အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရမိအနာဂတ္တိကျမ်း 31:14ခရစ်တော် မပေါ်မီ 606 ခန့်

    ယဇ်ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့်ဝစွာ ကျွေးမည်။ ငါ၏လူတို့သည်လည်း ငါ့ကျေးဇူးနှင့် ဝပြောကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  2. ယေရမိအနာဂတ္တိကျမ်း 31:15ခရစ်တော် မပေါ်မီ 606 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရာမအရပ် ၌ သည်းစွာသော ညည်းတွားငိုကြွေးခြင်းအသံကို ကြားရ ၍၊ ရာခေလသည် မိမိသားတို့မရှိသောကြောင့်၊ ငို၍ စိတ်မပြေနိုင်။

  3. ယေရမိအနာဂတ္တိကျမ်း 31:16ခရစ်တော် မပေါ်မီ 606 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငိုကြွေးသံကို ချုပ်လော့၊ မျက်ရည်မကျစေနှင့်။ သင်သည် ကိုယ်ကျင့်သော အကျင့်၏ အကျိုးကိုခံရလိမ့်မည်။ သင်၏ သားတို့သည် ရန်သူပြည်မှ ပြန်လာကြလိမ့်မည်။

  4. ယေရမိအနာဂတ္တိကျမ်း 31:17ခရစ်တော် မပေါ်မီ 606 ခန့်

    သင်၏အဆုံး၌ မြော်လင့်စရာအကြောင်း ရှိ၏။ သင်၏ သားတို့သည် နေရင်းပြည်သို့ပြန်လာကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။

  5. ယေရမိအနာဂတ္တိကျမ်း 31:18ခရစ်တော် မပေါ်မီ 606 ခန့်

    ဧဖရိမ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင်တော် မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ပြန်လာပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရား သခင်ဖြစ်တော်မူ၏။

  6. ယေရမိအနာဂတ္တိကျမ်း 31:19ခရစ်တော် မပေါ်မီ 606 ခန့်

    ပြန်လာသောနောက်၊ အကျွန်ုပ်သည် အမှန် နောင်တရပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင်ကို ရိုက်ပါ၏။ အသက်ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက်ခြင်းကို ခံရ သဖြင့်၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက် ဆက်ကြားရပြီ။

  7. ယေရမိအနာဂတ္တိကျမ်း 31:20ခရစ်တော် မပေါ်မီ 606 ခန့်

    ဧဖရိမ်သည် ငါ၏ချစ်သားဖြစ်သလော။ ချစ် ဘွယ်သော သူငယ်ဖြစ်သလော။ သူ၏အကြောင်းကို ငါပြောလေရာရာ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ၏။ ထိုကြောင့်၊ ငါသည် သူ့အတွက် စိတ်ကြင်နာ ခြင်းရှိ၏။ အကယ်စင်စစ် သူ့ကိုငါကယ်မသနားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  8. ယေရမိအနာဂတ္တိကျမ်း 31:21ခရစ်တော် မပေါ်မီ 606 ခန့်

    လမ်း၌မှတ်တိုင်တို့ကိုစိုက်လော့။ အလံတိုင်တို့ကို ထူလော့။ လိုက်သွားသောလမ်းမကို စိတ်စွဲလမ်းလော့။ အိုဣသရေလသတို့သမီးကညာ၊ ပြန်လာလော့။ သင်၏ နေရာ ဤမြို့များသို့ ပြန်လာလော့။

  9. ယေရမိအနာဂတ္တိကျမ်း 31:22ခရစ်တော် မပေါ်မီ 606 ခန့်

    အိုဖောက်ပြန်သော သတို့သမီး၊ သင်သည် အဘယ်မျှကာလပတ်လုံးလှည့်လည်၍ နေလိမ့်မည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်မှာ ထူးဆန်းသော အမှု ကို စီရင်တော်မူ၍၊ မိန်းမသည် ယောက်ျားကို ပတ်ဝိုင်း လိမ့်မည်။

  10. ယေရမိအနာဂတ္တိကျမ်း 31:23ခရစ်တော် မပေါ်မီ 606 ခန့်

    ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ ယုဒပြည်၏မြို့ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ် ခြင်းနေရာအရပ်၊ အိုသန့်ရှင်းခြင်း နေရာတောင်၊ ထာဝရ ဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူစေသတည်း ဟူသော စကားကို တဖန်သုံးကြလိမ့်မည်။

  11. ယေရမိအနာဂတ္တိကျမ်း 31:24ခရစ်တော် မပေါ်မီ 606 ခန့်

    ထိုအရပ်၌ ယုဒပြည်သူ၊ ယုဒမြို့ရွာသား အပေါင်းတို့သည်၊ လယ်လုပ်သောသူနှင့် သိုးထိန်းသော သူများပါလျက်၊ အတူနေရကြလိမ့်မည်။

  12. ယေရမိအနာဂတ္တိကျမ်း 31:25ခရစ်တော် မပေါ်မီ 606 ခန့်

    ငတ်မွတ်သော သူအပေါင်းတို့ကို ငါကျွေးမွေး မည်။ ညှိုးငယ်သော သူအပေါင်းတို့ကို ငါသက်သာစေမည် ဟု မိန့်တော်မူ၏။

  13. ယေရမိအနာဂတ္တိကျမ်း 31:26ခရစ်တော် မပေါ်မီ 606 ခန့်

    ထိုနောက်၊ ငါသည် နိုး၍ကြည့်ရှုသောအခါ၊ အိပ်ပျော်ခြင်းအားဖြင့် အားရလျက်ရှိ၏။

  14. ယေရမိအနာဂတ္တိကျမ်း 31:27ခရစ်တော် မပေါ်မီ 606 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဣသရေလပြည်၊ ယုဒပြည်၌ လူမျိုးစေ့နှင့် တိရစ္ဆာန် မျိုးစေ့ကို ကြဲရသော အချိန်ကာလ ရောက်လိမ့်မည်။

  15. ယေရမိအနာဂတ္တိကျမ်း 31:28ခရစ်တော် မပေါ်မီ 606 ခန့်

    ငါသည် သူတို့ကို နှုတ်ပယ်ဖြိုချမှောက်လှန် ဖျက်ဆီးညှဉ်းဆဲခြင်းအမှုကို ပြုဘူးသည်နည်းတူ၊ တဖန် တည်ဆောက် စိုက်ပျိုးခြင်းအမှုကို ပြုဦးမည်ဟု မိန့်တော် မူ၏။

  16. ယေရမိအနာဂတ္တိကျမ်း 31:29ခရစ်တော် မပေါ်မီ 606 ခန့်

    ထိုကာလ၌ အဘသည် ချဉ်သောစပျစ်သီးကို စားသောကြောင့်၊ သားသည် သွားကျိန်းခြင်းကို ခံရ၏ ဟု မဆိုရကြ။

  17. ယေရမိအနာဂတ္တိကျမ်း 31:30ခရစ်တော် မပေါ်မီ 606 ခန့်

    လူတိုင်း မိမိအပြစ်ကြောင့် မိမိသေရမည်။ ချဉ်သောစပျစ်သီးကို စားသောသူတိုင်း သွားကျိန်းခြင်းကို ခံရမည်။

  18. ယေရမိအနာဂတ္တိကျမ်း 31:31ခရစ်တော် မပေါ်မီ 606 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်

  19. ယေရမိအနာဂတ္တိကျမ်း 31:32ခရစ်တော် မပေါ်မီ 606 ခန့်

    ဤလူမျိုး၏ ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တု ပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသော ပဋိညာဉ်တရားကို သူတို့သည် ဖျက်၍၊ ငါသည်လည်း သူတို့ကို ရွံရှာ၏။

  20. ယေရမိအနာဂတ္တိကျမ်း 31:33ခရစ်တော် မပေါ်မီ 606 ခန့်

    နောက်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်သည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။

  21. ယေရမိအနာဂတ္တိကျမ်း 31:34ခရစ်တော် မပေါ်မီ 606 ခန့်

    ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကို တယောက်ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသောသူတိုင်အောင်၊ ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  22. ယေရမိအနာဂတ္တိကျမ်း 31:35ခရစ်တော် မပေါ်မီ 606 ခန့်

    နေ့အချိန်၌ လင်းစရာဘို့နေကိုခန့်ထား၍၊ ညဉ့် အချိန်၌ လင်းစရာဘို့ လနှင့်ကြယ်တို့ကို စီရင်တော်မူ ထသော၊ သမုဒ္ဒရာကိုဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေတော် မူထသော၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ဘွဲ့နာမရှိတော်မူသော ထာဝရဘုရား မိန့်တော် မူသည်ကား၊

  23. ယေရမိအနာဂတ္တိကျမ်း 31:36ခရစ်တော် မပေါ်မီ 606 ခန့်

    ထိုတရားတို့သည် ငါ့ရှေ့မှာ ကွယ်ပျောက်လျှင်၊ ဣသရေလ အမျိုးသည် ငါ့ရှေ့မှာ အမျိုးတိမ်မြုပ်၍ အစဉ်ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။

  24. ယေရမိအနာဂတ္တိကျမ်း 31:37ခရစ်တော် မပေါ်မီ 606 ခန့်

    တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အထက်မိုဃ်းကောင်းကင်ကို တိုင်းထွာနိုင်လျှင်၎င်း၊ မြေကြီးအောက်ဆုံးအမြစ်တို့ကိုလိုက်၍ စစ်နိုင်လျှင်၎င်း၊ ဣသရေလ အမျိုးသားအပေါင်းတို့ကို သူတို့ပြုမိသမျှသော အပြစ်တို့ကြောင့် ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။

  25. ယေရမိအနာဂတ္တိကျမ်း 31:38ခရစ်တော် မပေါ်မီ 606 ခန့်

    တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဟာနနေလရဲတိုက်မှ စ၍ မြို့ထောင့်တံခါးတိုင်အောင်၊ မြို့တော်ကို ထာဝရဘုရားအဘို့ တည်ထောင်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။