circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ယေရမိအနာဂတ္တိကျမ်း 23:21ခရစ်တော် မပေါ်မီ 605 ခန့်
ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြ ပြီ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ။
- ယေရမိအနာဂတ္တိကျမ်း 23:22ခရစ်တော် မပေါ်မီ 605 ခန့်
ထိုသူတို့သည် ငါနှင့် တိုင်ပင်ဘက်ပြုလျှင်၊ ငါ့စကားကို ငါ၏ လူမျိုးအားဆင့်ဆို၍၊ ငါ၏လူမျိုးကို မတရားသော လမ်းမှ၎င်း၊ မကောင်း သောအကျင့်ဓလေ့ မှ၎င်း လွဲသွားစေကြပြီ။
- ယေရမိအနာဂတ္တိကျမ်း 23:23ခရစ်တော် မပေါ်မီ 605 ခန့်
ငါသည်နီးသော အရပ်၌သာ ဘုရားဖြစ် သလော။ ဝေးသော အရပ်၌လည်း ဘုရားဖြစ်သည် မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 23:24ခရစ်တော် မပေါ်မီ 605 ခန့်
ငါမမြင်စေခြင်းငှါ အဘယ်သူသည် မထင်ရှား သော အရပ်၌ ပုန်းရှောင်၍ နေနိုင်သနည်းဟု ထာဝရ ဘုရားမေးတော်မူ၏။ ငါသည် ကောင်းကင်မြေကြီးကို နှံ့ပြားသည် မဟုတ်လောဟု ထာဝရဘုရား မေးတော် မူ၏။
- ယေရမိအနာဂတ္တိကျမ်း 23:25ခရစ်တော် မပေါ်မီ 605 ခန့်
ငါသည် အိပ်မက်မြင်ပြီ၊ အိပ်မက်မြင်ပြီဟု၊ ငါ့နာမကို အမှီပြု၍၊ မုသာဖြင့် ဟောပြောသော ပရောဖက်တို့၏ စကားကို ငါကြားပြီ။
- ယေရမိအနာဂတ္တိကျမ်း 23:26ခရစ်တော် မပေါ်မီ 605 ခန့်
ထိုပရောဖက်တို့သည် အဘယ်မျှကာလပတ်လုံး ဤသို့ကြံစည် ကြလိမ့်မည်နည်း။ သူတို့သည် မုသာစကား ကို ဟောပြောတတ်ကြ၏။ ကိုယ်စိတ်နှလုံး လှည့်စားသည် အတိုင်း ဟောပြောတတ်ကြ၏။
- ယေရမိအနာဂတ္တိကျမ်း 23:27ခရစ်တော် မပေါ်မီ 605 ခန့်
ဘိုးဘေးတို့သည် ဗာလကြောင့် ငါ့နာမကို မေ့လျော့သကဲ့သို့၊ သူတို့သည် အိမ်နီးချင်းတယောက်ကို တယောက်ပြောတတ်သော အိပ်မက်များအားဖြင့် ငါ၏ လူမျိုးသည် ငါ့နာမကို မေ့လျော့စေမည်ဟု အကြံရှိကြ သည်တကား။
- ယေရမိအနာဂတ္တိကျမ်း 23:28ခရစ်တော် မပေါ်မီ 605 ခန့်
အိပ်မက်မြင်သော ပရောဖက်သည် အိပ်မက် စကားကို ပြောပါလေစေ။ ငါ၏နှုတ်ကပတ်တော်ကို ခံရ သော သူသည် နှုတ်ကပတ်စကားတော်ကို မှန်ကန်စွာ ဟောပြောပါလေစေ။ အဖျင်းသည်စပါးနှင့် အဘယ်သို့ ဆိုင်သနည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 23:29ခရစ်တော် မပေါ်မီ 605 ခန့်
ငါ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့၎င်း၊ ကျောက်ကို ထုချေသောသံတူကဲ့သို့၎င်း ဖြစ်သည်မဟုတ် လောဟု ထာဝရဘုရား မေးတော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 23:30ခရစ်တော် မပေါ်မီ 605 ခန့်
သို့ဖြစ်၍၊ ငါ့စကားတော်ကို အိမ်နီးချင်း တယောက်မှတယောက်ခိုးသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 23:31ခရစ်တော် မပေါ်မီ 605 ခန့်
မိမိတို့အလိုအလျောက် ဟောပြောလျက်နှင့် အမိန့်တော်ရှိသည်ဟုဆိုသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 23:32ခရစ်တော် မပေါ်မီ 605 ခန့်
မှားသာအိပ်မက်ကိုဟောပြော၍၊ မုသာစကား နှင့် အချည်းနှီးစကားအားဖြင့် ငါ၏လူမျိုးကိုမှားယွင်း စေသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်။ သူတို့ကို ငါမစေလွှတ်၊ မမှာထားသောကြောင့်၊ ဤလူမျိုး သည် ကျေးဇူးမရှိဟု ထာဝရဘုရား မိန့်တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 23:33ခရစ်တော် မပေါ်မီ 605 ခန့်
ဤလူမျိုးတွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက် ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ၊ တစုံတယောက်က၊ ထာဝရဘုရား၏ ဗျာဒိတ်တော်အဘယ်သို့နည်းဟု သင့်ကို မေးလျှင်၊ ပြန်ပြောရမည်မှာ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ်တော်ဟူမူကား၊ သင်တို့ကို ငါစွန့်ပစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 23:34ခရစ်တော် မပေါ်မီ 605 ခန့်
ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု ပြော ဆိုသော ပရောဖက်၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သား ကို၎င်း၊ ထိုသူ၏ အိမ်သူအိမ်သားတို့ကို၎င်း၊ ငါသည် ဒဏ်ပေးမည်။
- ယေရမိအနာဂတ္တိကျမ်း 23:35ခရစ်တော် မပေါ်မီ 605 ခန့်
သင်တို့က၊ ထာဝရဘုရားသည် အဘယ်သို့ ပြန်ပြောတော်မူသနည်းဟူ၍၎င်း၊ အဘယ်သို့ မိန့်တော်မူသနည်းဟူ၍၎င်း၊ အိမ်နီးချင်း၊ ညီအစ်ကို ချင်း တယောက်ကိုတယောက် မေးမြန်းရမည်။
- ယေရမိအနာဂတ္တိကျမ်း 23:36ခရစ်တော် မပေါ်မီ 605 ခန့်
ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူ၍ နောက်တဖန် မဆိုရ။ လူတိုင်းမိမိစကားမှတပါး အခြား သောဗျာဒိတ်တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရား၊ ငါတို့၏ ဘုရားသခင် တည်းဟူသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ စကားတော်ကို ဖျက်ကြပြီ။
- ယေရမိအနာဂတ္တိကျမ်း 23:37ခရစ်တော် မပေါ်မီ 605 ခန့်
ထာဝရဘုရားသည် သင့်အား အဘယ်သို့ ပြန်ပြောတော်မူသနည်း။ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု ပရောဖက်ကို မေးလော့။
- ယေရမိအနာဂတ္တိကျမ်း 23:38ခရစ်တော် မပေါ်မီ 605 ခန့်
သင်တို့က၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ဟု ဆိုကြသည်ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု မဆိုရမည် အကြောင်း၊ ငါ ပညတ်သော်လည်း၊ သင်တို့သည် ထာဝရ ဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူသော စကားကို သုံးကြ သောကြောင့်၊
- ယေရမိအနာဂတ္တိကျမ်း 23:39ခရစ်တော် မပေါ်မီ 605 ခန့်
ငါသည် သင်တို့ကို၎င်း၊ သင်တို့နှင့် ဘိုးဘေးတို့ အား ငါပေးသော မြို့ကို၎င်း၊ ငါ့ထံမှ အကုန်အစင် ကျုံး၍ ပစ်လိုက်မည်။
- ယေရမိအနာဂတ္တိကျမ်း 23:40ခရစ်တော် မပေါ်မီ 605 ခန့်
အစဉ်အမြဲ မမေ့လျော့နိုင်သော ထာဝရကဲ့ရဲ့ ခြင်းနှင့် အရှက်ကွဲခြင်းကို သင်တို့အပေါ်မှာ သက်ရောက် စေမည်။
- ယေရမိအနာဂတ္တိကျမ်း 24:1ခရစ်တော် မပေါ်မီ 598 ခန့်
ထာဝရဘုရား ပြတော်မူသော ရူပါရုံဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင် ယောယကိမ်သားယေခါနိမင်းအစရှိသော ယုဒမှူးမတ် များ၊ လက်သမား၊ ပန်းပဲသမားများတို့ကို ယေရုရှလင်မြို့ မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောနောက်၊ ထာဝရဘုရား ၏ ဗိမာန်တော်ရှေ့၌ထားသော သင်္ဘော သဖန်းသီး တောင်းနှစ်လုံးသည် ထင်ရှားလေ၏။
- ယေရမိအနာဂတ္တိကျမ်း 24:2ခရစ်တော် မပေါ်မီ 598 ခန့်
တောင်းတလုံး၌ကား၊ အဦးမှည့်သော သင်္ဘော သဖန်းသီးကဲ့သို့ အလွန်ကောင်းသော သင်္ဘောသဖန်းသီး နှင့် ပြည့်လျက်ရှိ၏။ တလုံး၌ကား၊ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။
- ယေရမိအနာဂတ္တိကျမ်း 24:3ခရစ်တော် မပေါ်မီ 598 ခန့်
ထာဝရဘုရားကလည်း၊ ယေရမိ၊ သင်သည် အဘယ်အရာကို မြင်သနည်းဟုမေးတော်မူလျှင်၊ အကျွန်ုပ်သည် သင်္ဘောဖန်းသီးကို မြင်ပါ၏။ ကောင်း သော သင်္ဘောဖန်းသီးသည် အလွန်ကောင်းပါ၏။ ညံ့သော သင်္ဘေသဖန်းသီးသည် မစားနိုင်အောင် အလွန်ညံ့ပါသည်ဟု ပြန်လျှောက်၏။
- ယေရမိအနာဂတ္တိကျမ်း 24:4ခရစ်တော် မပေါ်မီ 598 ခန့်
တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
- ယေရမိအနာဂတ္တိကျမ်း 24:5ခရစ်တော် မပေါ်မီ 598 ခန့်
ဤအရပ်မှ ခါလဒဲပြည်သို့ ငါစေလွှတ်၍ သိမ်း သွားခြင်းကို ခံရသော ယုဒအမျိုးသားတို့သည်၊ ဤကောင်း သော သင်္ဘောသဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟု ငါဝန်ခံ မည်။