circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ယေရမိအနာဂတ္တိကျမ်း 24:6ခရစ်တော် မပေါ်မီ 598 ခန့်
သူတို့၌ ကျေးဇူးပြုမည်ဟု ငါကြံစည်၍၊ ဤပြည် သို့တဖန် ဆောင်ခဲ့ဦးမည်။ နောက်တဖန် မဖြိုမဖျက်ဘဲ တည်ဆောက်မည်။ မနှုတ် မပယ်ဘဲစိုက်ထားမည်။
- ယေရမိအနာဂတ္တိကျမ်း 24:7ခရစ်တော် မပေါ်မီ 598 ခန့်
ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၊ သူတို့ သိနိုင်သော စိတ်နှလုံးကို ငါပေးမည်။ သူတို့သည် ငါ၏လူ ဖြစ်ကြ၍၊ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်လိမ့် မည်။ ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့နှင့် ပြန်လာကြလိမ့် မည်။
- ယေရမိအနာဂတ္တိကျမ်း 24:8ခရစ်တော် မပေါ်မီ 598 ခန့်
မစားနိုင်အောင် အလွန်ညံ့သော သင်္ဘော သဖန်းသီးကဲ့သို့၊ ငါသည် ယုဒရှင်ဘုရင် ဇေဒကိမှစ၍၊ မှူးတော်မတ်တော်၊ ဤပြည်၌ ကျန်ကြွင်းသော ယေရု ရှလင်မြို့သား၊ အဲဂုတ္တုပြည်၌နေသော အမျိုးသားတို့ကို ဖြစ်စေမည်။
- ယေရမိအနာဂတ္တိကျမ်း 24:9ခရစ်တော် မပေါ်မီ 598 ခန့်
သူတို့သည် ငါနှင်ရာအရပ်ရပ်တို့၌ ကဲ့ရဲ့ခြင်း၊ ပုံခိုင်းခြင်း၊ ဆဲရေးခြင်း၊ ကျိန်ခြင်းတို့ကို ခံရမည် အကြောင်း၊ ငါသည် မြေပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့၌ နှောင့်ရှက်ညှဉ်းဆဲခြင်းသို့ သူတို့ကို အပ်လိုက်မည်။
- ယေရမိအနာဂတ္တိကျမ်း 24:10ခရစ်တော် မပေါ်မီ 598 ခန့်
သူတို့နှင့် သူတို့၏ ဘိုးဘေးတို့အား ငါပေးသော ပြည်မှ၊ သူတို့ကို မပယ်ရှင်းမှီတိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးကို သူတို့ရှိရာသို့ ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 25:1ခရစ်တော် မပေါ်မီ 606 ခန့်
ယုဒရှင်ဘုရင် ယောရှိမင်းကြီးသား ယောယ ကိမ်နန်းစံ စတုတ္ထနှစ်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ ပဌမနှစ်တွင်၊ ယုဒပြည်သားအပေါင်းတို့ကို ရည် မှတ်၍၊ ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်ကို၊
- ယေရမိအနာဂတ္တိကျမ်း 25:2ခရစ်တော် မပေါ်မီ 606 ခန့်
ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့ အား၊ ယေရမိဆင့်ဆိုဟောပြောရသည်ကား၊
- ယေရမိအနာဂတ္တိကျမ်း 25:3ခရစ်တော် မပေါ်မီ 606 ခန့်
ယုဒရှင်ဘုရင် အာမုန်သား ယောရှိနန်းစံ ဆယ် သုံးနှစ်မှစ၍ ယခုတိုင်အောင်၊ အနှစ်နှစ်ဆယ်သုံးနှစ်ပတ် လုံး ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်အတိုင်း၊ ငါသည် စောစောထ၍ အမိန့် တော်ကို အထပ်ထပ်ဆင့်ဆိုသော်လည်း၊ သင်တို့သည် နားမထောင်ဘဲ နေကြ၏။
- ယေရမိအနာဂတ္တိကျမ်း 25:4ခရစ်တော် မပေါ်မီ 606 ခန့်
ထာဝရဘုရားသည်လည်း၊ စောစောထ၍ မိမိကျွန် ပရောဖက်အပေါင်းတို့ကို၊ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်တော်မူသော်လည်း၊ သင်တို့သည် နားမထောင်ကြ။ အမိန့်တော်ကို ကြားခြင်းငှါ နားကို မလှည့်ဘဲ နေကြ၏။
- ယေရမိအနာဂတ္တိကျမ်း 25:5ခရစ်တော် မပေါ်မီ 606 ခန့်
ထိုပရောဖက်တို့က၊ သင်တို့အသီးအသီး လိုက် သောလမ်းဆိုးနှင့် အကျင့်ဆိုးများကို ပယ်ရှား၍၊ သင်တို့ နှင့် ဘိုးဘေးတို့အား ထာဝရဘုရားသည် အမြဲပေးတော် မူသော ပြည်၌ နေကြလော့။
- ယေရမိအနာဂတ္တိကျမ်း 25:6ခရစ်တော် မပေါ်မီ 606 ခန့်
အခြားတပါးသော ဘုရားနောက်သို့ လိုက်၍ ဝတ်မပြု၊ မကိုးကွယ်ကြနှင့်။ ကိုယ်လက်နှင့် လုပ်သော အရာများအားဖြင့်၊ ငါ၏အမျက်ကို မထွက်စေကြနှင့်။ ငါသည်လည်း၊ သင်တို့ကို မညှဉ်းဆဲဟု ဆင့်ဆိုကြ၏။
- ယေရမိအနာဂတ္တိကျမ်း 25:7ခရစ်တော် မပေါ်မီ 606 ခန့်
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ ဆင့်ဆိုကြသော်လည်း၊ သင်တို့သည် ကိုယ်၌အကျိုးနည်း ဖြစ်စေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သော အရာများအား ဖြင့်၊ ငါ၏အမျက်ကို ထွက်စေသော အခွင့်ရှိမည် အကြောင်း၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။
- ယေရမိအနာဂတ္တိကျမ်း 25:8ခရစ်တော် မပေါ်မီ 606 ခန့်
ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်သောကြောင့်၊
- ယေရမိအနာဂတ္တိကျမ်း 25:9ခရစ်တော် မပေါ်မီ 606 ခန့်
ဤပြည်နှင့် ပြည်သားများကို၎င်း၊ ပတ်ဝန်းကျင် ၌ရှိသော လူအမျိုးမျိုးတို့ကို၎င်း စစ်တိုက်စေခြင်းငှါ၊ ငါ၏ ကျွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာအစရှိသော မြောက်ပြည်သား အမျိုးမျိုးအပေါင်းတို့ကို ငါမှာလိုက်၍ ဆောင်ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး၍၊ ဤပြည်သားတို့ကို အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အစဉ်အမြဲ လူဆိတ်ညံရာ ဖြစ်စေမည်။
- ယေရမိအနာဂတ္တိကျမ်း 25:10ခရစ်တော် မပေါ်မီ 606 ခန့်
ဤသူတို့တွင် ဝမ်းမြောက်သော အသံ၊ ရွှင်လန်း သောအသံ၊ မင်္ဂလာဆောင်သတို့သား၏အသံ၊ သတို့သမီး ၏အသံ၊ ကြိတ်ဆုံသံနှင့် မီးခွက်အလင်းကို ငါကွယ် ပျောက်စေမည်။
- ယေရမိအနာဂတ္တိကျမ်း 25:11ခရစ်တော် မပေါ်မီ 606 ခန့်
ဤပြည်တရှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ ဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ် ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏ အမှုကို ဆောင် ရွက်ရကြလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 25:12ခရစ်တော် မပေါ်မီ 606 ခန့်
ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနှစ် ခုနစ်ဆယ်စေ့သောအခါ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏ နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ၏ အပြစ် ကြောင့်၊ ငါသည် သူတို့ကို ဒဏ်ပေး၍၊ ထိုနိုင်ငံကို အစဉ် အမြဲ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။
- ယေရမိအနာဂတ္တိကျမ်း 25:13ခရစ်တော် မပေါ်မီ 606 ခန့်
ငါခြိမ်းသောစကားများတည်းဟူသော ယေရမိ သည် ခပ်သိမ်းသော တိုင်းနိုင်ငံတို့တဘက်၌ ဟောပြော ၍၊ ဤစာ၌ရေးထားသော စကားရှိသမျှတို့ကို ခါလဒဲ တိုင်းနိုင်ငံအပေါ်မှာ ငါသက်ရောက်စေမည်။
- ယေရမိအနာဂတ္တိကျမ်း 25:14ခရစ်တော် မပေါ်မီ 606 ခန့်
များစွာသော လူမျိုးတို့နှင့် ကြီးသော ရှင်ဘုရင် တို့သည် ခါလဒဲပြည်သားတို့ကို စေစားကြလိမ့်မည်။ သူတို့ ကျင့်သော အကျင့်၊ သူတို့ကိုယ်တိုင်ပြုသော အမှုနှင့် အလျောက်၊ အကျိုးအပြစ်ကို ငါဆပ်ပေးမည်။
- ယေရမိအနာဂတ္တိကျမ်း 25:15ခရစ်တော် မပေါ်မီ 606 ခန့်
ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ကလည်း၊ အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှ မခံယူ လော့။ ငါသည်သင့်ကို စေလွှတ်သော လူမျိုးအပေါင်း တို့ကို သောက်စေလော့။
- ယေရမိအနာဂတ္တိကျမ်း 25:16ခရစ်တော် မပေါ်မီ 606 ခန့်
သူတို့အလယ်သို့ ငါစေလွှတ်သော ထားကြောင့် သူတို့သည် သောက်၍ ယစ်မူးတိမ်းယိမ်းခြင်းသို့ ရောက် ကြလိမ့်မည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း၊
- ယေရမိအနာဂတ္တိကျမ်း 25:17ခရစ်တော် မပေါ်မီ 606 ခန့်
ငါသည် ထာဝရဘုရား၏ လက်တော်မှ ထို ဖလားကိုခံယူ၍၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မူသော လူမျိုးအပေါင်းတို့ကို သောက်စေ၏။
- ယေရမိအနာဂတ္တိကျမ်း 25:18ခရစ်တော် မပေါ်မီ 606 ခန့်
ထိုလူမျိုးများဟူမူကား၊ ယနေ့ရှိသည်အတိုင်း လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ ကျိန်ဆဲ ရာဖြစ်စေခြင်းငှါ၊ သောက်ရသော ယေရုရှလင်မြို့သူ၊ ယုဒပြည်သား၊ ယုဒရှင်ဘုရင်များ၊ မှူးမတ်များ၊
- ယေရမိအနာဂတ္တိကျမ်း 25:19ခရစ်တော် မပေါ်မီ 606 ခန့်
အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင် အစရှိသော သူ၏ ကျွန်၊ မှူးမတ်၊ ပြည်သူပြည်သား၊ သူတို့နှင့် ရောနှောသော တပါးအမျိုး သားရှိသမျှ၊
- ယေရမိအနာဂတ္တိကျမ်း 25:20ခရစ်တော် မပေါ်မီ 606 ခန့်
ဥဇမင်းအပေါင်း၊ ဖိလိတ္တိမင်းအပေါင်း၊ အာရှ ကေလုန်ပြည်သား၊ ဂါဇပြည်သား၊ ဧကြုန်ပြည်သား၊ ကျန်ကြွင်းသော အာဇုတ်ပြည်သား၊