အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဇကျေလအနာဂတ္တိကျမ်း 31:6ခရစ်တော် မပေါ်မီ 588 ခန့်

    မိုဃ်းကောင်းကင်ငှက်အပေါင်းတို့သည် အကိုင်း အခက်တို့၌ အသိုက်လုပ်ကြ၏။ တောတိရစ္ဆာန်အပေါင်း တို့သည် အကိုင်းအခက်တို့ အောက်၌သာ ဘွားကြ၏။ ထိုအပင်၏ အရပ်၌ကြီးမားသော လူမျိုးအပေါင်းတို့ သည် နေကြ၏။

  2. ယေဇကျေလအနာဂတ္တိကျမ်း 31:7ခရစ်တော် မပေါ်မီ 588 ခန့်

    ထိုသို့ ရေများသောအရပ်၌ အမြစ်စွဲသော ကြောင့်၊ ကြီးမြင့်၍ အခက်အလက်ရှည်လျားသဖြင့် လှသောအဆင်းနှင့် ပြည့်စုံ၏။

  3. ယေဇကျေလအနာဂတ္တိကျမ်း 31:8ခရစ်တော် မပေါ်မီ 588 ခန့်

    ဘုရားသခင်၏ ဥယျာဉ်တော်၌ အာရဇ်ပင်တို့ သည် ထိုအပင်ကို မကွယ်နိုင်။ ထင်းရူးပင်နှင့် အာရမုန် ပင်တို့သည် ထိုသို့သော အကိုင်းအခက်နှင့်မပြည့်စုံကြ။ ဘုရားသခင်၏ ဥယျာဉ်တော်၌ သစ်ပင်တပင်မျှ ထိုအပင် ကဲ့သို့ အဆင်းမလှ။

  4. ယေဇကျေလအနာဂတ္တိကျမ်း 31:9ခရစ်တော် မပေါ်မီ 588 ခန့်

    ဧဒင်အရပ်၊ ဘုရားသခင်၏ဥယျာဉ် တော်၌ ရှိသမျှသော သစ်ပင်တို့သည် ထိုအပင်ကို ငြူစူ သည်တိုင်အောင် အခက်အလက်များပြားသောအားဖြင့် သူ၏အဆင်းကို ငါလှစေ၏။

  5. ယေဇကျေလအနာဂတ္တိကျမ်း 31:10ခရစ်တော် မပေါ်မီ 588 ခန့်

    တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ထိုအာရဇ်ပင်သည် အရပ်မြင့်လျက်၊ ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိထိပ်ဖျားကို ချီမြှောက်လျက်၊ စိတ်လည်းမြင့်၍ ဝါကြွားလျက်ရှိသော ကြောင့်၊

  6. ယေဇကျေလအနာဂတ္တိကျမ်း 31:11ခရစ်တော် မပေါ်မီ 588 ခန့်

    လူမျိုးတို့တွင် တန်ခိုးကြီး၍ သူ့ကိုကျပ်တည်းစွာ စီရင်သော သူ၏လက်သို့ ငါအပ်လေပြီ။ သူပြုသော အဓမ္မအမှုကြောင့် နှင်ထုတ်လေပြီ။

  7. ယေဇကျေလအနာဂတ္တိကျမ်း 31:12ခရစ်တော် မပေါ်မီ 588 ခန့်

    ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသား တို့သည် သူ့ကို ခုတ်လှဲ၍ ပစ်ထားကြပြီ။ အကိုင်းအခက် တို့သည် တောင်ပေါ်နှင့် ချိုင့်ထဲမှာကျ၍ တပြည်လုံး မြစ်နားမှာ ကျိုးပဲ့လျက်နေကြ၏။ မြေကြီးသာအပေါင်း တို့သည် သူ့အရိပ်ထဲကထွက်၍ သူ့ကိုစွန့်သွားကြ၏။

  8. ယေဇကျေလအနာဂတ္တိကျမ်း 31:13ခရစ်တော် မပေါ်မီ 588 ခန့်

    မိုဃ်းကောင်းကင်ငှက်နှင့် တောတိရစ္ဆာန် အပေါင်းတို့သည် ကျိုးပဲ့သော အကိုင်းအခက်တို့ အပေါ် မှာ နေရကြ၏။

  9. ယေဇကျေလအနာဂတ္တိကျမ်း 31:14ခရစ်တော် မပေါ်မီ 588 ခန့်

    အကြောင်းမူကား၊ ရေနားမှာရှိသမျှသော သစ် ပင်တို့တွင် တပင်မျှအရပ်မြင့်သောကြောင့် မဝါကြွား။ ထူထပ်သော အခက်အလက်တို့တွင် မိမိထိပ်ဖျားကို မချီမြှောက်မည်အကြောင်း၊ ရေကိုသောက်သမျှသော အပင်တပင်မျှအရပ်မြင့်လျက် မပြိုင်ဝံ့မည်အကြောင်း တည်း။ ထိုအပင်အပေါင်းတို့သည် မြေတွင်းထဲသို့ ဆင်း တတ်သောလူသားတို့နှင့်အတူ သေခြင်းသို့၎င်း၊ မြေ အောက်အရပ်သို့၎င်း ရောက်စေခြင်းငှါ ငါအပ်လေပြီ။

  10. ယေဇကျေလအနာဂတ္တိကျမ်း 31:15ခရစ်တော် မပေါ်မီ 588 ခန့်

    အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် မရဏာနိုင်ငံထဲသို့ ဆင်းသွားသောနေ့၌ နက်နဲ သောအရပ်ကို သူ့အဘို့မသာ အဝတ်နှင့် ငါဖုံးလွှမ်း၏။ လှိုင်းတံပိုးတို့ကို ငါကန့်ကွက်၍ ကြီးစွားသော ရေကို ချုပ်ထား၏။ လေဗနန်တောင်ကို သူ့အဘို့ မသာအဝတ် ကို ဝတ်စေ၍၊ တောသစ်ပင်အပေါင်းတို့သည် စိတ်ပျက် ကြ၏။

  11. ယေဇကျေလအနာဂတ္တိကျမ်း 31:16ခရစ်တော် မပေါ်မီ 588 ခန့်

    မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ၊ နှိမ့်ချသံ အားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင် သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး။ အမြတ်ဆုံးသော လေဗနန်သစ်ပင်မှစ၍၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ ရောက်ကြ၏။

  12. ယေဇကျေလအနာဂတ္တိကျမ်း 31:17ခရစ်တော် မပေါ်မီ 588 ခန့်

    ထိုသူနှင့်တကွ သူ့လက်ရုံဖြစ်၍၊ လူမျိုးတို့တွင် သူ့အရိပ်ကို ခိုသောသူတို့သည် ထားဖြင့် အသေခံရသော သူတို့ နေရာ၊ မရဏာနိုင်ငံထဲသို့ လိုက်သွားကြ၏။

  13. ယေဇကျေလအနာဂတ္တိကျမ်း 31:18ခရစ်တော် မပေါ်မီ 588 ခန့်

    သင်သည် ဘုန်းတန်ခိုးအာနုဘော်အားဖြင့် အဘယ်မည်သော ဧဒင်သစ်ပင်နှင့် တူသနည်း။ သင် သည် ဧဒင်သစ်ပင်တို့နှင့်အတူ မြေအောက်အရပ်သို့ နှိမ့်ချခြင်းကိုခံရမည်။ အရေးဖျားလှီးခြင်းကို မခံသောလူ၊ ထားဖြင့်အသေခံရသောသူတို့နှင့်အတူ လဲ၍နေရမည်။ ထိုသို့ဖာရောဘုရင်နှင့် သူ့အလုံးအရင်းရှိသမျှတို့သည် ဖြစ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  14. ယေဇကျေလအနာဂတ္တိကျမ်း 32:1ခရစ်တော် မပေါ်မီ 587 ခန့်

    သက္ကရာဇ် တဆယ်နှစ်ခု၊ ဒွါဒသမလတရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

  15. ယေဇကျေလအနာဂတ္တိကျမ်း 32:2ခရစ်တော် မပေါ်မီ 587 ခန့်

    အချင်းလူသား၊ သင်သည်အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအတွက် မြည်တမ်းခြင်းကိုပြု၍ ပြောဆိုရမည် မှာ၊ သင်သည်လူမျိုးတို့တွင် ခြင်္သေ့ပျိုကဲ့သို့ဖြစ်၏။ အိုင်၌ နေသောမိကျောင်းကဲ့သို့လည်းဖြစ်၍၊ မြစ်တို့ကို ကူးသွားလျက်၊ ခြေဖြင့်ရေကိုလှုပ်ရှားလျက် မြစ်ရေကို နောက်စေ၏။

  16. ယေဇကျေလအနာဂတ္တိကျမ်း 32:3ခရစ်တော် မပေါ်မီ 587 ခန့်

    အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုးများစုဝေးလျက်၊ ငါသည် ပိုက်ကွန်နှင့်သင့်ကို အုပ်မိ ၍၊ သူတို့သည် ပိုက်ကွန်နှင့်တကွ သင့်ကို ဆွဲယူကြလိမ့် မည်။

  17. ယေဇကျေလအနာဂတ္တိကျမ်း 32:4ခရစ်တော် မပေါ်မီ 587 ခန့်

    ငါသည် သင့်ကိုကုန်းပေါ်မှာတင်၍ လွင်ပြင်၌ ပစ်ထားမည်။ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို သင့် အပေါ်မှာ နားစေမည်။ မြေသားအပေါင်းတို့ကို ဝစွာ ကျွေးမည်။

  18. ယေဇကျေလအနာဂတ္တိကျမ်း 32:5ခရစ်တော် မပေါ်မီ 587 ခန့်

    သင့်အသားကို တောင်တို့အပေါ်၌ ငါခင်းမည်။ ချိုင့်တို့ကို သင့်ကိုယ်နှင့် ပြည့်စေမည်။

  19. ယေဇကျေလအနာဂတ္တိကျမ်း 32:6ခရစ်တော် မပေါ်မီ 587 ခန့်

    သင်မှ ယိုသော အသွေးဖြင့် မြေကိုတောင်ထိပ် တိုင်အောင် စိုစေမည်။ မြစ်တို့သည် သင့်အသွေးနှင့် ပြည့်ကြလိမ့်မည်။

  20. ယေဇကျေလအနာဂတ္တိကျမ်း 32:7ခရစ်တော် မပေါ်မီ 587 ခန့်

    သင့်ကို ငါဆုံးစေသောအခါ မိုဃ်းကောင်းကင် ကို ငါဖုံးလွှမ်း၍ ကြယ်တို့ကို မိုက်စေမည်။ နေကို မိုဃ်းအုံ စေ၍ လသည်လည်း အလင်းကို မပေးရ။

  21. ယေဇကျေလအနာဂတ္တိကျမ်း 32:8ခရစ်တော် မပေါ်မီ 587 ခန့်

    သင့်အထက်၊ မိုဃ်းကောင်းကင်၌ ထွန်းလင်းသော အလင်းအိမ် အလုံးစုံတို့ကို မိုက်စေ၍၊ သင့်ပြည်ကို မှောင် မိုက်နှင့် ဖုံးလွှမ်းမည်။

  22. ယေဇကျေလအနာဂတ္တိကျမ်း 32:9ခရစ်တော် မပေါ်မီ 587 ခန့်

    သင်မသိဘူးသော အတိုင်းတိုင်းအပြည်ပြည်တို့ တွင် သင်ပျက်စီးခြင်းအကြောင်းကို ငါကြာစေသောအခါ၊ လူမျိုးများတို့ကို စိတ်ပူပန်စေမည်။

  23. ယေဇကျေလအနာဂတ္တိကျမ်း 32:10ခရစ်တော် မပေါ်မီ 587 ခန့်

    အကယ်စင်စစ် သင့်အမှုကြောင့် လူမျိုးများ တို့ကို ငါမိန်းမောတွေဝေစေမည်။ ငါသည် ရှင်ဘုရင်တို့ ရှေ့မှာ ထားနှင့်ရွယ်သောအခါ၊ သူတို့သည် သင့်အမှု ကြောင့် အလွန်ထိတ်လန့်ကြလိမ့်မည်။ သင်ဆုံးရှုံးသော နေ့၌သူတို့သည် အသီးအသီး မိမိတို့အသက်ကြောင့် ခဏခဏ စိုးရိမ်တုန်လှုပ်ကြလိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။

  24. ယေဇကျေလအနာဂတ္တိကျမ်း 32:11ခရစ်တော် မပေါ်မီ 587 ခန့်

    အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထားသည် သင့်အပေါ်သို့ ရောက် လိမ့်မည်။

  25. ယေဇကျေလအနာဂတ္တိကျမ်း 32:12ခရစ်တော် မပေါ်မီ 587 ခန့်

    ခွန်အားကြီးသောသူ၊ ကြောက်မက်ဘွယ်သော လူမျိုး အပေါင်းတို့ဖြင့် သင်၏အလုံးအရင်းကို ငါလဲ စေမည်။ သူတို့သည် အဲဂုတ္တုမာနကို နှိမ့်ချ၍၊ ပြည်သား အလုံးအရင်းရှိသမျှကို ဖျက်ဆီးကြလိမ့်မည်။