အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ပျက်စီးသော ပြည်တို့တွင် ပျက်စီးလျက်ရှိကြ၍၊ လူဆိတ်ညံသော မြို့တို့တွင် အဲဂုတ္တုမြို့တို့သည် ပါဝင်ကြ လိမ့်မည်။

  2. ငါသည် အဲဂုတ္တုပြည်၌ မီးညှိ၍ ထိုပြည်ကို မစသမျှသော သူတို့သည် ပျက်စီးကြသောအခါ၊ ငါသည် ထားဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။

  3. ထိုအခါစိုးရိမ်ခြင်းမရှိသော အဲသယောပိပြည် သားတို့ကို ကြောက်စေခြင်းငှါ၊ ငါစေလွှတ်သော တမန်တို့ သည် သင်္ဘောစီး၍ သွားကြသဖြင့်။ အဲဂုတ္တပြည်၏ အချိန်၌ သူတို့သည်လည်း အလွန်ဆင်ရဲခြင်းသို့ ရောက်ရ ကြလိမ့်မည်။ ထိုအချိန်လည်းနီးပြီဟု မိန့်တော်မူ၏။

  4. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအားဖြင့် အဲဂုတ္တုပြည် ၏ အလုံးအရင်းကို ငါဖြတ်မည်။

  5. ထိုရှင်ဘုရင်နှင့်တကွ သူ၏လူများ၊ ကြောက် မက်ဘွယ်သော လူမျိုးများတို့သည် အဲဂုတ္တုပြည်ကို ဖျက်ဆီးခြင်းငှါလာ၍၊ ထားကိုင်လျက် တပြည်လုံးကို သူရဲတို့နှင့် ပြည့်စေကြလိမ့်မည်။

  6. မြစ်တို့ကို ငါခန်းခြောက်စေ၍၊ အဓမ္မလူတို့အား ပြည်ကို ရောင်းလိုက်မည်။ တကျွန်းတနိုင်ငံသားတို့ လက်ဖြင့် ပြည်နှင့်တကွပြည်၌ ပါသမျှကို ငါဖျက်ဆီးမည်။ ငါထာဝရဘုရား ပြောပြီ။

  7. အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ရုပ်တုတို့ကို ငါဖျက်ဆီး၍၊ နောဖပြည်၌ ဆင်းတုတို့ကို လည်း ပယ်ဖြတ်မည်။ နောက်တဖန် အဲဂုတ္တုမင်းမျိုးမရှိရ။ အဲဂုတ္တုပြည်သည် ကြောက်ရွံ့မည်အကြောင်းကို ငါပြု မည်။

  8. ပါသရုပြည်ကို ငါဖျက်မည်။ ဇောနမြို့ကိုလည်း မီးရှို့မည်။ နောမြို့ကိုလည်း အပြစ်ဒဏ်စီရင်မည်။

  9. အဲဂုတ္တုပြည်၏ အစွမ်းသတ္တိဖြစ်သော သိန်မြို့ အပေါ်သို့ ငါသည် အမျက်ကို သွန်းလောင်း၍၊ နောမြို့ သား အလုံးအရင်းကို ပယ်ဖြတ်မည်။

  10. အဲဂုတ္တုပြည်၌ မီးညှိ၍ သိန်မြို့သည် တုန်လှုပ် ခြင်း၊ နောမြို့ရိုးသည် ပြိုပေါက်ခြင်း၊ နောဖမြို့သည် နေ့အချိန်၌ပင် စစ်တိုက်ခြင်းကို ခံရလိမ့်မည်။

  11. အာဝင်မြို့၊ ဖိဗေသက်မြို့သား လုလင်တို့သည် ထားဖြင့်လဲ၍ သေကြသဖြင့်၊ မိန်းမတို့သည် သိမ်းသွား ခြင်းကို ခံရကြလိမ့်မည်။

  12. တာပနက်မြို့၌ အဲဂုတ္တုလှံတံတို့ကို ငါချိုး၍၊ သူ့အစွမ်းသတ္တိ၏ ဂုဏ်အသရေဆုံးသောအခါ နေ့အချိန် ၌ အလင်းကွယ်လိမ့်မည်။ မိုဃ်းအုံ၍ မြို့သမီးတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။

  13. ထိုသို့အဲဂုတ္တုပြည်၌ ငါသည် အပြစ်ဒဏ်စီရင်၍၊ ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

  14. ယေဇကျေလအနာဂတ္တိကျမ်း 30:20ခရစ်တော် မပေါ်မီ 588 ခန့်

    သက္ကရာဇ်တဆယ်တခု၊ ပဌမလ ခုနစ်ရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

  15. ယေဇကျေလအနာဂတ္တိကျမ်း 30:21ခရစ်တော် မပေါ်မီ 588 ခန့်

    အချင်းလူသား၊ အဲဂုတ္တုအရှင်ဘုရင် ဖာရော မင်း၏ လက်ရုံးကို ငါချိုးပြီး။ ဆေကု၍မထုပ်ရ။ ထားကိုင် စေဘို့ ပကတိခွန်အား ရှိစေခြင်းငှါ အဝတ်နှင့်မစည်းရ။

  16. ယေဇကျေလအနာဂတ္တိကျမ်း 30:22ခရစ်တော် မပေါ်မီ 588 ခန့်

    ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းတဘက်၌ နေသဖြင့်၊ သူ၏လက်ရုံးတည်းဟူသော၊ ခိုင်မာသော လက်ရုံးနှင့် အရင်ချိုးသောလက်ရုံးကို ငါချိုး၍ထားကို သူ့လက်မှ ကျစေမည်။

  17. ယေဇကျေလအနာဂတ္တိကျမ်း 30:23ခရစ်တော် မပေါ်မီ 588 ခန့်

    အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ တွင် ကွဲပြားပြန့်လွင့်စေမည်။

  18. ယေဇကျေလအနာဂတ္တိကျမ်း 30:24ခရစ်တော် မပေါ်မီ 588 ခန့်

    ဗာဗုလုန်ရှင်ဘုရင်ကို ငါခိုင်မာစေ၍၊ ငါ့ထားကို သူ့လက်၌ အပ်မည်။ ဖာရောမင်း၏ လက်ရုံးတို့ကို ငါချိုးသဖြင့်၊ သူသည် အသေသတ်ခြင်းကို ခံရသောသူ အော်ဟစ်သကဲ့သို့၊ ဗာဗုလုန်ရှင်ဘုရင်ရှေ့မှာ အော်ဟစ် ရလိမ့်မည်။

  19. ယေဇကျေလအနာဂတ္တိကျမ်း 30:25ခရစ်တော် မပေါ်မီ 588 ခန့်

    ဗာဗုလုန်ရှင်ဘုရင်၏ လက်ရုံးတို့ကို ငါခိုင်မာစေ မည်။ ဖာရောဘုရင်၏ လက်မူကား၊ အောက်သို့ကျလိမ့် မည်။ ငါ့ထားကို ဗာဗုလုန်ရှင်ဘုရင်လက်၌ ငါအပ်၍၊ သူသည် အဲဂုတ္တပြည်ကို ထိုထားနှင့်ခုတ်သောအခါ၊ ငါ သည် ထားဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့် မည်။

  20. ယေဇကျေလအနာဂတ္တိကျမ်း 30:26ခရစ်တော် မပေါ်မီ 588 ခန့်

    ထိုသို့ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်းအပြည်ပြည် တို့၌ ငါကွဲပြားပြန့်လွင့်စေမည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

  21. ယေဇကျေလအနာဂတ္တိကျမ်း 31:1ခရစ်တော် မပေါ်မီ 588 ခန့်

    သက္ကရာဇ် တဆယ်တခု၊ တတိယလတရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

  22. ယေဇကျေလအနာဂတ္တိကျမ်း 31:2ခရစ်တော် မပေါ်မီ 588 ခန့်

    အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းနှင့် သူ၏အလုံးအရင်းအား ဟောပြောရမည် မှာ၊ သင်သည် ဘုန်းတန်ခိုးကြီး၍ အဘယ်သူနှင့် တူသနည်း။

  23. ယေဇကျေလအနာဂတ္တိကျမ်း 31:3ခရစ်တော် မပေါ်မီ 588 ခန့်

    အာရှုရိလူသည် အဆင်းလှ၍ လွှမ်းမိုးသော အကိုင်း၊ မြင့်သောအရပ်၊ ထူထပ်သောအခက်အလက် တို့နှင့် ပြည့်စုံသော ထိပ်ဖျားရှိသော လေဗနန်အာရဇ်ပင်ဖြစ်၏။

  24. ယေဇကျေလအနာဂတ္တိကျမ်း 31:4ခရစ်တော် မပေါ်မီ 588 ခန့်

    မြစ်ရေ၏ကျေးဇူးကြောင့် ကြီးမားခြင်း၊ နက်နဲ သောရေ၏ကျေးဇူးတရားကြောင့် အရပ်မြင့်ခြင်းရှိ၏။ သူစိုက်ရာ အရပ်ရပ်တို့၌ ရေစီး၍၊ ခပ်သိမ်းသော တော ပင်ရှိရာသို့ မြစ်ရေသည် နှံ့ပြားလေ၏။

  25. ယေဇကျေလအနာဂတ္တိကျမ်း 31:5ခရစ်တော် မပေါ်မီ 588 ခန့်

    ထိုသို့သောအားဖြင့် တောသစ်ပင်တကာတို့ ထက် အရပ်မြင့်လေ၏။ တိုးပွားသောအခါ ရေများသော ကြောင့် အကိုင်းအခက်များပြား၍၊ အလက်တို့သည် ရှည်လျားကြ၏။