circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ယေရမိအနာဂတ္တိကျမ်း 32:24ခရစ်တော် မပေါ်မီ 589 ခန့်
ပြအိုးမြေရိုးတို့ကိုကြည့်ရှုတော်မူပါ။ မြို့တော်ကို တိုက်ယူခြင်းငှါ ရောက်ကြပါပြီ။ ထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ ကာလနာဘေးတို့ဖြင့် တိုက်သော ခါလဒဲလူတို့ လက်သို့ မြို့တော်ကို အပ်တော်မူပြီ။ မိန့်တော်မူသော စကားပြည့်စုံကြောင်းကိုလည်း ကိုယ်တော်တိုင် မြင်တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 32:25ခရစ်တော် မပေါ်မီ 589 ခန့်
ထိုမြို့တော်သည် ခါလဒဲလူတို့လက်သို့ ရောက်သော်လည်း၊ အိုအရှင် ထာဝရဘုရား၊ ထိုလယ်ကို ငွေနှင့်ဝယ်၍၊ သက်သေတို့ကို ခေါ်ထား ရမည်အကြောင်း မိန့်တော်မူပါပြီတကားဟု လျှောက်လေ ၏။
- ယေရမိအနာဂတ္တိကျမ်း 32:26ခရစ်တော် မပေါ်မီ 589 ခန့်
ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာသည်ကား၊
- ယေရမိအနာဂတ္တိကျမ်း 32:27ခရစ်တော် မပေါ်မီ 589 ခန့်
ငါ ထာဝရဘုရားသည် ခပ်သိမ်းသော သတ္တဝါ တို့ကို အစိုးရသော ဘုရားသခင်ဖြစ်၏။ ငါမတတ်နိုင် သော အရာတစုံတခုရှိလိမ့်မည်လော။
- ယေရမိအနာဂတ္တိကျမ်း 32:28ခရစ်တော် မပေါ်မီ 589 ခန့်
သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ခါလဒဲလူတို့ လက်သို့၎င်း၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့၎င်း ငါအပ်၍၊ သူသည် သိမ်းယူ လိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 32:29ခရစ်တော် မပေါ်မီ 589 ခန့်
ဤမြို့ကို တိုက်သော ခါလဒဲလူတို့သည်ဝင်၍ မီးရှို့ကြလိမ့်မည်။ ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ ဗာလ ဘုရားအဘို့ အိမ်မိုးပေါ်မှာ နံ့သာပေါင်းကိုမီးရှို၍၊ အခြား တပါးသော ဘုရားတို့အဘို့ သွန်းလောင်းရာပူဇော် သက္ကာ ကိုပြုရာ အိမ်များနှင့်တကွ၊ တမြို့လုံးကို မီးလောင်စေကြ လိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 32:30ခရစ်တော် မပေါ်မီ 589 ခန့်
အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့နှင့် ယုဒအမျိုးသားတို့သည်၊ ငယ်သော အရွယ်မှစ၍ ငါ့ရှေ့ မှာ ဒုစရိုက်ကိုသာ ပြုကြပြီ။ မိမိတို့ ပြုလေရာရာ၌ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါသာ ပြုကြပြီ။
- ယေရမိအနာဂတ္တိကျမ်း 32:31ခရစ်တော် မပေါ်မီ 589 ခန့်
ဣသရေလအမျိုးနှင့် ယုဒအမျိုး၏
- ယေရမိအနာဂတ္တိကျမ်း 32:32ခရစ်တော် မပေါ်မီ 589 ခန့်
ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့သည် ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ ပြုလေသမျှသော ဒုစရိုက်ကြောင့်၊ ဤမြို့ ကို ငါ့ထံမှ ငါပယ်ရှားမည်အကြောင်း၊ မြို့တည်သော နေ့မှစ၍ ယနေ့တိုင်အောင်၊ ငါ့အမျက်ထွက်၍၊ အမျက် အရှိန်အားကြီးစေသော မြို့ဖြစ်၏။
- ယေရမိအနာဂတ္တိကျမ်း 32:33ခရစ်တော် မပေါ်မီ 589 ခန့်
သူတို့သည် ငါ့ကိုမျက်နှာမပြုဘဲ ကျောခိုင်းကြပြီ။ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမ သွန်သင်သော် လည်း၊ ငါ၏ဩဝါဒကို ခံလိုသောငှါ နားမထောင်ကြ။
- ယေရမိအနာဂတ္တိကျမ်း 32:34ခရစ်တော် မပေါ်မီ 589 ခန့်
ငါ၏နာမဖြင့် သမုတ်သော ဗိမာန်ကို ညစ်ညှုး စေခြင်းငှါ၊ စက်ဆုပ်ရွံရှာဘွယ်သော အရာတို့ကို သွင်း ထားကြပြီတကား၊
- ယေရမိအနာဂတ္တိကျမ်း 32:35ခရစ်တော် မပေါ်မီ 589 ခန့်
သူတို့သားသမီးတို့ကို မောလုပ်ဘုရားအား ပူဇော်ခြင်းငှါ၊ ဟိန္နုံ သား၏ချိုင့်၌ရှိသော ဗာလဘုရား၏ ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ် ရောက်စေခြင်းငှါ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဘွယ် သောအမှုကို ငါမမှာထား၊ ငါအလျှင်အလိုမရှိဘဲ ပြုကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 32:36ခရစ်တော် မပေါ်မီ 589 ခန့်
သို့ရာတွင်၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးအားဖြင့် ဗာဗုလုန်ရှင်ဘုရင် လက်သို့ ရောက်မည်ဟု သင်တို့ဆိုတတ်သော ဤမြို့ကို ရည်မှတ် ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
- ယေရမိအနာဂတ္တိကျမ်း 32:37ခရစ်တော် မပေါ်မီ 589 ခန့်
ငါသည် အမျက်ဟုန်းဟုန်းထွက်၍၊ အမျက် အရှိန်အားကြီးသည်နှင့်၊ သူတို့ကိုနှင်ထုတ်ရာ တိုင်းပြည် ရှိသမျှတို့မှ၊ တဖန်စုသိမ်း၍ ဤအရပ်သို့ဆောင်ခဲ့ပြီး လျှင်၊ ငြိမ်ဝပ်စွာနေစေမည်။
- ယေရမိအနာဂတ္တိကျမ်း 32:38ခရစ်တော် မပေါ်မီ 589 ခန့်
သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည် လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။
- ယေရမိအနာဂတ္တိကျမ်း 32:39ခရစ်တော် မပေါ်မီ 589 ခန့်
ကိုယ်အကျိုးအလိုငှါ၎င်း၊ နောက်ဖြစ်လတံ့သော သားသမီးတို့၏ အကျိုးအလိုငှါ၎င်း၊ ငါ့ကိုအစဉ် ကြောက်ရွံ့ စေခြင်းငှါ တညီတညွတ်တည်း ကျင့်ကြံနိုင်သော သဘော ကို ငါပေးမည်။
- ယေရမိအနာဂတ္တိကျမ်း 32:40ခရစ်တော် မပေါ်မီ 589 ခန့်
သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှါ၊ သူတို့၌ ထာဝရပဋိညာဉ်ကို ငါထားမည်။ သူတို့သည်လည် ငါ့ထံမှ မထွက်မသွားမည်အကြောင်း၊ ငါ့ကိုကြောက်ရွံ့ သော သဘောနှင့် ပြည့်စုံစေမည်။
- ယေရမိအနာဂတ္တိကျမ်း 32:41ခရစ်တော် မပေါ်မီ 589 ခန့်
သူတို့အား ကျေးဇူးပြုခြင်း အမှု၌ငါသည် အားရ ဝမ်းမြောက်၍၊ ငါ့စိတ်နှလုံးနှင့် နံဝိညာဉ်အကြွင်းမဲ့ ပါလျက်၊ သူတို့ကို ဤပြည်၌ ဆက်ဆက်နေရာချမည်။
- ယေရမိအနာဂတ္တိကျမ်း 32:42ခရစ်တော် မပေါ်မီ 589 ခန့်
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုး အပေါ်မှာ ကြီးစွာသော ဤဘေးဥပဒ်အပေါင်းကို ရောက်စေသည် နည်းတူ၊ ငါဂတိထားသော ကောင်းကျိုး အပေါင်းကိုလည်း ငါရောက်စေမည်။
- ယေရမိအနာဂတ္တိကျမ်း 32:43ခရစ်တော် မပေါ်မီ 589 ခန့်
လူမရှိ၊ တိရစ္ဆာန်မရှိ ဆိတ်ညံပြီ၊ ခါလဒဲ လူတို့ လက်သို့ ရောက်လေပြီဟု သင်တို့ဆိုတတ်သော ဤပြည်၌၊ နောက်တဖန် လယ်ယာတို့ကို ရောင်းဝယ်ကြလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 32:44ခရစ်တော် မပေါ်မီ 589 ခန့်
ဗင်္ယာမိန်ပြည်၌၎င်း၊ ယေရုရှလင်မြို့ ပတ်ဝန်း ကျင်အရပ်တို့၌၎င်း၊ ယုဒပြည်တွင်ရှိသော မြို့တို့၌၎င်း၊ တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့တို့၌၎င်း၊ လူတို့သည် လယ်ယာတို့ကို ငွေနှင့်ဝယ်ခြင်း၊ စာချုပ်ကို စီရင်ခြင်း၊ တံဆိပ်ခတ်ခြင်း၊ သက်သေတို့ကိုခေါ်ထားခြင်း အမှုများကို ပြုမြဲပြုကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို တဖန် ငါဆောင်ခဲ့ဦး မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
- ယေရမိအနာဂတ္တိကျမ်း 33:1ခရစ်တော် မပေါ်မီ 588 ခန့်
ယေရမိသည် ထောင်ဝင်းထဲမှာ အချုပ်ခံလျက် နေရသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ရောက်လာ၍၊
- ယေရမိအနာဂတ္တိကျမ်း 33:2ခရစ်တော် မပေါ်မီ 588 ခန့်
ဤအမှုကကို ပြုသောဘုရား၊ ဤအမှုကို ဖန်ဆင်းစီရင်သော ဘုရား၊ ယေဟောဝါ အမည်ရှိသော ထာဝရဘုရား မိန့်တော်မူသည်ကား၊
- ယေရမိအနာဂတ္တိကျမ်း 33:3ခရစ်တော် မပေါ်မီ 588 ခန့်
ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်။
- ယေရမိအနာဂတ္တိကျမ်း 33:4ခရစ်တော် မပေါ်မီ 588 ခန့်
ပြအိုးမြေရိုးဖြင့်၎င်း၊ ထားဖြင့်၎င်း ပြိုပျက်သော ဤမြို့၏အိမ်များ၊ ယုဒရှင်ဘုရင်၏ ဘုံဗိမာန်များကို ရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား မိန့်တော်မူသည်ကား၊