အကြောင်းအရာသို့ ကျော်သွားရန်

Jerusalem

753 verses · 2 known names

အခြားအမည်: Jerusalem's

31.7700, 35.2300 Google Maps တွင် ကြည့်ရန်

Jerusalem ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ပဌမလတဆယ်နှစ်ရက်နေ့တွင်၊ ငါတို့သည် အဟာငမြစ်မှ ထွက်၍၊ ယေရုရှလင်မြို့သို့ ခရီးသွားကြ၏။ လမ်းနား၌ ချောင်း၍နေသော ရန်သူလက်မှ၊ ငါတို့၏ ဘုရားသခင့် တန်ခိုးတော်ကြောင့် လွတ်လျက်၊

  2. ယေရုရှလင်မြို့သို့ ရောက်၍ သုံးရက်နေကြ၏။

  3. အကျွန်ုပ်တို့သည် ကျွန်ခံလျက်နေရပါ၏။ ထိုသို့ ကျွန်ခံလျက် နေရသော်လည်း၊ အကျွန်ုပ်တို့၏ ဘုရား သခင်သည် စွန့်ပစ်တော်မမူ။ အကျွန်ုပ်တို့ အသက်လွတ် ခြင်းငှါ၎င်း၊ အကျွန်ုပ်တို့ ဘုရားသခင်၏အိမ်ထောင်ကို ထူထောင်၍၊ ပြိုပျက်ရာတို့ကို ပြုပြင်ခြင်းငှါ၎င်း၊ ယုဒပြည် ယေရုရှလင်မြို့၌ ခိုလှုံရာအရပ်ကို အကျွန်ုပ်အား ပေးခြင်း ငှါ၎င်း၊ ပေရသိရှင်ဘုရင်တို့သည် အကျွန်ုပ်တို့၌ ကျေးဇူး ပြုချင်သော စေတနာစိတ်ကို ပေးသနားတော်မူပြီ။

  4. သိမ်းသွားခြင်းကို ခံရသော အမျိုးသားအပေါင်း တို့သည်၊ ယေရု ရှလင်မြို့သို့ စည်းဝေးစေမည်အကြောင်း၊

  5. ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားယောက်ျား အပေါင်းတို့သည် သုံးရက်အတွင်းတွင်၊ ယေရုရှလင်မြိုးမှာ စည်းဝေး၍ နဝမလအရက်နှစ်ဆယ်တွင်၊ လူအပေါင်းတို့ သည် ထိုအမှုကြောင့်၎င်း၊ သည်းထန်စွာ မိုဃ်းရွာသော ကြောင့်၎င်း၊ တုန်လှုပ်လျက် ဘုရားသခင်၏ အိမ်တော်ဦး ရှေ့မှာ ထိုင်နေကြ၏။

  6. ငါ့ညီ ဟာနန်နှင့် ယုဒလူအချို့တို့သည် ရောက်လာ၍၊ ငါသည် သိမ်းသွားခြင်းကို ခံရသောယုဒလူစုထဲ က လွတ်သော သူတို့၏ အကြောင်းအရာနှင့်၊ ယေရုရှလင်မြို့၏ အကြောင်းအရာကို မေးမြန်းလျှင်၊

  7. သူတို့က၊ သိမ်းသွားခြင်းကို ခံရသော လူစုထဲက လွတ်၍၊ ထိုပြည်၌ နေသောသူတို့သည် ကြီးစွာသော ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရကြ၏။ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဟု ပြန်ပြောကြ၏။

  8. ငါသည်လည်း၊ ယေရုရှလင်မြို့သို့ ရောက်၍ သုံးရက်နေပြီးမှ၊

  9. ကိုယ်၌ပါသော သူအချို့တို့နှင့် တကွ၊ ညဉ့်အခါ ထ၍ ယေရုရှလင်မြို့အဘို့ ပြုခြင်းငှါ၊ ငါ၏ဘုရားသခင် သည် ငါ့အား အဘယ်သို့သော အကြံပေးတော်မူသည်ကို၊ အခြားသော သူတယောက်အားမျှမပြော၊ ကိုယ်စီးသော မြင်းမှတပါး အဘယ်အရာမျှမပါဘဲ၊

  10. ညဉ့်အခါ ချိုင့်တံခါးဖြင့်ထွက်၍၊ နဂါးရေတွင်း တဘက်တချက်၊ နောက်ချေးတံခါးတိုင်အောင် သွား သဖြင့်၊ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါး လည်း မီးလောင်၍ မရှိသည်ကို ကြည့်ရှုပြီးမှ၊

  11. နောက်တဖန်၊ ငါတို့ခံရသောဆင်းရဲခြင်း၊ ယေရု ရှလင်မြို့ပျက်စီးခြင်း၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ခြင်းကို သင်တို့သိမြင်ကြ၏။ လာကြ။ ကဲ့ရဲ့ခြင်းနှင့် လွတ်မည်အကြောင်း၊ ယေရုရှလင်မြို့ရိုးကို တည်ကြ ကုန်အံ့ဟု သူတို့အားဆိုလျက်၊

  12. ငါကလည်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရား သခင်သည် ငါတို့ကို အခွင့်ပေးတော်မူမည်။ ထိုကြောင့် ဘုရားသခင်၏ ကျွန်ဖြစ်သော ငါတို့သည် ထ၍တည်မည်။ သင်တို့မူကား၊ ယေရုရှလင်မြို့တွင် ဘာမျှမဆိုင်မပိုင်၊ မှတ်စရာသက်သေမရှိဟု ပြန်ပြော၏။

  13. သူတို့နောက်မှ ဟာဟာယသား ပန်းတိမ်သမား ဩဇေလ၊ သူ့နောက်မှ၊ ဆေးသမား ဟာနနိပြင်လျက်၊ ကျယ်သောမြို့ရိုးတိုင်အောင်၊ ယေရုရှလင်မြို့ကို ခိုင်ခံ့ စေကြ၏။

  14. သူတို့နောက်မှ၊ ယေရုရှလင်မြို့တပိုင်းကို အုပ်သောသူ၊ ဟုရသား ရေဖါယပြင်၏။

  15. သူတို့နောက်မှ၊ ယေရုရှလင်မြို့တပိုင်းကို အုပ် သောသူ၊ ဟာလောဟတ်သားရှလ္လုံနှင့် သူ၏သမီးတို့သည် ပြင်ကြ၏။

  16. ယေရုရှလင်မြို့ရိုးမြင့်၍ ပြိုပျက်ရာတို့ကို ပြင်စ ပြုကြသည်ဟု သမ္ဘာလတ်နှင့် တောဘိအစရှိသော အာရပ်လူ၊ အမ္မုန်လူ၊ အာဇုတ်လူတို့သည် ကြားသော အခါ၊ အလွန်ဒေါသစိတ်ရှိသဖြင့်၊

  17. ယေရုရှလင်မြို့ကို စစ်ချီ၍ တိုက်မည်။ ထိုအမှုကို ဖျက်မည်ဟု တညီတညွတ်တည်း တိုင်ပင်ကြ၏။

  18. ထိုအခါ၌လည်း၊ ငါကလူတိုင်း မိမိကျွန်နှင့် တကွညဉ့်အချိန်တွင်၊ ယေရုရှလင်မြို့ထဲမှာ အိပ်စေ။ သို့ပြုလျှင်၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက်၊ ညဉ့်အခါ အလှည့်လှည့်စောင့်လျက် ရှိကြလိမ့်မည်ဟု လူများတို့အား ဆို၏။

  19. ယုဒပြည်၌ ရှင်ဘုရင်ရှိသည်ဟု သင့်ကို ရည်ဆောင်၍ ယေရုရှလင်မြို့၌ ဟောပြောရသော ပရောဖက်တို့ကို သင်ခန့်ထားပြီ။ ထိုစကားအတိုင်း ရှင်ဘုရင်အားကြားလျှောက်ရမည်။ သို့ဖြစ်၍ လာပါ။ တိုင်ပင်ကြကုန်အံ့ဟု စာ၌ပါသတည်း။

  20. သစ္စာရှိ၍ ဘုရားသခင်ကို အထူးသဖြင့် ရိုသေ သော ရဲတိုက်မှူးဟာနနိနှင့် ငါ့ညီဟာနန်တို့၌ ယေရု ရှလင်မြို့ကို အပ်လျက်၊

  21. နေမထွက်မှီ ယေရုရှလင်မြို့တံခါးတို့ကို မဖွင့်စေ နှင့်။ တံခါးစောင့်ရှိစဉ်၊ တံခါးတို့ကို ပိတ်၍ ကန့်လန့်ကျင် ထိုးစေ။ မြို့သူမြို့သားတို့သည် အသီးအသီး မိမိတို့အရပ် မိမိတို့အိမ်တဘက်တချက်၌ ကင်းစောင့်စေဟု စီရင်၏။

  22. တဖန်ငါတွေ့သောစာရင်းတည်းဟူသော၊

  23. ထိုစကားကို ကြားသောအခါ၊ ကျမ်းစာ၌ ပါသည်အတိုင်း သစ်ခက်တဲတို့ကိုလုပ်ခြင်းငှါ တောင်သို့ သွားကြ။ သံလွင်ခက်၊ ထင်းရူးခက်၊ မုရတုခက်၊ စွန်ပလွံ ခက် အစရှိသော ထူထပ်သောအခက် အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင်မြို့မှစ၍ ခပ်သိမ်းသော မြို့ရွာတို့၌ ကြော်ငြာကြ၏။

  24. ထိုအခါလူများတို့တွင် မင်းလုပ်သော သူတို့သည် ယေရုရှလင်မြို့၌ နေကြ၏။ ကြွင်းသောသူတို့သည် သန့်ရှင်းသောအရပ်၊ ယေရုရှလင်မြို့၌ တကျိပ်တွင် တယောက်၊ အခြားသောမြို့တို့၌ ကိုးယောက် နေရမည် အကြောင်း စာရေးတံပြုကြ၏။

  25. ယေရုရှလင်မြို့၌နေခြင်းငှါ အလိုလို ဝန်ခံသော သူအပေါင်းတို့ကို၊ လူများတို့သည် ကောင်းကြီးပေးကြ၏။