အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရမိအနာဂတ္တိကျမ်း 29:20ခရစ်တော် မပေါ်မီ 599 ခန့်

    ထာဝရဘုရားသည် ငါတို့အဘို့ ပရောဖက်များကို ဗာဗုလုန်မြို့၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ ဆိုကြသည်ဖြစ်၍၊

  2. ယေရမိအနာဂတ္တိကျမ်း 29:21ခရစ်တော် မပေါ်မီ 599 ခန့်

    ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏နာမကို အမှီပြု၍ သင်တို့အား မုသားစကားကို ဟောပြောသော၊ ကောလာယသား အာဟပ်နှင့် မာသေယသား ဇေဒကိတို့ကို ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ ငါအပ်၍၊ ထိုမင်းသည် သူတို့ကို သင်တို့မျက်မှောက်၌ သတ်လိမ့်မည်။

  3. ယေရမိအနာဂတ္တိကျမ်း 29:22ခရစ်တော် မပေါ်မီ 599 ခန့်

    ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားအပေါင်းတို့က၊ ဗာဗုလုန်ရှင်ဘုရင်သည် မီးရှို့သောဇေဒကိနှင့် အာဟပ်ကဲ့သို့၊ ထာဝရဘုရားသည် သင့်ကို ဖြစ်စေတော်မူပါစေဟု ထိုသူတို့ကို ပုံဆောင်၍ ကျိန်ဆဲကြလိမ့်မည်။

  4. ယေရမိအနာဂတ္တိကျမ်း 29:23ခရစ်တော် မပေါ်မီ 599 ခန့်

    အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုကြပြီ။ သူ့မယားတို့ကို ပြစ်မှားကြပြီ။ ငါမမှာထားဘဲ၊ ငါ၏နာမကို အမှီပြု၍ မုသာစကားကို ဟောပြောကြပြီ။ ငါသိသည်အတိုင်း သက်သေဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  5. ယေရမိအနာဂတ္တိကျမ်း 29:24ခရစ်တော် မပေါ်မီ 599 ခန့်

    နဟေလံရွာသား ရှေမာယကိုလည်း ပြောရမည်မှာ

  6. ယေရမိအနာဂတ္တိကျမ်း 29:25ခရစ်တော် မပေါ်မီ 599 ခန့်

    ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါ၏နာမကို အမှီပြု၍၊ ယဇ်ပုရောဟိတ်မာသေယသား ဇေဖနိအစရှိသော ယဇ်ပုရောဟိတ်များတို့နှင့် ယေရုရှလင်မြို့သား ရှိသမျှတို့ကို စာပေးလိုက်၍၊

  7. ယေရမိအနာဂတ္တိကျမ်း 29:26ခရစ်တော် မပေါ်မီ 599 ခန့်

    သင်သည် ဗိမာန်တော်၌ လူစောင့်ကို ခန့်ထားသဖြင့်၊ ပရောဖက် လုပ်သော အရူးရှိသမျှကို ထောင်ထဲမှာလှောင်၍ ထိတ်ခတ်စေခြင်းငှာ၊ ထာဝရဘုရားသည် ယဇ်ပုရောဟိတ် ယောယဒ၏ကိုယ်စား သင့်ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားတော်မူ၏။

  8. ယေရမိအနာဂတ္တိကျမ်း 29:27ခရစ်တော် မပေါ်မီ 599 ခန့်

    သို့ဖြစ်၍၊ သင်တို့တွင် ပရောဖက်လုပ်သော အာနသုတ်ရွာသား ယေရမိကို အဘယ်ကြောင့် မဆုံးမ သနည်း။

  9. ယေရမိအနာဂတ္တိကျမ်း 29:28ခရစ်တော် မပေါ်မီ 599 ခန့်

    သူကလည်း၊ ဤအမှု ကြာလိမ့်မည်။ အိမ်တို့ကို ဆောက်၍ နေရာချကြလော့။ ဥယျာဉ်တို့ကို စိုက်ပျိုး ၍ အသီးကို စားကြလော့ဟု၊ ဗာဗုလုန်မြို့၌နေသော ငါတို့ကို မှာလိုက်ပါပြီတကားဟု၊

  10. ယေရမိအနာဂတ္တိကျမ်း 29:29ခရစ်တော် မပေါ်မီ 599 ခန့်

    ရှေမာယပေးလိုက်သောစာကို ယဇ်ပုရောဟိတ် ဇေဖနိသည် ပရောဖက် ယေရမိရှေ့မှာ ဘတ်လေ၏။

  11. ယေရမိအနာဂတ္တိကျမ်း 29:30ခရစ်တော် မပေါ်မီ 599 ခန့်

    ထိုအခါ နဟေလံရွာသား ရှေမာယကို ရည်မှတ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါမလွှတ်ဘဲ ရှေမာယသည် သင်တို့အား ပရောဖက်ပြု၍ မုသာ၌ ခိုလှုံစေသောကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ နဟေလံရွာသား ရှေမာယနှင့် သူ၏အမျိုးကို ငါသည် ဒဏ်ပေးမည်။ ဤအမျိုးသားတို့တွင်၊ သူ၏လူ တယောက်မျှ နေရသောအခွင့် မရှိရ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် ထာဝရဘုရားကို ပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့်၊ ငါ၏လူမျိုး၌ ငါပြုလတံ့သောကျေးဇူးကို သူသည် မမြင်ရဟု၊ သိမ်းသွားခြင်းကို ခံရသောသူအပေါင်းတို့ကို စာပေးလိုက်ရမည်အကြောင်း ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍ မှာထားတော်မူ၏။

  12. ယေရမိအနာဂတ္တိကျမ်း 29:31ခရစ်တော် မပေါ်မီ 599 ခန့်

  13. ယေရမိအနာဂတ္တိကျမ်း 29:32ခရစ်တော် မပေါ်မီ 599 ခန့်

  14. ယေရမိအနာဂတ္တိကျမ်း 30:1ခရစ်တော် မပေါ်မီ 606 ခန့်

    ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊

  15. ယေရမိအနာဂတ္တိကျမ်း 30:2ခရစ်တော် မပေါ်မီ 606 ခန့်

    ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အား ငါပြောသမျှသော စကားတို့ကို ရေးထားလော့။

  16. ယေရမိအနာဂတ္တိကျမ်း 30:3ခရစ်တော် မပေါ်မီ 606 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခု သိမ်းသွားခြင်းကို ခံရသော ငါ၏ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့ကို ငါဆောင်ခဲ့ရသော အချိန်ကာလသည် ရောက်လိမ့်မည်။ သူတို့ဘိုးဘေးတို့အား ငါပေး သောပြည်သို့ ငါပြန်လာစေသဖြင့်၊ သူတို့သည် ပိုင်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

  17. ယေရမိအနာဂတ္တိကျမ်း 30:4ခရစ်တော် မပေါ်မီ 606 ခန့်

    ဣသရေလအမျိုးနှင့် ယုဒအမျိုးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသောစကားဟူမူကား၊

  18. ယေရမိအနာဂတ္တိကျမ်း 30:5ခရစ်တော် မပေါ်မီ 606 ခန့်

    ငါသည် ထိတ်လန့်ခြင်းစကားသံကို ကြားရ၏။ ငြိမ်သက်ခြင်းမရှိ။ ကြောက်ရွံဘွယ်သောအကြောင်းသာ ရှိ၏။

  19. ယေရမိအနာဂတ္တိကျမ်း 30:6ခရစ်တော် မပေါ်မီ 606 ခန့်

    ယောက်ျားသည် သားဘွားတတ်သလောဟု မေးမြန်းကြည့်ရှုကြလော့။ မိန်းမသည် သားဘွားခြင်း ဝေဒနာကိုခံရသောအခါ၊ မိမိခါး၌ လက်တင်သကဲ့သို့ ယောက်ျားတိုင်းပြု၍၊ ခပ်သိမ်းသော သူတို့သည် မျက်နှာ ပျက်လျက်ရှိကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။

  20. ယေရမိအနာဂတ္တိကျမ်း 30:7ခရစ်တော် မပေါ်မီ 606 ခန့်

    အလိုလေး၊ ထိုနေ့ရက်ကား ခိုင်းနှိုင်းစရာမရှိ။ ကြီးသောနေ့ရက် ဖြစ်၏။ ယာကုပ်အမျိုး၌ အမှုရောက် သော နေ့ရက်ဖြစ်၏။ သို့ရာတွင်၊ သူတို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်။

  21. ယေရမိအနာဂတ္တိကျမ်း 30:8ခရစ်တော် မပေါ်မီ 606 ခန့်

    ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနေ့ရက်၌ သူတို့ထမ်းရသော ထမ်းဘိုးကို သူတို့လည်ပင်းမှ ငါချိုးပယ်မည်။ သူတို့ကို ချည်နှောင်သော ကြိုးများကို ငါဖြတ်မည်။ တပါး အမျိုးသားတို့သည် နောက်တဖန်သူတို့ကို မစေစားရကြ။

  22. ယေရမိအနာဂတ္တိကျမ်း 30:9ခရစ်တော် မပေါ်မီ 606 ခန့်

    သူတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏ အမှုကို၎င်း၊ သူတို့အဘို့ ငါပေါ်ထွန်းစေလတံ့သော ရှင်ဘုရင် ဒါဝိဒ်၏အမှုကို၎င်း ဆောင်ရွက်ရကြမည်။

  23. ယေရမိအနာဂတ္တိကျမ်း 30:10ခရစ်တော် မပေါ်မီ 606 ခန့်

    သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုငါ့ကျွန် ယာကုပ်၊ မကြောက်နှင့်။ အို ဣသရေလအမျိုး၊ စိတ်မပျက်နှင့်။ သင့်ကို ဝေးသောအရပ်မှ၎င်း၊ သင်၏ အမျိုးသားတို့ကို ခပ်သိမ်းသွားရာ ပြည်မှ၎င်း၊ ငါနှုတ်ယူ ဆောင်ခဲ့သဖြင့်၊ ယာကုပ်အမျိုးသည် ပြန်လာ၍၊ ချောက် လှန့်သောသူမရှိ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရလိမ့်မည်ဟု မိန့်တော်မူ၏။

  24. ယေရမိအနာဂတ္တိကျမ်း 30:11ခရစ်တော် မပေါ်မီ 606 ခန့်

    တဖန်မိန့်တော်မူသည်ကား၊ သင့်ကို ကယ်တင် ခြင်းငှါ သင်နှင့်အတူ ငါရှိ၏။ ငါသည်သင့်ကို ငါကွဲပြား စေသော တိုင်းနိုင်ငံရှိသမျှတို့ကို ဆုံးစေသော်လည်း၊ သင့်ကိုမဆုံးစေ။ သို့ရာတွင်၊ အပြစ်ကို ရှင်းရှင်းမလွှတ်ဘဲ၊ အတော်အတန် ဆုံးမမည်။

  25. ယေရမိအနာဂတ္တိကျမ်း 30:12ခရစ်တော် မပေါ်မီ 606 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အနာ သည် ပျောက်ခဲ၏။ သင်ခံရသောဝေဒနာသည် ပြင်းလှ ၏။