circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ယေရမိအနာဂတ္တိကျမ်း 18:21ခရစ်တော် မပေါ်မီ 608 ခန့်
ထိုကြောင့်၊ သူတို့ကို ထားဘေးသို့၎င်း၊ သူတို့သားသမီး များကို မွတ်သိပ်ခြင်းသို့၎င်း အပ်တော်မူပါ။ သူတို့မိန်းမ တို့သည် သားများဆုံး၍ မုတ်ဆိုးမဖြစ်ကြပါစေသော။ လူကြီးတို့သည် အသေသတ်ခြင်းကို ခံရ၍၊ လူပျိုတို့ လည်း စစ်တိုက်ပွဲ၌ထားဖြင့် ဆုံးကြပါစေသော။
- ယေရမိအနာဂတ္တိကျမ်း 18:22ခရစ်တော် မပေါ်မီ 608 ခန့်
စစ်တိုက်သော ရန်သူများကို သူတို့ရှိရာသို့ ချက်ခြင်းရောက်စေတော်မူသောအခါ၊ သူတို့အိမ်သားများ အော်ဟစ်ကြပါစေသော။ အကြောင်းမူကား၊ အကျွန်ုပ်ကို ထောင်ခြင်းငှါ တွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သွားရာလမ်း ၌ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။
- ယေရမိအနာဂတ္တိကျမ်း 18:23ခရစ်တော် မပေါ်မီ 608 ခန့်
အို ထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ၊ သူတို့ ကြံစည်သမျှကို ကိုယ်တော်သိတော် မူ၏။ သူတို့ကို အပြစ်မှလွှတ်တော် မမူပါနှင့်။ မျက်မှောက် တော်၌ သူတို့အပြစ်ကို ချေတော်မမူပါနှင့်။ ရှေ့တော်၌ ဆုံးရှုံးကြပါစေသော။ အမျက်တော်ထွက်သောအခါ၊ သူတို့ကို စီရင်တော်မူပါ။
- ယေရမိအနာဂတ္တိကျမ်း 19:1ခရစ်တော် မပေါ်မီ 607 ခန့်
ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် အိုးထိန်းသမားထံသို့ သွား၍ ရေဘူးကိုယူပြီးလျှင်၊ အသက် ကြီးသော လူ၊ အသက်ကြီးသော ယဇ်ပုရောဟိတ် အချို့ တို့နှင့်တကွ၊
- ယေရမိအနာဂတ္တိကျမ်း 19:2ခရစ်တော် မပေါ်မီ 607 ခန့်
ဟရသိတ်တံခါးပြင်၊ ဟိန္နုံသား၏ ချိုင့်သို့သွား၍၊ ငါမိန့်တော်မူသည်အတိုင်း ကြွေးကြော်ရမည့်စကား ဟူမူကား၊
- ယေရမိအနာဂတ္တိကျမ်း 19:3ခရစ်တော် မပေါ်မီ 607 ခန့်
အိုယုဒရှင်ဘုရင်များနှင့် ယေရုရှလင်မြို့သား များတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြ လော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားခါးသည်တိုင်အောင်၊ ငါသည် ဤအရပ်၌ ဘေးရောက်စေမည်။
- ယေရမိအနာဂတ္တိကျမ်း 19:4ခရစ်တော် မပေါ်မီ 607 ခန့်
အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ပစ်ကြ ပြီ။ ကိုယ်တိုင်မသိ၊ ဘိုးဘေးများမသိ၊ ယုဒရှင်ဘုရင်များ မသိသော တကျွန်းတနိုင်ငံ ဘုရားတို့ ရှေ့မှာ၊ ဤအရပ်၌ နံ့သာပေါင်းကို မီးရှို့သဖြင့်၊ ဤအရပ်ကို တကျွန်း တနိုင်ငံ မြေဖြစ်စေကြပြီ။ အပြစ်မရှိသော သူတို့၏ အသွေးနှင့် ဤအရပ်ကို ပြည့်စေကြပြီ။
- ယေရမိအနာဂတ္တိကျမ်း 19:5ခရစ်တော် မပေါ်မီ 607 ခန့်
ငါမစီရင်မမှာထား၊ ငါအလျှင်းအလိုမရှိသော ဝတ်တည်းဟူသော၊ ဗာလဘုရားရှေ့မှာ မိမိသားတို့ကို မီးရှို့၍၊ ပူဇော်ရာ ဝတ်ပြုခြင်းငှါ၊ ဗာလဘုရားဘို့ ကုန်းတို့ကို တည်လုပ်ကြပြီ။
- ယေရမိအနာဂတ္တိကျမ်း 19:6ခရစ်တော် မပေါ်မီ 607 ခန့်
သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအရပ်ကို တောဖက်အရပ်ဟူ၍မခေါ်၊ ဟိန္နုံသား၏ ချိုင့်ဟူ၍မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 19:7ခရစ်တော် မပေါ်မီ 607 ခန့်
ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည် သော အကြံအစည်ကို ဤအရပ်၌ ငါဖျက်မည်။ ရန်သူ၏ ထားဖြင့်၎င်း၊ သတ်ခြင်းငှါ ရှာသောသူ၏ လက်ဖြင့်၎င်း၊ သူတို့ကို ငါဆုံးစေမည်။ သူတို့အသေကောင် များကိုလည်း မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲစားစရာဘို့ ငါထား မည်။
- ယေရမိအနာဂတ္တိကျမ်း 19:8ခရစ်တော် မပေါ်မီ 607 ခန့်
ဤမြို့ကိုလည်း လူဆိတ်ညံရာ၊ ကဲ့ရဲ့သံကို ကြားရာအရပ်ဖြစ်စေမည်။ လမ်း၌ရှောက်သွားသမျှသော သူတို့သည် ဤမြို့ခံရသော ဘေးအလုံးစုံတို့ကို မြင်သော အခါ၊ အံ့ဩ၍ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 19:9ခရစ်တော် မပေါ်မီ 607 ခန့်
သတ်ခြင်းငှါ ရှာကြံသောရန်သူများတို့သည် ဝိုင်း၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ်လျက် နေ၍၊ ကိုယ်သားသမီး အသားကို ငါစားစေမည်။ အချင်း ချင်းတယောက်အသားကို တယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊
- ယေရမိအနာဂတ္တိကျမ်း 19:10ခရစ်တော် မပေါ်မီ 607 ခန့်
သင်နှင့်အတူ သွားသောသူတို့ရှေ့တွင်၊ ရေဘူး ကိုခွဲလော့။
- ယေရမိအနာဂတ္တိကျမ်း 19:11ခရစ်တော် မပေါ်မီ 607 ခန့်
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက၊ နောက်တဖန်မပြင်နိုင်အောင် ရေဘူးကို ခွဲသကဲ့သို့၊ ဤလူများနေသော ဤမြို့ကို ငါခွဲမည်။ တောဖက်အရပ်၌ သင်္ဂြိုဟ်ရာမြေ မလောက်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 19:12ခရစ်တော် မပေါ်မီ 607 ခန့်
ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဤသို့ ငါပြု၍ ဤမြို့ကို တောဖက်အရပ်ကဲ့သို့ ဖြစ်စေမည်။
- ယေရမိအနာဂတ္တိကျမ်း 19:13ခရစ်တော် မပေါ်မီ 607 ခန့်
အကြင်အိမ်မိုးအပေါ်မှာ ကောင်းကင်တန်ဆာ ရှိသမျှုတို့အား နံ့သာပေါင်းကို မီးရှို့၍၊ အခြားတပါးသော ဘုရားများရှေ့၌ သွန်းလောင်းရာပူဇော်သက္ကာပြု၏။ ထိုအိမ်ရှိသမျှတို့နှင့်တကွ ယေရုရှလင်မြို့ အိမ်များ၊ ယုဒ ရှင်ဘုရင်၏ နန်းတော်များတို့သည် တောဖက်အရပ်ကဲ့သို့ မစင်ကြယ်ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 19:14ခရစ်တော် မပေါ်မီ 607 ခန့်
ထိုအခါ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရား စေလွှတ်တော်မူရာ တောဖက်အရပ်က၊ ယေရမိသည် ပြန်လာ၍ ဗိမာန်တော်တန်တိုင်း၌ ရပ်လျက်၊
- ယေရမိအနာဂတ္တိကျမ်း 19:15ခရစ်တော် မပေါ်မီ 607 ခန့်
ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့သားတို့သည် ငါ့စကားကို နားမထောင်ခြင်းငှါ၊ မိမိတို့ လည်ပင်းကို ခိုင်မာစေသောကြောင့်၊ ငါခြိမ်းသမျှ သောဘေးဒဏ်တို့ကို၊ ဤမြို့ရွာရှိသမျှတို့အပေါ်မှာ သက်ရောက်စေမည်ဟူသော အမိန့်တော်ကို လူအပေါင်း တို့အား ဆင့်ဆိုလေ၏။
- ယေရမိအနာဂတ္တိကျမ်း 20:1ခရစ်တော် မပေါ်မီ 607 ခန့်
ထိုသို့ယေရမိဟောပြောကြောင်းကို၊ ဗိမာန်တော် မှူးဖြစ်သော ယဇ်ပုရောဟိတ် ဣမေရသား ပါရှုရသည် ကြားသောအခါ၊
- ယေရမိအနာဂတ္တိကျမ်း 20:2ခရစ်တော် မပေါ်မီ 607 ခန့်
ပရောဖက် ယေရမိကို ရိုက်ပုတ်၍၊ ဗိမာန်တော် နားမှာ ဗင်္ယာမိန် အထက်တံခါးဝတွင် ထိတ်ခတ်၍ ထား၏။
- ယေရမိအနာဂတ္တိကျမ်း 20:3ခရစ်တော် မပေါ်မီ 607 ခန့်
နက်ဖြန်နေ့၌ ပါရှုရသည် ယေရမိကို ထိတ်မှ လွှတ်သောအခါ၊ ယေရမိက၊ ထာဝရဘုရားသည် သင့်ကို ပါရှုရဟူ၍ မှည့်တော်မမူ။ မာဂေါမိဿဘိတ်ဟူ၍ မှည့် တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 20:4ခရစ်တော် မပေါ်မီ 607 ခန့်
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် သင်နှင့်သင်၏ အဆွေခင်ပွန်းတို့၌၊ သင့်ကိုကြောက်မက် ဘွယ်သော အရာဖြစ်စေမည်။ သူတို့သည်လည်း၊ သင့် မျက်မှောက်၌ ရန်သူ၏ထားဖြင့် ဆုံးကြလိမ့်မည်။ ယုဒ ပြည်တပြည်လုံးကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ် သဖြင့်၊ သူသည် ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွား ၍၊ ထားနှင့်သတ်လိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 20:5ခရစ်တော် မပေါ်မီ 607 ခန့်
ဤမြို့၏ အစွမ်းသတ္တိရှိသမျှကို၎င်း၊ လုပ်ဆောင် ၍ ရသမျှသော ဥစ္စာကို၎င်း၊ ဆည်းဖူးသမျှသော ရတနာ ကို၎င်း၊ ယုဒရှင်ဘုရင်၏ ဘဏ္ဍာတော် အလုံးစုံတို့ကို၎င်း၊ ရန်သူလက်သို့ ငါအပ်သဖြင့်၊ ရန်သူတို့သည် လုယက်၍ ဗာဗုလုန်မြို့သို့ သိမ်းသွားကြလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 20:6ခရစ်တော် မပေါ်မီ 607 ခန့်
သင်ပါရှုရနှင့် သင်၏အိမ်သူ အိမ်သားအပေါင်း တို့ကိုလည်း သိမ်းသွားကြလိမ့်မည်။ သင်သည် ဗာဗုလုန် မြို့သို့ ရောက်ရလိမ့်မည်။ သင်ဟောပြောသော မုသာ စကားကို နားထောင်သော သင်၏အဆွေခင်ပွန်း အပေါင်းတို့နှင်တကွ၊ သင်သည် ထိုမြို့၌ သေ၍သင်္ဂြိုဟ် ခြင်းကို ခံရလိမ့်မည်ဟု ပါရှုရအားပြောဆို၏။
- ယေရမိအနာဂတ္တိကျမ်း 20:7ခရစ်တော် မပေါ်မီ 607 ခန့်
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း အကျွန်ုပ်လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။ အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို နေ့တိုင်းခံရပါ၏။ လူတိုင်း ပြက်ပြယ်ခြင်းကို ပြုတတ်ကြပါ၏။