အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရမိအနာဂတ္တိကျမ်း 26:8ခရစ်တော် မပေါ်မီ 610 ခန့်

    လူများအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ၊ ထာဝရဘုရား မှာထားတော်မူသမျှသော စကားတော်ကို အကုန်အစင် ဟောပြောပြီးမှ၊ ယဇ်ပုရောဟိတ်၊ ပရော ဖက်၊ လူများအပေါင်းတို့သည် ယေရမိကို ဘမ်းဆီး၍၊ သင်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။

  2. ယေရမိအနာဂတ္တိကျမ်း 26:9ခရစ်တော် မပေါ်မီ 610 ခန့်

    ဤအိမ်တော်သည် ရှိလောရွာကဲ့သို့ ဖြစ်လိမ့် မည်။ ဤမြို့သည် လူမရှိ၊ ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည် ဟု သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ အဘယ်ကြောင့် ဟောသနည်းဟုပြောဆိုလျက်၊ လူများ အပေါင်းတို့သည် ဗိမာန်တော်တွင် ယေရမိတဘက်၌ စုဝေးကြ၏။

  3. ယေရမိအနာဂတ္တိကျမ်း 26:10ခရစ်တော် မပေါ်မီ 610 ခန့်

    ယုဒမှူးမတ်တို့သည် ထိုအမှုကို ကြားသိသော အခါ၊ နန်းတော်မှ ဗိမာန်တော်သို့လာ၍၊ ဗိမာန်တော် တံခါးသစ်အတွင်း၌ ထိုင်ကြ၏။

  4. ယေရမိအနာဂတ္တိကျမ်း 26:11ခရစ်တော် မပေါ်မီ 610 ခန့်

    ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က၊ ဤသူ သည် အသေခံထိုက်ပေ၏။ သင်တို့သည် ကိုယ်နားနှင့် ကြားသည်အတိုင်း၊ ဤမြို့ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောပါပြီတကားဟု မှူးမတ်အစရှိသော လူများ အပေါင်းတို့အား ပြောဆိုကြ၏။

  5. ယေရမိအနာဂတ္တိကျမ်း 26:12ခရစ်တော် မပေါ်မီ 610 ခန့်

    ယေရမိကလည်း၊ သင်တို့ကြားသမျှအတိုင်း၊ ဤအိမ်တော်နှင့် ဤမြို့တော်ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မူပြီ။

  6. ယေရမိအနာဂတ္တိကျမ်း 26:13ခရစ်တော် မပေါ်မီ 610 ခန့်

    ယခုမှာသင်တို့၏ ကျင့်ကြံပြုမူခြင်းတို့ကို ပြောင်း လဲကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ထာဝရ ဘုရားသည် သင်တို့၌ ဘေးဥပဒ်ရောက်စေမည်ဟု ခြိမ်းတော်မူသော်လည်း၊ တဖန် နောင်တရတော်မူလိမ့် မည်။

  7. ယေရမိအနာဂတ္တိကျမ်း 26:14ခရစ်တော် မပေါ်မီ 610 ခန့်

    ငါမူကား၊ သင်တို့လက်၌ရှိပါ၏။ သင်တို့စိတ်၌ ဖြောင့်မတ်လျောက်ပတ်သည်ဟု ထင်သည်အတိုင်း၊ ငါ့ကို ပြုကြလော့။

  8. ယေရမိအနာဂတ္တိကျမ်း 26:15ခရစ်တော် မပေါ်မီ 610 ခန့်

    သို့ရာတွင်၊ ငါ့ကို သတ်လျှင်အပြစ်မရှိသော အသွေးကို သင်တို့သည် ကိုယ်အပေါ်သို့၎င်း၊ ဤမြို့နှင့် မြို့သားတို့အပေါ်သို့၎င်း၊ စင်စစ်ရောက်စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ်ကြလော့။ ဤစကား အလုံးစုံတို့ကို သင်တို့အား ကြားပြောမည်အကြောင်း၊ ထာဝရဘုရား သည် ငါ့ကို စင်စစ်စေလွှတ်တော်မူပြီဟု မှူးမတ်အစ ရှိသော လူများအပေါင်းတို့အား ပြောဆိုလေ၏။

  9. ယေရမိအနာဂတ္တိကျမ်း 26:16ခရစ်တော် မပေါ်မီ 610 ခန့်

    ထိုအခါမှူးမတ်အစရှိသော လူများအပေါင်းတို့ က၊ ဤသူသည် အသေခံထိုက်သည်မဟုတ်။ ငါတို့ဘုရား သခင် ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ ငါတို့ အား ဟောပြောလေပြီဟု ယဇ်ပုရောဟိတ်နှင့် ပရောဖက် တို့အား ပြောဆိုကြ၏။

  10. ယေရမိအနာဂတ္တိကျမ်း 26:17ခရစ်တော် မပေါ်မီ 610 ခန့်

    ပြည်သားအသက်ကြီးသူ အချို့ကလည်း၊

  11. ယေရမိအနာဂတ္တိကျမ်း 26:18ခရစ်တော် မပေါ်မီ 610 ခန့်

    ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မေရရှရွာ သားမိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန် တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ် လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။

  12. ယေရမိအနာဂတ္တိကျမ်း 26:19ခရစ်တော် မပေါ်မီ 610 ခန့်

    ထိုအခါ ယုဒပြည်သားအပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင် ဟေဇကိသည် ထိုပရောဖက်ကို သတ် သလော။ ထိုမင်းသည် ထာဝရဘုရားကို ကြောက်ရွံသည် မဟုတ်လော။ ရှေ့တော်၌ တောင်းပန်သည် မဟုတ်လော။ ထာဝရဘုရားသည် သူတို့၌ ဘေးဥပဒ်ကို ရောက်စေမည် ဟု ခြိမ်းတော်မူသော်လည်း၊ တဖန်နောင်တရတော်မူ သည် မဟုတ်လော။ ငါတို့မူကား၊ ကိုယ်အကျိုးကို ဖျက်ဆီး ခြင်းငှါ ပြုကြသည်တကားဟု စည်းဝေးသောသူ အပေါင်း တို့အား ပြောဆိုကြ၏။

  13. ယေရမိအနာဂတ္တိကျမ်း 26:20ခရစ်တော် မပေါ်မီ 610 ခန့်

    ကိရယတ်ယာရိမ်မြို့နေ၊ ရှေမာယ၏သား ဥရိယသည်လည်း၊ ထာဝရဘုရား၏ နာမတော်ကို အမှီ ပြု၍၊ ထိုမြို့နှင့် ထိုပြည်တဘက်၌ ပရောဖက်ပြု၍၊ ယေရမိ ဟောပြောသောစကားနှင့် တညီတည်းဟောပြော၏။

  14. ယေရမိအနာဂတ္တိကျမ်း 26:21ခရစ်တော် မပေါ်မီ 610 ခန့်

    ယောယကိမ် မင်းကြီးနှင့် မင်းများ၊ မှူးမတ်များ အပေါင်းတို့သည် ထိုပရောဖက်၏ စကားကို ကြားသော အခါ၊ သူ့ကို သတ်အံ့သောငှါ မင်းကြီးသည် ရှာကြံ၏။ ထိုသိတင်းကိုကြားလျှင်၊ ဥရိယသည်ကြောက်၍၊ အဲဂုတ္တု ပြည်သို့ ပြေးသွားလေ၏။

  15. ယေရမိအနာဂတ္တိကျမ်း 26:22ခရစ်တော် မပေါ်မီ 610 ခန့်

    ယောယကိမ်မင်းကြီးသည် အာခဗော်သား ဧလနာသန်နှင့်တကွ လူအချို့တို့ကို အဲဂုတ္တုပြည်သို့ စေလွှတ်၍၊

  16. ယေရမိအနာဂတ္တိကျမ်း 26:23ခရစ်တော် မပေါ်မီ 610 ခန့်

    ထိုသူတို့သည် ဥရိယကို အဲဂုတ္တုပြည်မှ ယောယ ကိမ်မင်းထံသို့ ပို့ဆောင်သဖြင့်၊ မင်းကြီးသည် ဥရိယကို ထားနှင့် သတ်၍၊ အသေကောင်ကို ဆင်းရဲသားတို့၏ သင်္ချိုင်း၌ ပစ်ထားလေ၏။

  17. ယေရမိအနာဂတ္တိကျမ်း 26:24ခရစ်တော် မပေါ်မီ 610 ခန့်

    သို့သော်လည်း၊ ရှာဖန်သားအဟိကံသည် ယေရမိကို မစသောကြောင့်၊ အသေခံစေခြင်းငှါ လူများ တို့ လက်သို့မအပ်ရ။

  18. ယေရမိအနာဂတ္တိကျမ်း 27:1ခရစ်တော် မပေါ်မီ 595 ခန့်

    ယုဒရှင်ဘုရင် ယောရှိသား ဇေဒကိမင်းနန်းထိုင် စက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊

  19. ယေရမိအနာဂတ္တိကျမ်း 27:2ခရစ်တော် မပေါ်မီ 595 ခန့်

    ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ကြိုးနှင့်ထမ်း ဘိုးများကိုလုပ်၍၊ သင်၏လည်ပင်း၌ တပ်လော့။

  20. ယေရမိအနာဂတ္တိကျမ်း 27:3ခရစ်တော် မပေါ်မီ 595 ခန့်

    ယုဒရှင်ဘုရင်ဇေဒကိထံ၊ ယေရုရှလင်မြို့သို့ ရောက်လာသော သံတမန်တို့တွင်၊ ထိုကြိုးနှင့် ထမ်းဘိုး တို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်း သို့ ပေးလိုက်လော့။

  21. ယေရမိအနာဂတ္တိကျမ်း 27:4ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင်တို့ အရှင်များတို့အား ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊

  22. ယေရမိအနာဂတ္တိကျမ်း 27:5ခရစ်တော် မပေါ်မီ 595 ခန့်

    ငါသည် မဟာတန်ခိုးနှင့်လက်ရုံးကို ဆန့်လျက် မြေကြီးကို၎င်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကို၎င်း ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အား ပေး၏။

  23. ယေရမိအနာဂတ္တိကျမ်း 27:6ခရစ်တော် မပေါ်မီ 595 ခန့်

    ယခုမှာ ဤပြည်ရှိသမျှတို့ကို ငါ့ကျွန်ဗာဗုလုန် ရှင်ဘုရင်၊ နေဗုခဒ်နေဇာလက်သို့ ငါအပ်ပေးပြီ။ သူစေစားဘို့ရာ တောတိရစ္ဆာန်များကိုလည်း ငါပေးပြီ။

  24. ယေရမိအနာဂတ္တိကျမ်း 27:7ခရစ်တော် မပေါ်မီ 595 ခန့်

    သူ၏နိုင်ငံ ဆုံးချိန်မရောက်မှီတိုင်အောင်၊ ဤ ပြည်သားအပေါင်းတို့သည် သူ၏အမှုနှင့် သူ၏သားမြေး အမှုကို ဆောင်ရွက်ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာ သော လူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် သူ့ကို စေစားကြလိမ့်မည်။

  25. ယေရမိအနာဂတ္တိကျမ်း 27:8ခရစ်တော် မပေါ်မီ 595 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အစေကိုမခံ၊ သူ၏ထမ်းဘိုး ကို မထမ်းလိုသော တိုင်းနိုင်ငံရှိသမျှကို၊ သူ၏လက်၌ ဆုံးရှုံးစေခြင်းငှါ၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလ နာဘေးဖြင့် ငါအပြစ်ပေးမည်။