ယုဒရှင်ဘုရင်၊ သင့်ကိုယ်တိုင်မှစ၍ သင်၏ကျွန်များနှင့်၊ ဤမြို့တံခါးတို့ဖြင့် ဝင်သော သင်၏လူများတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။

  3. ယေရမိအနာဂတ္တိကျမ်း 22:3ခရစ်တော် မပေါ်မီ 598 ခန့်

    ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရား သဖြင့် စီရင်၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲသော သူ၏လက်မှကယ်နှုတ် ကြလော့။ ဧည့်သည်ဖြစ်သောသူ၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့ကို မတရားသဖြင့်မပြု၊ မညှဉ်းဆဲကြနှင့်။ အပြစ်မရှိသော သူတို့ကို ဤအရပ်၌မကွပ်မျက်ကြနှင့်။

  4. ယေရမိအနာဂတ္တိကျမ်း 22:4ခရစ်တော် မပေါ်မီ 598 ခန့်

    အကြောင်းမူကား၊ သင်တို့သည် ဤပညတ်တော် အတိုင်း အမှန်ပြုလျှင်၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ် မှာ ထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်တို့သည် ကျွန် များ၊ နိုင်ငံတော်သားများနှင့်တကွ၊ ဤနန်းတော်တံခါးများ ကို ထွက်ဝင်ရကြလိမ့်မည်။

  5. ယေရမိအနာဂတ္တိကျမ်း 22:5ခရစ်တော် မပေါ်မီ 598 ခန့်

    သို့မဟုတ်၊ သင်တို့သည် ဤအမိန့်တော်ကို နားမထောင်ဘဲနေလျှင်၊ ဤနန်းတော်သည် လူဆိတ်ညံ သော အရပ်ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရားသည် ကိုယ်ကို ကိုယ်တိုင်တည်၍ မိန့်တော်မူ၏။

  6. ယေရမိအနာဂတ္တိကျမ်း 22:6ခရစ်တော် မပေါ်မီ 598 ခန့်

    ယုဒရှင်ဘုရင်၏ နန်းတော်ကို ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ငါ၌ ဂိလဒ်အရပ်ကဲ့သို့ ၎င်း၊ လေဗနုန်တောင်ထိပ်ကဲ့သို့၎င်း ဖြစ်သော်လည်း၊ အကယ်စင်စစ် ငါသည်သင့်ကို လူမနေသော မြို့ကဲ့သို့ တောဖြစ်စေမည်။

  7. ယေရမိအနာဂတ္တိကျမ်း 22:7ခရစ်တော် မပေါ်မီ 598 ခန့်

    သင့်ကို ဖျက်ဆီးစေခြင်းငှါ၊ ထားနှင့်ပုဆိန်ပါ သော သူတို့ကို ငါပြင်ဆင်သဖြင့်၊ သူတို့သည် သင်၌ အမြတ်ဆုံးသော အာရဇပင်တို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက် ကြလိမ့်မည်။

  8. ယေရမိအနာဂတ္တိကျမ်း 22:8ခရစ်တော် မပေါ်မီ 598 ခန့်

    လူအမျိုးမျိုးတို့သည် ဤမြို့အနားမှာ ရှောက် သွားလျက်၊ ထာဝရဘုရားသည် ဤမြို့ကြီးကို အဘယ် ကြောင့် ဤသို့ပြုတော်မူသနည်းဟု၊ တယောက်ကို တယောက် မေးကြသည်ရှိသော်၊

  9. ယေရမိအနာဂတ္တိကျမ်း 22:9ခရစ်တော် မပေါ်မီ 598 ခန့်

    ဤ မြို့သားတို့သည် မိမိတို့ဘုရားသခင် ထာဝရ ဘုရား၏ ပဋိညာဉ်ကို စွန့်ပစ်၍၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ဤသို့ ပြုတော်မူသည်ဟု ပြန်ပြောကြလိမ့်မည်။

  10. ယေရမိအနာဂတ္တိကျမ်း 22:10ခရစ်တော် မပေါ်မီ 598 ခန့်

    သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။ အခြားတပါးသို့ သွားသောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မလာရ။ မိမိမွေးဘွားရာဌာနကို မမြင်ရ။

  11. ယေရမိအနာဂတ္တိကျမ်း 22:11ခရစ်တော် မပေါ်မီ 598 ခန့်

    ခမည်းတော်ယောရှိမင်းကြီး အရာ၌စိုးစံ၍ ဤပြည်မှ ထွက်သွားသော ယုဒရှင်ဘုရင် ယောရှိမင်းကြီး ၏ သားရှလ္လုံကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ထိုမင်းသည် နောက်တဖန်ဤပြည်သို့ ပြန်၍မလာရ။

  12. ယေရမိအနာဂတ္တိကျမ်း 22:12ခရစ်တော် မပေါ်မီ 598 ခန့်

    ရန်သူတို့ သိမ်းသွားရာပြည်၌ပင် သေရလိမ့် မည်။ ဤပြည်ကို နောက်တဖန်မမြင်ရ။

  13. ယေရမိအနာဂတ္တိကျမ်း 22:13ခရစ်တော် မပေါ်မီ 598 ခန့်

    မတရားသော အမှုအားဖြင့် မိမိအိမ်ကို၎င်း၊ အဓမ္မပြု၍ အထက်ခန်းတို့ကို၎င်း ဆောက်သောသူ၊ အိမ်နီးချင်းကိုအခမပေးဘဲ စေစား၍၊ အလုပ်လုပ်သည် အတွက် ဆုမချသောသူသည် အမင်္ဂလာရှိ၏။

  14. ယေရမိအနာဂတ္တိကျမ်း 22:14ခရစ်တော် မပေါ်မီ 598 ခန့်

    ကြီးသောအိမ်၊ ကျယ်သောအထက်ခန်းတို့ကို ငါဆောက်မည်ဟု ဆိုလျက်၊ ပြတင်းပေါက်ကို ဖေါက်၍၊ အာရဇ်သစ်သားနှင့် မိုးပြီးမှ၊ ဟင်းသပြတားနှင့် ချယ်လှယ်ပြီတကား။

  15. ယေရမိအနာဂတ္တိကျမ်း 22:15ခရစ်တော် မပေါ်မီ 598 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရဇ်သစ်သား၏ ဂုဏ်ကိုကိုးစားသောကြောင့် စိုးစံ ရမည်လော။ သင်၏ အဘသည်ဝစွာ စားသောက်ရသည် မဟုတ်လော။ တရားသဖြင့် စီရင်ဆုံးဖြတ်သည်မ ဟုတ်လော။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။

  16. ယေရမိအနာဂတ္တိကျမ်း 22:16ခရစ်တော် မပေါ်မီ 598 ခန့်

    သူသည် ဆင်းရဲငတ်မွတ်သော သူတို့အမှုကို စောင့်၍ တရားသဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစား ခြင်းရှိ၏။ ငါ့ကိုသိသော အကျိုးမဟုတ်လော။

  17. ယေရမိအနာဂတ္တိကျမ်း 22:17ခရစ်တော် မပေါ်မီ 598 ခန့်

    သင်၏ မျက်စိနှင့် သင်၏နှလုံးမူကား၊ လောဘ လွန်ကျူးခြင်း၊ အပြစ်မရှိသောသူကို သတ်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်းမှတပါး၊ အဘယ်အမှုကိုမျှ မမှတ်တတ်။

  18. ယေရမိအနာဂတ္တိကျမ်း 22:18ခရစ်တော် မပေါ်မီ 598 ခန့်

    ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သား ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩငါ့အစ်ကို၊ ဩ ငါ့နှမ ဟူ၍ မငိုကြွေးရကြ။ သူ၏ အတွက်လည်း၊ ဩ သခင်၊ ဩ အရှင်မ၏ ဘုန်းဟူ၍ မမြည်တမ်းရကြ။

  19. ယေရမိအနာဂတ္တိကျမ်း 22:19ခရစ်တော် မပေါ်မီ 598 ခန့်

    ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား၍ ပစ်ထားသဖြင့်၊ မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည်။

  20. ယေရမိအနာဂတ္တိကျမ်း 22:20ခရစ်တော် မပေါ်မီ 598 ခန့်

    လေဗနုန်တောင်ပေါ်သို့ တက်၍ ကြွေးကြော် လော့။ ဗာရှန်ပြည်၌ အော်ဟစ်လော့။ အာဗရိမ်အရပ်မှာ အသံကိုလွှင့်လော့။ အကြောင်းမူကား၊ သင်၏မိတ်ဆွေ အပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။

  21. ယေရမိအနာဂတ္တိကျမ်း 22:21ခရစ်တော် မပေါ်မီ 598 ခန့်

    သင်သည် ကောင်းစားသောအခါ ငါသတိ ပေး၏။ သင်က၊ ငါနားမထောင်ဟု ပြန်ပြော၏။ ငယ်သောအရွယ်မှစ၍ ငါ့စကားကို နားမထောင်ဘဲ နေမြဲရှိ၏။

  22. ယေရမိအနာဂတ္တိကျမ်း 22:22ခရစ်တော် မပေါ်မီ 598 ခန့်

    သင့်ကို ကျွေးမွေးသော သူအပေါင်းတို့ကို လေသည် စားလိမ့်မည်။ သင်၏မိတ်ဆွေတို့ကို ရန်သူတို့ သည် သိမ်းသွားကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ်ပြု သမျှသော ဒုစရိုက်တို့ကြောင့် အမှန်ရှက်ကြောက်၍ စိတ်ပျက်ခြင်း ရှိလိမ့်မည်။

  23. ယေရမိအနာဂတ္တိကျမ်း 22:23ခရစ်တော် မပေါ်မီ 598 ခန့်

    အာရဇ်ပင်တို့၌ အသိုက်လုပ်တတ်သော လေဗနုန်တောင်သား၊ သားဘွားခြင်းဝေဒနာကို မိန်းမ ခံရသကဲ့သို့၊ သင်သည်နာကျင်ခြင်းဝေဒနာ ကိုခံရသော အခါ၊ အဘယ်မျှလောက် သနားဘွယ်ဖြစ်လိမ့်မည် တကား။

  24. ယေရမိအနာဂတ္တိကျမ်း 22:24ခရစ်တော် မပေါ်မီ 598 ခန့်

    ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒ ရှင်ဘုရင် ယောယကိမ်မင်းကြီး၏သား ခေါနိသည်၊ ငါ့လက်ျာ လက်၌ပါသော တံဆိပ်လက်စွပ် မှန်သော်လည်း၊ ငါအသက်ရှင်သည်အတိုင်း သင့်ကို ငါပယ်ပစ်မည်။

  25. ယေရမိအနာဂတ္တိကျမ်း 22:25ခရစ်တော် မပေါ်မီ 598 ခန့်

    သင့်အသက်ကို သတ်ချင်သောသူ၊ သင်အလွန် ကြောက်သော သူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းမှစ၍ ခါလဒဲလူတို့ လက်သို့ ငါအပ် မည်။