- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 2100–1900 BC
Abraham: The Covenant
God calls Abram from Ur, establishes an everlasting covenant, and promises a son through whom all nations will be blessed.
ဤကာလမှ အခန်းငယ်များ
ပြင်သို့ရောက်သောအခါ၊ သင်သည် အသက် ချမ်းသာရခြင်းငှါ ပြေးလော့။ နောက်သို့လှည့်၍ မကြည့် နှင့် မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ ပြေးလော့။ သို့မဟုတ်ဆုံးလိမ့်မည်ဟု ဆိုလေ၏။
လောတ ကလည်း၊ အကျွန်ုပ်သခင် ထိုသို့မဆိုပါနှင့်။
ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရပါပြီ။ အကျွန်ုပ်အသက်ချမ်းသာစေသဖြင့်၊ အကျွန်ုပ်၌ ပြုတော်မူသောကရုဏာ ကျေးဇူးများပြားလှပါ၏။ ဘေးလွတ်၍ တောင်ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစုံ တခုတွေ့၍ သေမည်ကို စိုးရိမ်ပါ၏။
ကြည့်ပါ။ ထိုမြို့နီးပါ၏ ပြေးသာပါ၏။ ငယ် သောမြို့လည်း ဖြစ်ပါ၏။ ဘေးလွတ်၍ ထိုအရပ်သို့ ပြေးပါရစေ။ ထိုမြို့သည် ငယ်သောမြို့ မဟုတ်လော။ သို့ပြေးလျှင် အသက်ချမ်းသာရပါမည်ဟု လျှောက်ဆို၏။
ထိုသူကလည်း၊ ကြည့်ပါ။ ဤအမူအရာ၌လည်း သင်၏ စကားကို ငါနားထောင်စေခြင်းငှါ ထိုမြို့အတွက် တောင်းပန်သောကြောင့် ငါမဖျက်ဆီး။
ဘေးလွတ်ခြင်းငှါ ထိုမြို့သို့ အလျင်အမြန်ပြေး လော့။ ထိုမြို့သို့ မရောက်မှီ ငါသည် အဘယ်အမှုကိုမျှ မပြုနိုင်ဟုဆိုလေ၏။ ထိုကြောင့် ထိုမြို့ကို ဇောရမြို့ဟု သမုတ်ကြ၏။
လောတသည် ဇောရမြို့သို့ ဝင်သောအခါ၊ မြေကြီးပေါ်မှာ နေထွက်ချိန်ဖြစ်သတည်း။
ထိုအခါ ထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေတော်မူ၏။
ထိုမြို့တို့ကို၎င်း၊ ချိုင့်အရပ် တရှောက်လုံးကို၎င်း၊ မြို့သားအပေါင်းတို့ကို၎င်း မြေ၌ ပေါက်သမျှကို၎င်း၊ မှောက်လဲတော်မူ၏။
လောတ၏ မယားမူကား နောက်သို့ လှည့်ကြည့် ၍ ဆားတိုင်ဖြစ်လေ၏။
နံနက်စောစော အာဗြဟံသည် ထ၍၊ ထာဝရ ဘုရားရှေ့တော်၌ ရပ်နေသော အရပ်သို့ သွားပြီးလျှင်၊
သောဒုံမြို့နှင့် ဂေါမောရမြို့မှ စသောချိုင့် အရပ်တရှောက်လုံးကို ကြည့်ရှု၍၊ မီးဖို၌ အခိုးကဲ့သို့၊ တပြည်လုံးအခိုးတက်သည်ကို မြင်လေ၏။
ထိုသို့ဘုရားသခင်သည် ချိုင့်ထဲမှာ ရှိသောမြို့ တို့ကို ဖျက်ဆီးသောအခါ အာဗြံဟံကို အောက်မေ့တော် မူ၏။ လောတနေသော မြို့တို့ကို မှောက်လှဲသောအခါ မောက်လှဲထဲကလောတကို လွှတ်လိုက်တော်မူ၏။
လောတသည် ဇောရမြို့မှ ထွက်၍၊ သမီး နှစ်ယောက်နှင့်တကွ တောင်ပေါ်မှာနေ၏။ ဇောရမြို့၌ မနေဝံ့၍၊ သမီးနှစ်ယောက်နှင့်တကွ ဥမှင်၌ နေ၏။
သမီးအကြီးက၊ ငါတို့အဘ အိုပြီး မြေကြီးသား အပေါင်းတို့၏ ဘာသာအတိုင်း ငါတို့ထံသို့ ဝင်ရသော ယောက်ျားတယောက်မျှ မြေပေါ်မှာ မရှိ။
လာကြ။ ငါတို့အဘကိုစပျစ်ရည်တိုက်ကြစို့။ ငါတို့အဘ၏ အမျိုးအနွယ်ကို စောင့်မ၍ သူနှင့်အိပ်ကြ စို့ဟု ညီမကိုပြောဆို၏။
ထိုနေ့ညမှာ သူတို့သည် အဘကို စပျစ်ရည် တိုက်ပြီးလျှင်၊ သမီးအကြီးသည် ဝင်၍ အဘနှင့် အိပ်လေ ၏။ သူအိပ်ကြောင်းကို၎င်း၊ ထကြောင်းကို၎င်း အဘ မသိ။
နက်ဖြန်နေ့တွင် အကြီးကလည်း မနေ့ညမှာ ငါသည် အဘနှင့် အိပ်လေပြီ။ ယနေ့ညတဖန်သူ့ကို စပျစ် ရည်တိုက်ကြစို့။ သင်သည်ဝင်၍ အဘ၏အမျိုးအနွယ်ကို စောင့်မခြင်းငှါ၊ သူနှင့်အိပ်လော့ဟု ညီမကို ပြောဆို၏။
ထိုနေ့ည၌လည်း သူတို့သည် အဘကို စပျစ်ရည် တိုက်ပြီးလျှင်၊ အငယ်သည်ဝင်၍အဘနှင့် အိပ်လေ၏။ အိပ်ကြောင်းကို၎င်း၊ တကြောင်းကို၎င်း အဘမသိ။
ထိုသို့လောတ၏ သမီးနှစ်ယောက်တို့သည်၊ မိမိအဘအားဖြင့် ပဋိသန္ဓေစွဲနေ၏။
- ကမ္ဘာဦးကျမ်း 19:37ခရစ်တော် မပေါ်မီ 1896 ခန့်
သမီးအကြီးသည် သားကို ဘွား၍မောဘအမည် ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့၏ အဘဖြစ်သတည်း။
- ကမ္ဘာဦးကျမ်း 19:38ခရစ်တော် မပေါ်မီ 1896 ခန့်
သမီးအငယ်သည်လည်း သားကိုဘွား၍ ဗေနမ္မိ အမည်ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင် ရှိသော အမ္မုန်အမျိုးသားတို့၏ အဘဖြစ်သတည်း။
- ကမ္ဘာဦးကျမ်း 20:1ခရစ်တော် မပေါ်မီ 1897 ခန့်
တဖန်အာဗြဟံသည် တောင်ပြည်သို့ ခရီးသွား သဖြင့်၊ ကာဒေရှမြို့နှင့် ရှုရမြို့စပ်ကြားမှာနေ၍၊ ဂေရာမြို့ သို့ တည်းခို၏။
- ကမ္ဘာဦးကျမ်း 20:2ခရစ်တော် မပေါ်မီ 1897 ခန့်
ထိုအခါ မိမိမယားစာရာသည် မိမိနှမဖြစ်သည် ဟု၊ သူတပါးတို့အား အာဗြဟံဆိုသောကြောင့်၊ ဂေရာ မင်းကြီးအဘိမလက်သည် မိမိလူကို စေလွှတ်၍၊ စာရာကို ယူစေ၏။
- ကမ္ဘာဦးကျမ်း 20:3ခရစ်တော် မပေါ်မီ 1897 ခန့်
ညဉ့်အချိန်တွင် အိပ်မက်အားဖြင့် ဘုရားသခင်သည် အဘိမလက်ဆီသို့ကြွလာ၍၊ သင်သည် လူသေ ဖြစ်၏။ အကြောင်းမူကား၊ သင်ယူသော မိန်းမသည် သူ့မယားဖြစ်၏ဟု မိန့်တော်မူ၏။