circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ယေရမိအနာဂတ္တိကျမ်း 20:8ခရစ်တော် မပေါ်မီ 607 ခန့်
အကျွန်ုပ်သည် ဟောပြောလေရာရာ၌ အနိုင် အထက်ပြုခြင်း၊ ညှဉ်းဆဲခြင်းအမှုကြောင့် အော်ဟစ်၍ ကြွေးကြော်ရပါ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် အကျွန်ုပ်၌ ကဲ့ရဲ့ခြင်း၊ အစဉ်ပြက်ပြယ်ခြင်းကို ခံစေရာအကြောင်း ဖြစ်ပါ၏။
- ယေရမိအနာဂတ္တိကျမ်း 20:9ခရစ်တော် မပေါ်မီ 607 ခန့်
ထိုကြောင့်၊ ငါသည် နှုတ်ကပတ်တော်ကို မကြား မပြော၊ နာမတော်ကို အမှီပြု၍ မဟောဘဲနေမည်ဟု သဘောထားသော်လည်း၊ ငါ့အရိုးတို့၌ ချုပ်ထား၍၊ လောင်သောမီးကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့နှလုံး၌ ဖြစ်သောကြောင့်၊ အလွန်ငြီးငွေ့သဖြင့် အောင့်၍မနေနိုင်၊
- ယေရမိအနာဂတ္တိကျမ်း 20:10ခရစ်တော် မပေါ်မီ 607 ခန့်
လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ် သိမ်းသော အရပ်တို့၌ ကြောက်မက်ဘွယ်သော အကြောင်းရှိ၏။ သူတပါးတို့က သိတင်းကို ကြားပြော ကြလော့။ ငါတို့သည် တဆင့်ကြားပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ၏အနားမှာ အစဉ်နေသော ငါ၏မိတ်ဆွေ အပေါင်းတို့က၊ ငါတို့သည် သူ့ကိုနိုင်၍ အငြိုးထားသော စိတ်ပြေစေခြင်းငှါ၊ သူ့ကို သွေးဆောင်ကောင်း သွေး ဆောင်လိမ့်မည်ဟု ဆိုကြ၏။
- ယေရမိအနာဂတ္တိကျမ်း 20:11ခရစ်တော် မပေါ်မီ 607 ခန့်
သို့သော်လည်း၊ ထာဝရဘုရားသည် အားကြီး သော သူရဲကဲ့သို့ ငါ့ဘက်၌ ရှိတော်မူ၏။ ထိုကြောင့်၊ ငါ့ကိုညှဉ်းဆဲသော သူတို့သည် မနိုင်ဘဲ ထိမိ၍ လဲကြ လိမ့်မည်။ အကြံမမြောက်သောကြောင့် အလွန်ရှက်ကြ လိမ့်မည်။ မပြေမပျောက်နိုင်သော ထာဝရရှက်ကြောက် ခြင်း ရှိကြလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 20:12ခရစ်တော် မပေါ်မီ 607 ခန့်
ဖြောင့်မတ်သော သူတို့ကို စုံစမ်း၍၊ နှလုံး ကျောက်ကပ်သဘောကို သိမြင်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ရှေ့တော်၌ ဖွင့်ပြပါသည်ဖြစ်၍၊ သူတို့၌ အပြစ်ဒဏ် စီရင်တော်မူကြောင်းကို အကျွန်ုပ်မြင်ရပါလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 20:13ခရစ်တော် မပေါ်မီ 607 ခန့်
ထာဝရဘုရားအား သီချင်းဆိုကြလော့။ ထာဝရ ဘုရားကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ မတရား သဖြင့် ပြုသော သူတို့လက်မှ၊ ဆင်းရဲသောသူကို ကယ်နှုတ်တော်မူသတည်း။
- ယေရမိအနာဂတ္တိကျမ်း 20:14ခရစ်တော် မပေါ်မီ 607 ခန့်
ငါဘွားသော နေ့ရက်သည် အမင်္ဂလာရှိပါစေ သော။ ငါ့ကို ငါ့အမိဘွားသော နေ့ရက်သည် ကောင်းကြီး မင်္ဂလာကို မခံပါစေနှင့်။
- ယေရမိအနာဂတ္တိကျမ်း 20:15ခရစ်တော် မပေါ်မီ 607 ခန့်
ငါ့အဘထံသို့သွား၍၊ ကိုယ်တော်သည် သား ယောက်ျားကို ရပါပြီဟု သိတင်းပြောလျက်၊ ငါ့အဘကို အလွန်ဝမ်းမြောက်စေသော သူသည် အမင်္ဂလာရှိပါ စေသော။
- ယေရမိအနာဂတ္တိကျမ်း 20:16ခရစ်တော် မပေါ်မီ 607 ခန့်
ထာဝရဘုရားသည် နောင်တမရ၊ ဖျက်ဆီးတော် မူသော မြို့တို့ကဲ့သို့၊ ထိုသူသည်ဖြစ်ပါစေသော။ နံနက် အချိန်၌ ကြွေးကြော်သံကို၎င်း၊ မွန်းတည့်အချိန်၌ အော် ဟစ်သံကို၎င်း ကြားပါစေသော။
- ယေရမိအနာဂတ္တိကျမ်း 20:17ခရစ်တော် မပေါ်မီ 607 ခန့်
အကြောင်းမူကား၊ သူသည် ငါ့ကိုဘွားစကပင် မသတ်ဘဲ၊ ငါ့အမိ၏ ဝမ်းသည်ငါ၏ သင်္ချိုင်းဖြစ်၍၊ ငါ့ကိုအစဉ် ကိုယ်ဝန်ဆောင်မည် အကြောင်းမပြုဘဲ နေပါ သည်တကား။
- ယေရမိအနာဂတ္တိကျမ်း 20:18ခရစ်တော် မပေါ်မီ 607 ခန့်
ငါသည် ပူပန်ခြင်း၊ ဝမ်းနည်းခြင်းကို ခံရမည် အကြောင်းနှင့် ရှက်ကြောက်ခြင်းအားဖြင့် ကိုယ်အသက် ကို လွန်စေရမည်အကြောင်း၊ အဘယ်ကြောင့် ငါ့ကို ဘွားမြင်ရပါသနည်း။
- ယေရမိအနာဂတ္တိကျမ်း 21:1ခရစ်တော် မပေါ်မီ 589 ခန့်
ဇေဒကိမင်းကြီးသည် မေလခိသား ပါရှုရနှင့်၊ ယဇ်ပုရောဟိတ် မာသေယသား ဇေဖနိတို့ကို ယေရမိ ထံသို့စေလွှတ်၍၊
- ယေရမိအနာဂတ္တိကျမ်း 21:2ခရစ်တော် မပေါ်မီ 589 ခန့်
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ငါတို့ကို စစ်တိုက်သည်ဖြစ်၍၊ သူ့ကို ငါ့တို့ထံမှ ပြန်သွား စေခြင်းငှါ၊ ထာဝရဘုရားသည် အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူသမျှအတိုင်း၊ ငါတို့၌ တဖန်ပြုတော်မူမည် အကြောင်း၊ ငါတို့အတွက် ထာဝရဘုရားကို တောင်းပန် ပါလော့ဟု မိန့်တော်မူသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၍၊
- ယေရမိအနာဂတ္တိကျမ်း 21:3ခရစ်တော် မပေါ်မီ 589 ခန့်
ယေရမိက၊ သင်တို့သည် ဇေဒကိမင်းကြီးအား ပြန်ပြောရမည်မှာ၊
- ယေရမိအနာဂတ္တိကျမ်း 21:4ခရစ်တော် မပေါ်မီ 589 ခန့်
ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏မြို့ပြင်မှာ တပ်စွဲ၍ နေသော ဗာဗုလုန်ရှင်ဘုရင်၊ ခါလဒဲအမျိုးသားတို့ကို စစ်တိုက်လျက်၊ သင်တို့စွဲကိုင်သော လက်နက်များကို ငါလွဲစေမည်။ ထိုသူတို့ကို မြို့ထဲ၌ ငါစည်းဝေးစေမည်။
- ယေရမိအနာဂတ္တိကျမ်း 21:5ခရစ်တော် မပေါ်မီ 589 ခန့်
ငါ့ကိုယ်တိုင်လည်း အလွန်ပြင်းစွာ ထွက်သော အမျက်အရှိန်အားကြီး၍၊ ဆန့်သောလက်၊ သန်စွမ်းသော လက်ရုံးနှင့် သင်တို့ကို တိုက်မည်။
- ယေရမိအနာဂတ္တိကျမ်း 21:6ခရစ်တော် မပေါ်မီ 589 ခန့်
ဤမြို့၌နေသော လူသတ္တဝါတိရစ္ဆာန်တို့ကို ငါသည် ဒဏ်ခတ်၍၊ ပြင်းစွာသောကာလနာဖြင့် သေရ ကြလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 21:7ခရစ်တော် မပေါ်မီ 589 ခန့်
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနောက် မှ နာဘေး၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် လွတ်၍၊ ကျန်ကြွင်းသော မြို့သားတည်းဟူသော ယုဒရှင်ဘုရင် ဇေဒကိမှစ၍ သူ၏ကျွန်များ၊ သူ၏လူများတို့ကို၊ ဗာဗု လုန်ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသော ရန်သူများ၊ သတ်ချင်သော သူများလက်သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်း ကရုဏာမရှိ၊ မစုံမက်၊ မနှမြောဘဲ၊ ထားနှင့် ကွပ်မျက်လိမ့်မည်ဟု ဆင့်ဆိုလေ၏။
- ယေရမိအနာဂတ္တိကျမ်း 21:8ခရစ်တော် မပေါ်မီ 589 ခန့်
ထာဝရဘုရားကလည်း၊ သင်သည် ဤလူမျိုးတို့ အား ဆင့်ဆိုရသော ထာဝရဘုရား၏ အမိန့်တော်ဟူ မူကား၊ အသက်ရှင်ရာလမ်း၊ သေရာလမ်းတို့ကို သင်တို့ ရှေ့မှာ ငါဖွင့်ထား၏။
- ယေရမိအနာဂတ္တိကျမ်း 21:9ခရစ်တော် မပေါ်မီ 589 ခန့်
ဤမြို့ထဲမှာနေသော သူသည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာခြင်းဘေးဖြင့် သေလိမ့်မည်။ မြို့ပြင်သို့ထွက်၍၊ မြို့ပြင်မှာ တပ်စွဲလျက်နေသော ခါလဒဲလူတို့ဘက်သို့ ဝင်စားသော သူသည် အသက် ချမ်းသာ၍ လုယူရသော ဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 21:10ခရစ်တော် မပေါ်မီ 589 ခန့်
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ကျေးဇူးပြု၍၊ အပြစ်ပြုခြင်းငှါ ငါသည် မျက်နှာထား သည်ဖြစ်၍၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ် သဖြင့်၊ သူသည် မီးရှို့လိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 21:11ခရစ်တော် မပေါ်မီ 589 ခန့်
ယုဒရှင်ဘုရင် အမျိုးကို ရည်မှတ်၍၊ ထာဝရ ဘုရား မိန့်တော်မူသော စကားတော်ကို နားထောင် ကြလော့။
- ယေရမိအနာဂတ္တိကျမ်း 21:12ခရစ်တော် မပေါ်မီ 589 ခန့်
အို ဒါဝိဒ်မင်းကြီးအမျိုး၊ ထာဝရဘုရား မိန့်တော် မူသည်ကား၊ မဆိုင်းမလင့်၊ တရားသဖြင့် စီရင်ကြလော့။ လုယူခြင်းခံရသော သူကို ညှဉ်းဆဲသောသူ၏ လက်မှ ကယ်နှုတ်ကြလော့။ သို့မဟုတ်၊ သင်တို့ပြုသော ဒုစရိုက် အပြစ်ကြောင့်၊ ငါ့အမျက်သည် မီးကဲ့သို့ဖြစ်၍၊ အဘယ်သူ မျှမသတ်နိုင်အောင်လောင်လိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 21:13ခရစ်တော် မပေါ်မီ 589 ခန့်
ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုချိုင့်၌ နေသောသူ၊ အိုလွင်ပြင်၌ရှိသော ကျောက်၊ သင့်တဘက်၌ ငါနေ၏။ သင်တို့က၊ ငါတို့ကို အဘယ်သူ စစ်တိုက်နိုင်မည် နည်း။ ငါတို့ နေရာထဲသို့ အဘယ်သူ ဝင်နိုင်မည်နည်းဟု ဆိုတတ်သော်လည်း၊
- ယေရမိအနာဂတ္တိကျမ်း 21:14ခရစ်တော် မပေါ်မီ 589 ခန့်
သင်တို့ အကျင့်နှင့် ထိုက်လျောက်အောင် အပြစ် ဒဏ်ကို ငါပေးမည်။ သင်တို့တောကို ငါရှို့သော မီးသည်၊ ပင်လည်၌ရှိသမျှသောအရာတို့ကို လောင်လိမ့်မည်ဟု မိန့်တော်မူ၏။