အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရမိအနာဂတ္တိကျမ်း 34:4ခရစ်တော် မပေါ်မီ 589 ခန့်

    သို့ရာတွင်၊ ယုဒရှင်ဘုရင် ဇေဒကိမင်းကြီး၊ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။ မင်းကြီးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်သည် ထားဖြင့်အသေမခံရ။

  2. ယေရမိအနာဂတ္တိကျမ်း 34:5ခရစ်တော် မပေါ်မီ 589 ခန့်

    ငြိမ်ဝပ်စွာသေ၍ သင့်ရှေ့မှာ စိုးစံသော ဘိုးတော်ဘေးတော်တို့အဘို့ ပြုဘူးသည်နည်းတူ၊ သင့် အဘို့ နံ့သာပေါင်းကို မီးရှို့လျက်၊ ဩ သခင်ဟူ၍ ငိုကြွေး မြည်တမ်းကြလိမ့်မည်။ ငါပြောထားပြီဟု ထာဝရဘုရား မိန့်တော်မူ၏။

  3. ယေရမိအနာဂတ္တိကျမ်း 34:6ခရစ်တော် မပေါ်မီ 589 ခန့်

    ဗာဗုလုန် ရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် ယေရု ရှလင်မြို့ကို၎င်း၊

  4. ယေရမိအနာဂတ္တိကျမ်း 34:7ခရစ်တော် မပေါ်မီ 589 ခန့်

    ယုဒပြည်၌ ခိုင်ခံ့၍ ကျန်ကြွင်းသောမြို့၊ လာခိရှ မြို့၊ အဇေကာမြို့တည်းဟူသော ယုဒပြည်၌ ကျန်ကြွင်း သော မြို့တို့ကို၎င်း တိုက်သောအခါ၊ ပရောဖက် ယေရမိ သည် ထိုစကားအလုံးစုံတို့ကို ယုဒရှင်ဘုရင် ဇေဒကိအား ဆင့်ဆိုလေ၏။

  5. ယေရမိအနာဂတ္တိကျမ်း 34:8ခရစ်တော် မပေါ်မီ 589 ခန့်

    ယေရုရှလင်မြို့သားအပေါင်းတို့သည် အသီး အသီးစေစားသော ယုဒညီအစ်ကိုချင်း၊

  6. ယေရမိအနာဂတ္တိကျမ်း 34:9ခရစ်တော် မပေါ်မီ 589 ခန့်

    အစေခံရသော ဟေဗြဲအမျိုးကျွန်ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲလွှတ်စေခြင်းငှါ၊ ဇေဒကိမင်းကြီးသည် လွှတ်ခြင်းတရားကို စီရင်မည်ဟု ဝန်ခံပြီးသည်နောက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ရောက်လာ၏။

  7. ယေရမိအနာဂတ္တိကျမ်း 34:10ခရစ်တော် မပေါ်မီ 589 ခန့်

    အကြောင်းမူကား၊ ဝန်ခံသောမှူးမတ်၊ ဆင်းရဲ သားအပေါင်းတို့သည် အသီးအသီး စေစားသော ကျွန် ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲ လွှတ် မည်ဟု ကြားသောအခါ၊ နားထောင်၍ လွှတ်လိုက်ကြ၏။

  8. ယေရမိအနာဂတ္တိကျမ်း 34:11ခရစ်တော် မပေါ်မီ 589 ခန့်

    နောက်တဖန် ပြောင်းလဲ၍ ယခင်လွှတ်ပြီးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေ ကြ၏။

  9. ယေရမိအနာဂတ္တိကျမ်း 34:12ခရစ်တော် မပေါ်မီ 589 ခန့်

    ထိုကြောင့်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်၍၊

  10. ယေရမိအနာဂတ္တိကျမ်း 34:13ခရစ်တော် မပေါ်မီ 589 ခန့်

    ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ဘိုးဘေးများကို ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊

  11. ယေရမိအနာဂတ္တိကျမ်း 34:14ခရစ်တော် မပေါ်မီ 589 ခန့်

    သင်တို့သည် အသီးအသီးဝယ်သော ညီအစ်ကို ချင်း ဟေဗြဲအမျိုးသားတို့ကို ခုနစ်နှစ်စေ့လျှင် လွှတ်ရ မည်။ ခြောက်နှစ်ပတ်လုံး သင်တို့၌ အစေကျွန်ခံပြီးမှ၊ လွတ်သော အခွင့်ကိုပေးရမည်ဟု ပညတ်သော်လည်း၊ သင်တို့ ဘိုးဘေးများတို့သည် ငါ့စကားကို နားမထောင်၊ နားကို ပိတ်လျက်နေကြ၏။

  12. ယေရမိအနာဂတ္တိကျမ်း 34:15ခရစ်တော် မပေါ်မီ 589 ခန့်

    သင်တို့သည် ယခုမှာပြောင်းလဲ၍၊ အသီးအသီး အိမ်နီးချင်းတို့ အား လွတ်ရသော အခွင့်ကို ထင်ရှားစွာ စီရင်သဖြင့်၊ ငါ့ရှေ့၌ တရားသော အမှုကို ပြုလျက်၊ ငါ့နာမဖြင့် သမုတ်သော ဗိမာန်တော်၌ ငါ့ရှေ့မှာ ဝန်ခံ ခြင်း ပဋိညာဉ်ကိုပြုကြသော်လည်း၊

  13. ယေရမိအနာဂတ္တိကျမ်း 34:16ခရစ်တော် မပေါ်မီ 589 ခန့်

    တဖန်ပြောင်းလဲ၍ ငါ၏နာမကို ရှုတ်ချလျက်၊ အသီးအသီး ရှင်းရှင်းလွှတ်ဘူးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေကြပြီတကား။

  14. ယေရမိအနာဂတ္တိကျမ်း 34:17ခရစ်တော် မပေါ်မီ 589 ခန့်

    ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အသီးအသီး ညီအစ်ကိုချင်း၊ အိမ်နီးချင်းတို့ အား လွတ်ရသောအခွင့်ကို ထင်ရှားစွာ မစီရင်၊ ငါ့စကား ကို နားမထောင်သောကြောင့်၊ ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည် သင်တို့အဘို့၊ ထားဘေး၊ ကာလနာ ဘေး၊ မွတ်သိပ်ခြင်းဘေးတို့အား လွတ်သောအခွင့်ကို ထင်ရှားစွာ စီရင်၍၊ အတိုင်းတိုင်းအပြည်ပြည်တို့၌ အနှောင့်အရှက်ခံစေမည်။

  15. ယေရမိအနာဂတ္တိကျမ်း 34:18ခရစ်တော် မပေါ်မီ 589 ခန့်

    နွားသငယ်ကို ထက်ခြမ်းခွဲ၍၊ အလယ်သို့ ရှောက်သွားလျက်၊ ငါ့ရှေ့မှာပြုသော ဝန်ခံခြင်းပဋိညာဉ် စကားအတိုင်းမကျင့်၊ ငါ၏ပဋိညာဉ်ကို ဖျက်သော သူတည်းဟူသော၊

  16. ယေရမိအနာဂတ္တိကျမ်း 34:19ခရစ်တော် မပေါ်မီ 589 ခန့်

    ယုဒမင်း၊ ယေရုရှလင်မင်း၊ မှူးမတ်၊ ယဇ်ပုရော ဟိတ် အစရှိသော၊ နွားသငယ်ထက်ခြမ်းအလယ်သို့ ရှောက်သွားသော ပြည်သူပြည်သားအပေါင်းတို့ကို၊

  17. ယေရမိအနာဂတ္တိကျမ်း 34:20ခရစ်တော် မပေါ်မီ 589 ခန့်

    သူတို့ရန်သူများလက်သို့၎င်း၊ သတ်ချင်သော သူများလက်သို့၎င်း ငါအပ်မည်။ သူတို့အသေကောင် များတို့သည် မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲများ စားစရာဘို့ဖြစ်ကြလိမ့်မည်။

  18. ယေရမိအနာဂတ္တိကျမ်း 34:21ခရစ်တော် မပေါ်မီ 589 ခန့်

    ယုဒရှင်ဘုရင် ဇေဒကိမှစ၍ မှူးတော်မတ်တော် တို့ကို သူတို့ရန်သူများလက်သို့၎င်း၊ သတ်ချင်သောလူများ လက်သို့၎င်း၊ ယခုလွှဲသွားသောဗာဗုလုန်ရှင်ဘုရင်၏ ဗိုလ်ခြေများလက်သို့၎င်း ငါအပ်မည်။

  19. ယေရမိအနာဂတ္တိကျမ်း 34:22ခရစ်တော် မပေါ်မီ 589 ခန့်

    ငါသည် အမိန့်တော်ပေး၍ သူတို့ကို ဤမြို့သို့ ပြန်လာစေမည်။ သူတို့သည် တိုက်ယူ၍မီးရှို့ကြလိမ့်မည်။ ငါသည်လည်း၊ ယုဒမြို့ရွာတို့ကို လူတို့ဆိတ်ညံရာအရပ် ဖြစ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  20. ယေရမိအနာဂတ္တိကျမ်း 35:1ခရစ်တော် မပေါ်မီ 607 ခန့်

    ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်း လက်ထက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊

  21. ယေရမိအနာဂတ္တိကျမ်း 35:2ခရစ်တော် မပေါ်မီ 607 ခန့်

    သင်သည်ရေခပ်အမျိုးသားတို့အိမ်သို့သွား၍၊ သူတို့နှင့်နှုတ်ဆက် ပြီးမှ၊ ဗိမာန်တော် အခန်းတခန်းထဲသို့ ခေါ်သွင်း၍ စပျစ်ရည်ကိုတိုက်ပေးလော့ဟု မိန့်တော်မူ သည်အတိုင်း၊

  22. ယေရမိအနာဂတ္တိကျမ်း 35:3ခရစ်တော် မပေါ်မီ 607 ခန့်

    ငါသည် ဟာဗဇိညာသားဖြစ်သော ယေရမိ၏ သား ယာဇညာမှစ၍၊ သူ၏ညီအစ်ကိုတို့နှင့် သားများ အပေါင်း၊ ရေခပ်အမျိုးသားအပေါင်းတို့ကို ခေါ်၍၊

  23. ယေရမိအနာဂတ္တိကျမ်း 35:4ခရစ်တော် မပေါ်မီ 607 ခန့်

    ဗိမာန်တော်အတွင်း၊ တံခါးစောင့်ရှလ္လုံသား မာသေယ၏ အခန်းအပေါ်၊ မှူးတော်မတ်တော် စည်းဝေး ရာအခန်းနားမှာ ဘုရားသခင်၏လူ ဣဂဒါလိသား ဟာနန်၏သားတို့ နေသောအခန်းထဲသို့ ဆောင်သွား ပြီးလျှင်၊

  24. ယေရမိအနာဂတ္တိကျမ်း 35:5ခရစ်တော် မပေါ်မီ 607 ခန့်

    ထိုရေခပ် အမျိုးသားတို့ရှေ့၌ စပျစ်ရည်နှင့် ပြည့်သောအိုးများနှင့် ခွက်ဖလားတို့ကိုထည့်၍၊ စပျစ်ရည် ကို သောက်ကြပါဟု သူတို့အား ဆို၏။

  25. ယေရမိအနာဂတ္တိကျမ်း 35:6ခရစ်တော် မပေါ်မီ 607 ခန့်

    သူတို့ကလည်း၊ အကျွန်ုပ်တို့သည် စပျစ်ရည်ကို မသောက်ပါ။ အကြောင်းမူကား၊ အကျွန်ုပ်တို့အမျိုး၏ အဘရေခပ်၏ သားယောနဒပ်က၊ သင်တို့မှစ၍ သားစဉ် မြေးဆက်တို့သည် စပျစ်ရည်ကို မသောက်ရကြ။