- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1406–1380 BC
Conquest of Canaan
Joshua leads Israel across the Jordan into the promised land, defeating the Canaanite kingdoms one by one.
ဤကာလမှ အခန်းငယ်များ
- ယောရှုမှတ်စာ 7:1ခရစ်တော် မပေါ်မီ 1451 ခန့်
သို့ရာတွင် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်သည်၊ ကျိန်အပ်သောအရာကို သိမ်းယူ၍ ထိုအရာအားဖြင့် ဣသရေလအမျိုးသားတို့ သည် ပြစ်မှားသောအပြစ် ရှိသောကြောင့်၊ ထာဝရဘုရား သည် သူတို့၌ အမျက်ထွက်တော်မူ၏။
- ယောရှုမှတ်စာ 7:2ခရစ်တော် မပေါ်မီ 1451 ခန့်
ယောရှုသည်လည်း၊ ယေရိခေါမြို့မှ လူတို့ကို စေလွှတ်၍၊ သင်တို့သည် ဗေသလမြို့အရှေ့၊ ဗေသဝင်မြို့ အနားမှာရှိသော အာဣမြို့သို့ သွား၍ ထိုပြည်ကို ကြည့်ရှု ကြလော့ဟု မှာထားသည်အတိုင်း သူတို့သည် သွား၍၊ အာဣမြို့ကို ကြည့်ရှုပြီးလျှင်၊
- ယောရှုမှတ်စာ 7:3ခရစ်တော် မပေါ်မီ 1451 ခန့်
ယောရှုထံသို့ ပြန်လာ၍၊ ဤလူတို့ကို အကုန်အ စင် မသွားပါစေနှင့်။ လူနှစ်ထောင် သုံးထောင်လောက် သွား၍ အာဣမြို့ကို လုပ်ကြံပါစေ။ ထိုမြို့သို့ သွားရာတွင် ဤလူအပေါင်းတို့ကို မပင်ပန်းပါစေနှင့်။ မြို့သားတို့သည် မများပါဟု လျှောက်သည်နှင့်အညီ၊
- ယောရှုမှတ်စာ 7:4ခရစ်တော် မပေါ်မီ 1451 ခန့်
လူသုံးထောင်ခန့်မျှ ချီသွား၍ အာဣမြို့သားတို့ ရှေ့မှာ ပြေးရကြ၏။
- ယောရှုမှတ်စာ 7:5ခရစ်တော် မပေါ်မီ 1451 ခန့်
အာဣမြို့သားတို့သည် လူသုံးဆယ်ခြောက် ယောက်တို့ကို သတ်ကြ၏။ မြို့တံခါးမှသည် ရှေဗရိမ်အ ရပ်တိုင်အောင်လိုက်၍၊ ထိုအရပ်၌ ဆင်းရာတွင် လုပ်ကြံ ကြသောကြောင့်၊ လူများတို့၏ စိတ်နှလုံးသည် အရည်ကျို ၍ ရေကဲ့သို့ ဖြစ်လေ၏။
- ယောရှုမှတ်စာ 7:6ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုအခါ ယောရှုသည် မိမိအဝတ်ကို ဆုတ်၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ မိမိတို့ခေါင်း ပေါ်၌ မြေမှုန့်ကိုတင်၍ ထာဝရဘုရား၏ သေတ္တာတော် ရှေ့မှာ ညဦးတိုင်အောင် ဝပ်လျက်နေကြ၏။
- ယောရှုမှတ်စာ 7:7ခရစ်တော် မပေါ်မီ 1451 ခန့်
ယောရှုကလည်း၊ အိုအရှင် ထာဝရဘုရား၊ ကိုယ် တော်သည် ဤလူအပေါင်းတို့ကို အာမောရိလူတို့လက်သို့ အပ်၍ ဖျက်ဆီးစေခြင်းငှါ ယော်ဒန်မြစ်တဘက်သို့ အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့ သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန်မြစ်အရှေ့ဘက်၌ နေကြပါစေသော။
- ယောရှုမှတ်စာ 7:8ခရစ်တော် မပေါ်မီ 1451 ခန့်
အိုဘုရားရှင်၊ ဣသရေလအမျိုးသားတို့သည် ရန်သူတို့ရှေ့မှာ ကျောကိုလှည့်ရကြသည်ဖြစ်၍ အကျွန်ုပ် သည် အဘယ်သို့ ပြောရပါမည်နည်း။
- ယောရှုမှတ်စာ 7:9ခရစ်တော် မပေါ်မီ 1451 ခန့်
ခါနနိလူ အစရှိသော ဤပြည်သူပြည်သား အပေါင်းတို့သည် ထိုသိတင်းကို ကြားလျှင်၊ အကျွန်ုပ်တို့ကို ဝိုင်း၍ အကျွန်ုပ်တို့၏နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါ လိမ့်မည်။ ကိုယ်တော်သည် ကြီးမြတ်သောနာမတော်အဘို့ အလိုငှါ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို၏။
- ယောရှုမှတ်စာ 7:10ခရစ်တော် မပေါ်မီ 1451 ခန့်
ထာဝရဘုရားကလည်း၊ ထလော့။ အဘယ် ကြောင့် ဝပ်၍နေသနည်း။
- ယောရှုမှတ်စာ 7:11ခရစ်တော် မပေါ်မီ 1451 ခန့်
ဣသရေလအမျိုးသည် ပြစ်မှားပြီ။ ငါမှာထား သော ပဋိညာဉ်တရားကို ဖျက်လေပြီ။ ကျိန်အပ်သောအ ရာကို ခိုးယူ၍ ပရိယာယ်ပြုသဖြင့် မိမိဥစ္စာထဲမှာ ထား လေပြီ။
- ယောရှုမှတ်စာ 7:12ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ် သောသူဖြစ်သောကြောင့်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊ ကျောကို လှည့်ရကြ၏။ ကျိန်အပ်သောသူကို သင်တို့အထဲ က မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။
- ယောရှုမှတ်စာ 7:13ခရစ်တော် မပေါ်မီ 1451 ခန့်
ထ၍ လူများတို့ကို သန့်ရှင်းစေလော့။ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ် သန့်ရှင်းစေကြဟု ဆင့်ဆိုလော့။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော် မူသည်ကား၊ အိုဣသရေလအမျိုး၊ ကျိန်အပ်သောအရာ သည် သင်တို့အထဲ၌ ရှိ၏။ ထိုအရာကို သင်တို့အထဲက မပယ်မရှင်းမှီတိုင်အောင် ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်ကြ။
- ယောရှုမှတ်စာ 7:14ခရစ်တော် မပေါ်မီ 1451 ခန့်
နက်ဖြန်နံနက်၌ သင်တို့သည် အမျိုးအနွယ်အ လိုက် ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူ သော အမျိုးသည်၊ အဆွေအမျိုးအလိုက် ချဉ်းကပ်ရကြ မည်။ ထာဝရဘုရား မှတ်တော်မူသောအမျိုးသည်၊ အိမ်ထောင်စုံနှင့် ချဉ်းကပ်ရကြမည်။ ထာဝရ ဘုရား မှတ်တော်မူသော အိမ်ထောင်သည် လူအသီးသီး ချဉ်းကပ်ရကြမည်။
- ယောရှုမှတ်စာ 7:15ခရစ်တော် မပေါ်မီ 1451 ခန့်
ကျိန်အပ်သော အရာပါလျက် မှတ်တော်မူသော သူမှစ၍၊ သူ၌ရှိသမျှတို့ကို မီးရှို့ရကြမည်။ အကြောင်းမူ ကား၊ သူသည် ထာဝရဘုရား၏ ပဋိညာဉ်တရားကို ဖျက် ၍ ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုလေပြီဟု ယောရှု အား မိန့်တော်မူ၏။
- ယောရှုမှတ်စာ 7:16ခရစ်တော် မပေါ်မီ 1451 ခန့်
နံနက်စောစော ယောရှုသည် ထ၍ ဣသရေလ လူတို့ကို အမျိုးအနွယ်အလိုက် ဆောင်ခဲ့သဖြင့် ယုဒအမျိုး ကို မှတ်တော်မူ၏။
- ယောရှုမှတ်စာ 7:17ခရစ်တော် မပေါ်မီ 1451 ခန့်
ယုဒအမျိုးကို ဆောင်ခဲ့သဖြင့်၊ ဇေရိအဆွေအ မျိုးကို မှတ်တော်မူ၏။ ဇေရိအဆွေအမျိုး အိမ်ထောင်စုံ အသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ဇာဗဒိအိမ်ထောင်ကို မှတ်တော်မူ၏။
- ယောရှုမှတ်စာ 7:18ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုအိမ်ထောင် လူအသီးအသီးတို့ကို ဆောင်ခဲ့သ ဖြင့် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်ကို မှတ်တော်မူ၏။
- ယောရှုမှတ်စာ 7:19ခရစ်တော် မပေါ်မီ 1451 ခန့်
ယောရှုကလည်း၊ ငါ့သား၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်း၍ ရှေ့တော်၌ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ပါလော့။ သင်ပြုသောအမှုကို ငါ့အားပြောပါလော့။ ဝှက်၍မထား ပါနှင့်ဟု အာခန်အားဆိုလျှင်၊
- ယောရှုမှတ်စာ 7:20ခရစ်တော် မပေါ်မီ 1451 ခန့်
အာခန်က၊ ဟုတ်ပါ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ကျွန်တော်ပြစ်မှားပါပြီ။ ကျွန်တော်ပြုမိသောအမှု ဟူမူကား၊
- ယောရှုမှတ်စာ 7:21ခရစ်တော် မပေါ်မီ 1451 ခန့်
လုယူသော ဥစ္စာတို့တွင် မြတ်သောဗာဗုလုန် ဝတ်လုံ၊ ငွေနှစ်ပိဿာ၊ ရွှေတုံးအကျပ်ငါးဆယ်ကို ကျွန် တော်မြင်သဖြင့်၊ တပ်မက်၍ သိမ်းယူမိပါပြီ။ ကျွန်တော် တဲအတွင်း မြေ၌မြှုပ်လျက် ငွေသည် အောက်ဆုံးရှိပါ သည်ဟု ယောရှုအား ပြန်လျှောက်လေ၏။
- ယောရှုမှတ်စာ 7:22ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုအခါ ယောရှုစေလွှတ်သောသူတို့သည် တဲသို့ ပြေး၍ ထိုဥစ္စာသည် တဲအတွင်း မြေ၌မြှုပ်လျက်၊ ငွေသည် အောက်ဆုံးရှိသည်ကို တွေ့သော်၊
- ယောရှုမှတ်စာ 7:23ခရစ်တော် မပေါ်မီ 1451 ခန့်
တဲထဲကထုတ်၍ ယောရှုထံ ဣသရေလအမျိုး သားများရှေ့သို့ ဆောင်သွားသဖြင့်၊ ထာဝရဘုရားရှေ့ တော်၌ ထားကြ၏။
- ယောရှုမှတ်စာ 7:24ခရစ်တော် မပေါ်မီ 1451 ခန့်
ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့ သည်၊ ဇေရသာအာခန်မှစ၍ ထိုငွေ၊ ဝတ်လုံ၊ ရွှေတုံး၊ သားသမီး၊ သိုးနွားမြည်း၊ တဲနှင့်တကွ သူ၌ရှိသမျှတို့ကို အာခေါ်ချိုင့်သို့ ဆောင်သွားပြီးမှ၊
- ယောရှုမှတ်စာ 7:25ခရစ်တော် မပေါ်မီ 1451 ခန့်
ယောရှုက၊ ငါတို့ကို အဘယ်ကြောင့် နှောင့်ရှက် သနည်း။ ယနေ့ ထာဝရဘုရားသည် သင့်ကို နှောင့်ရှက် တော်မူမည်ဟု ဆိုသဖြင့်၊ ဣသရေလအမျိုးသား အပေါင်း တို့သည် ကျောက်ခဲနှင့် ပစ်ကြ၏။ ကျောက်ခဲနှင့် ပစ်ကြ ပြီးမှ၊ မီးရှို့ကြ၏။