အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရမိအနာဂတ္တိကျမ်း 28:12ခရစ်တော် မပေါ်မီ 595 ခန့်

    ပရောဖက်ဟာ နနိသည် ပရောဖက် ယေရမိ၏ လည်ပင်းမှ ထမ်းဘိုးကို ချိုးပယ်သောနောက်၊ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊

  2. ယေရမိအနာဂတ္တိကျမ်း 28:13ခရစ်တော် မပေါ်မီ 595 ခန့်

    သင်သွား၍ ထာဝရဘုရား၏ အမိန့်တော်ကို ဟာနနိအား ဆင့်ဆိုရမည်မှာ၊ သင်ချိုးသော သစ်သား ထမ်းဘိုးအစား၊ သံထမ်းဘိုးကို လုပ်ရမည်။

  3. ယေရမိအနာဂတ္တိကျမ်း 28:14ခရစ်တော် မပေါ်မီ 595 ခန့်

    ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုးရှိသမျှတို့သည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာ၏ အစေကို ခံစေခြင်းငှါ၊ သူတို့လည်ပင်းပေါ်မှာ သံထမ်းဘိုးကို ငါတင်ပြီ။ ထိုသူတို့သည် ထိုမင်း၏ အစေ ကို ခံရကြမည်။ တောတိရစ္ဆာန်များကိုလည်း၊ သူ၌ ငါအပ်ပေးပြီဟု မိန့်တော်မူ၏။

  4. ယေရမိအနာဂတ္တိကျမ်း 28:15ခရစ်တော် မပေါ်မီ 595 ခန့်

    ပရောဖက် ယေရမိကလည်း၊ ဟာနနိ၊ နား ထောင်လော့။ ထာဝရဘုရားသည် သင့်ကို စေလွှတ် တော်မမူ။ ဤလူမျိုးသည် မုသာ၌ ခိုလှုံမည်အကြောင်းကို သင်ပြုတတ်၏။

  5. ယေရမိအနာဂတ္တိကျမ်း 28:16ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဥင်သည်ထာဝရ ဘုရားကို ပုန်ကန်စေခြင်းငှါ သွန်သင်သော ကြောင့်၊ သင့်ကို မြေပြင်မှ ငါပယ်ရှင်းမည်။ ယခုနှစ်တွင် သင်သည် သေရမည်ဟု ပရောဖက်ဟာနနိ အား ပြောဆို၏။

  6. ယေရမိအနာဂတ္တိကျမ်း 28:17ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုသို့နှင့်အညီ ပရောဖက်ဟာနနိသည် ထိုနှစ် တွင်၊ သတ္တမလ၌ သေလေ၏။

  7. ယေရမိအနာဂတ္တိကျမ်း 29:1ခရစ်တော် မပေါ်မီ 599 ခန့်

    ရှင်ဘုရင်ယေခေါနိနှင့်တကွ မိဖုရားအစ ရှိသော မိန်းမစိုးများ၊ ယုဒပြည် ယေရုရှလင်မြို့ မှူးတော် မတ်တော်များ၊ လက်သမား၊ ပန်းပဲသမားများတို့သည် ယေရုရှလင်မြို့မှ သွားသောနောက်၊ ယုဒရှင်ဘုရင် ဇေဒကိသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာထံ၊ ဗာဗုလုန်မြို့သို့ စေလွှတ်သော ရှာဖန်သား ဧလာသာနှင့် ဟိလခိသား ဂေမရိတွင်၊ ပရောဖက်ယေရမိသည် စာရေး ၍ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွားခြင်းကို ခံရသော အသက်ကြီးသူ၊ ယဇ်ပုရော ဟိတ်၊ ပရောဖက်၊ ဆင်းရဲသား ကျန်ကြွင်းသမျှတို့ နေရာ သို့ ယေရုရှလင်မြို့မှ ပေးလိုက်သောစာဟူမူကား၊

  8. ယေရမိအနာဂတ္တိကျမ်း 29:2ခရစ်တော် မပေါ်မီ 599 ခန့်

    ရှင်ဘုရင်ယေခေါနိနှင့်တကွ မိဖုရားအစ ရှိသော မိန်းမစိုးများ၊ ယုဒပြည် ယေရုရှလင်မြို့ မှူးတော် မတ်တော်များ၊ လက်သမား၊ ပန်းပဲသမားများတို့သည် ယေရုရှလင်မြို့မှ သွားသောနောက်၊ ယုဒရှင်ဘုရင် ဇေဒကိသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာထံ၊ ဗာဗုလုန်မြို့သို့ စေလွှတ်သော ရှာဖန်သား ဧလာသာနှင့် ဟိလခိသား ဂေမရိတွင်၊ ပရောဖက်ယေရမိသည် စာရေး ၍ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွားခြင်းကို ခံရသော အသက်ကြီးသူ၊ ယဇ်ပုရော ဟိတ်၊ ပရောဖက်၊ ဆင်းရဲသား ကျန်ကြွင်းသမျှတို့ နေရာ သို့ ယေရုရှလင်မြို့မှ ပေးလိုက်သောစာဟူမူကား၊

  9. ယေရမိအနာဂတ္တိကျမ်း 29:3ခရစ်တော် မပေါ်မီ 599 ခန့်

    ရှင်ဘုရင်ယေခေါနိနှင့်တကွ မိဖုရားအစ ရှိသော မိန်းမစိုးများ၊ ယုဒပြည် ယေရုရှလင်မြို့ မှူးတော် မတ်တော်များ၊ လက်သမား၊ ပန်းပဲသမားများတို့သည် ယေရုရှလင်မြို့မှ သွားသောနောက်၊ ယုဒရှင်ဘုရင် ဇေဒကိသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာထံ၊ ဗာဗုလုန်မြို့သို့ စေလွှတ်သော ရှာဖန်သား ဧလာသာနှင့် ဟိလခိသား ဂေမရိတွင်၊ ပရောဖက်ယေရမိသည် စာရေး ၍ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွားခြင်းကို ခံရသော အသက်ကြီးသူ၊ ယဇ်ပုရော ဟိတ်၊ ပရောဖက်၊ ဆင်းရဲသား ကျန်ကြွင်းသမျှတို့ နေရာ သို့ ယေရုရှလင်မြို့မှ ပေးလိုက်သောစာဟူမူကား၊

  10. ယေရမိအနာဂတ္တိကျမ်း 29:4ခရစ်တော် မပေါ်မီ 599 ခန့်

    ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားစေတော်မူသော သူအပေါင်းတို့ အား မိန့်တော်မူသည်ကား၊

  11. ယေရမိအနာဂတ္တိကျမ်း 29:5ခရစ်တော် မပေါ်မီ 599 ခန့်

    အိမ်တို့ကိုဆောက်၍ နေရာချကြလော့။

  12. ယေရမိအနာဂတ္တိကျမ်း 29:6ခရစ်တော် မပေါ်မီ 599 ခန့်

    ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌ ခေါင်းပါးခြင်းမရှိ၊ တိုးပွားများပြားမည်အကြောင်း၊ မယားနှင့်နေ၍ သားသမီးကို ဘွားမြင်ကြလော့။ သားသမီးတို့ကိုလည်း၊ အချင်းချင်း တယောက်ကိုတယောက်ပေးစား၍၊ တဖန်သားသမီးကို ဘွားမြင်စေကြလော့။

  13. ယေရမိအနာဂတ္တိကျမ်း 29:7ခရစ်တော် မပေါ်မီ 599 ခန့်

    ငါသည် သင်တို့ကို သိမ်းသွားစေသောမြို့သည်လည်း၊ ငြိမ်သက်ခြင်းရှိမည်အကြောင်းကို ပြုစု၍၊ ထိုမြို့အဘို့အလိုငှာ၊ ထာဝရဘုရားအား မေတ္တာပို့ကြလော့။ ထိုမြို့၏ငြိမ်သက်ခြင်းအားဖြင့်၊ သင်တို့သည်လည်း ငြိမ်သက်ခြင်းရှိကြလိမ့်မည်။

  14. ယေရမိအနာဂတ္တိကျမ်း 29:8ခရစ်တော် မပေါ်မီ 599 ခန့်

    ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့တွင်ရှိသော ပရောဖက်ဆရာ၊ အနာဂတ်ဆရာတို့သည် သင်တို့ကို မလှည့်စားကြစေနှင့်။ သင်တို့မြင် စေသော အိပ်မက်တို့ကိုလည်း မယုံမမှတ်ကြနှင့်။

  15. ယေရမိအနာဂတ္တိကျမ်း 29:9ခရစ်တော် မပေါ်မီ 599 ခန့်

    တဖန်မိန့်တော်မူသည်ကား၊ ထိုဆရာတို့သည် ငါစေလွှတ်သောသူမဟုတ်ဘဲ၊ ငါ့နာမကို အမှီပြု၍ မုသာစကားကို ဟောပြောတတ်ကြ၏။

  16. ယေရမိအနာဂတ္တိကျမ်း 29:10ခရစ်တော် မပေါ်မီ 599 ခန့်

    တဖန်မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ဂတိကောင်းကိုတည်စေ၍၊ သင်တို့ကို ဤပြည်သို့ငါပို့ဆောင်ဦးမည်။

  17. ယေရမိအနာဂတ္တိကျမ်း 29:11ခရစ်တော် မပေါ်မီ 599 ခန့်

    တဖန်မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကိုအကျိုးနည်းစေခြင်းငှာ ကြံစည်သော အကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။

  18. ယေရမိအနာဂတ္တိကျမ်း 29:12ခရစ်တော် မပေါ်မီ 599 ခန့်

    တဖန်မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။

  19. ယေရမိအနာဂတ္တိကျမ်း 29:13ခရစ်တော် မပေါ်မီ 599 ခန့်

    ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်။

  20. ယေရမိအနာဂတ္တိကျမ်း 29:14ခရစ်တော် မပေါ်မီ 599 ခန့်

    ငါသည်လည်း၊ သင်တို့အတွေ့ကို ခံမည်။ အထက်ကငါနှင်ထုတ်၍ သင်တို့ခံရသော သိမ်းသွားခြင်း အမှုကို ငါသည်ဖြေရှင်းခြင်းငှာ၊ တိုင်းနိုင်ငံ အရပ်ရပ်တို့မှ သင်တို့ကို ငါစုသိမ်းပြီးလျှင်၊ အထက်က ငါနှင်ထုတ် ၍ သင်တို့ရှုံးသောပြည်သို့ တဖန်ငါဆောင်ခဲ့ဦး မည်ဟုသာ ထာဝရဘုရားမိန့်တော်မူ၏။

  21. ယေရမိအနာဂတ္တိကျမ်း 29:15ခရစ်တော် မပေါ်မီ 599 ခန့်

    ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်မှစ၍၊ ဤမြို့၌ နေသောသူအပေါင်းတည်းဟူသော၊ သင်တို့နှင့်အတူ သိမ်းသွားခြင်းကို မခံရသော သင်တို့ညီအစ်ကိုများကိုရည်မှတ်၍၊

  22. ယေရမိအနာဂတ္တိကျမ်း 29:16ခရစ်တော် မပေါ်မီ 599 ခန့်

    ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့အပေါ်မှာထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ ကာလနာဘေးတို့ကို ငါစေလွှတ်မည်။ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးကဲ့သို့ ငါဖြစ်စေမည်။

  23. ယေရမိအနာဂတ္တိကျမ်း 29:17ခရစ်တော် မပေါ်မီ 599 ခန့်

    သူတို့ကို ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါညှဉ်းဆဲမည်။ ငါနှင်ရာအရပ်ရပ်တို့၌ လူအမျိုးမျိုးတို့တွင်၊ သူတို့သည် ကျိန်ဆဲရာ၊ အံ့ဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အသရေရှုတ်ချရာဖြစ်မည် အကြောင်း၊ မြေပေါ်မှာ တိုင်းနိုင်ငံ ရှိသမျှတို့၏ နှောင့်ရှက်ခြင်းသို့ သူတို့ကို ငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  24. ယေရမိအနာဂတ္တိကျမ်း 29:18ခရစ်တော် မပေါ်မီ 599 ခန့်

    အကြောင်းမူကား၊ ငါသည် စောစောထ၍၊ အထပ်ထပ် မှာထားစေလွှတ်သော ငါ၏ကျွန်ပရောဖက် တို့၏ စကားကို သူတို့သည် နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။

  25. ယေရမိအနာဂတ္တိကျမ်း 29:19ခရစ်တော် မပေါ်မီ 599 ခန့်

    ထို့ကြောင့် သိမ်းသွားခြင်းကို ခံရ၍၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ ငါစေလွှတ်သောသူအပေါင်းတို့၊ ထာဝရဘုရား၏ စကားကို နားထောင်ကြလော့ဟု မိန့်တော်မူ၏။