အကြောင်းအရာသို့ ကျော်သွားရန်

Joseph

199 အခန်းငယ် · 17 မိသားစုဝင်

Joseph ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မြို့ပြင်သို့ရောက်၍ မဝေးသေးသောအခါ၊ ယောသပ်သည် ဝန်စာရေးကိုခေါ်၍၊ ထိုသူတို့ကို မြန်မြန် လိုက်လော့။ မှီသောအခါ သင်တို့သည် ကျေးဇူးကို မကောင်းသောအမှုနှင့် အဘယ်ကြောင့်ဆပ်ကြသနည်း။

  2. ယုဒနှင့်ညီအစ်ကိုတို့သည်း ယောသပ်အိမ် သို့ရောက်၍၊ သူသည်အိမ်၌ရှိသေးသဖြင့်၊ သူ့ရှေ့မှာ ပြပ်ဝပ်လျက် နေကြ၏။

  3. ယောသပ်ကလည်း၊ သင်တို့သည် အဘယ်သို့ ပြုပြီးသနည်း။ ငါကဲ့သို့သောယောက်ျားသည် ထူးဆန်း သောဉာဏ်ရှိကြောင်းကို သင်တို့ မသိကြသလောဟု ဆို၏။

  4. ထိုအခါ ယောသပ်သည် မိမိထံ၌ရှိသောသူ အပေါင်းတို့ရှေ့တွင်၊ ဣန္ဒြေကို မချုပ်တည်းနိုင်သော ကြောင့်၊ လူအပေါင်းတို့ငါ့ထံမှ ထွက်သွားကြဟု ဟစ်၍ မိမိဇာတိအဖြစ်ကို အစ်ကိုတို့အားပြသောအခါ၊ အခြား သော သူတယောက်မျှ မရှိရ။

  5. အစ်ကိုတို့အားလည်း၊ ကျွန်ုပ် ယောသပ် ဖြစ်၏။ ကျွန်ုပ်အဘသည် အသက်ရှင်သေးသလောဟု ဆို၏။ အစ်ကိုတို့သည် စကားတုံ့ပြန်၍ မပြောနိုင်အောင် သူ့ရှေ့မှာ မိန်းမောတွေဝေလျက် နေကြ၏။

  6. ယောသပ်ကလည်း၊ ကျွန်ုပ်အနီးအပါးသို့လာကြ ပါလော့ဟု အစ်ကိုတို့အားဆိုလျှင်၊ သူတို့သည် အနီးအပါး သို့ ချဉ်းလာကြ၏။ သူကလည်း ကျွန်ုပ်သည် အဲဂုတ္တုပြည် သို့ ရောင်းလိုက်သော သင်တို့ညီဖြစ်ပါ၏။

  7. အလျင်အမြန်ထ၍ အဘထံသို့ သွားကြလော့။ အဘအားလည်း၊ သားယောသပ်က၊ ဘုရားသခင်သည် ကျွန်ုပ်ကို အဲဂုတ္တုပြည်လုံးသခင်ဖြစ်စေတော်မူပြီ။ ကျွန်ုပ်ထံသို့လာပါ၊ မဆိုင်းပါနှင့်။

  8. ယောသပ်အစ်ကိုတို့သည် ရောက်လာကြပြီဟု နန်းတော်၌ သိတင်းကြား၍၊ ဖာရောဘုရင် အစရှိသော ကျွန်တော်မျိုးတို့သည် နှစ်သက်ကြ၏။

  9. ဖါရောဘုရင်သည်လည်း ယောသပ်ကိုခေါ်၍၊ သင်၏အစ်ကိုတို့အား အဘယ်သို့ပြောရမည်နည်းဟူမူ ကား၊ သင်တို့သည် ဤသို့ပြုကြလော့။ မြည်းတို့ကို ဝန်တင်၍ ခါနာန်ပြည်သို့ ပြန်သွားသဖြင့်၊

  10. ဣသရေလ၏ သားတို့သည်ပြု၍၊ ယောသပ်သည် လှည်းတို့ကို၎င်း၊ လမ်းခရီး၌ စားစရိတ်များကို၎င်း ပေး၏။

  11. ယောသပ်သည် အသက်ရှင်သေး၏။ အဲဂုတ္တု ပြည်လုံးကို အုပ်စိုးရ၏ဟု ကြာပြောကြသည်ရှိသော်၊ ယာကုပ်သည် စိတ်နှလုံးလျော့၏။ သူတို့စကားကို မယုံ နိုင်။

  12. သူတို့သည်လည်း ယောသပ်ပြောသမျှသော စကားတို့ကို ပြန်ပြောကြ၏။ အဘယာကုပ်သည် မိမိ စီးစရာဘို့ ယောသပ်ပေးလိုက်သော လှည်းတို့ကို မြင် သောအခါ စိတ်နှလုံးအားဖြည့်ပြန်၏။

  13. ဣသရေလကလည်း၊ တန်တော့။ ငါ့သားယောသပ် အသက်ရှင်သေး၏။ ငါမသေမှီ သူ့ကိုသွား၍ ကြည့်မည်ဟုဆို၏။

  14. အဲဂုတ္တုပြည်သို့ သင်နှင့်အတူ ငါသွားမည်။ တဖန် ငါဆောင်ခဲ့ဦး မည်။ ယောသပ်သည် မိမိလက်ကို သင်၏မျက်စိပေါ်မှာ တင်ရလိမ့်မည်ဟု မိန့်တော်မူ၏။

  15. ယာကုပ်မယား ရာခေလသား။ ယောသပ်နှင့် ဗင်္ယာမိန်။

  16. အဲဂုတ္တုပြည်၌ ဩနမြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရသမီးအာသနတ်တွင် ယောသပ်နှင့်ရသော သား၊ မနာရှေနှင့်ဧဖရိမ်။

  17. အဲဂုတ္တုပြည်၌ ယောသပ်ရနှင့်သော သားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အဲဂုတ္တုပြည်သို့ရောက်သော ယာကုပ်၏အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း။

  18. ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကို အရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။

  19. ယောသပ်သည် ရထားကိုပြင်၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့ သွား၍ အဘရှေ့သို့ရောက်သော်၊ အဘ၏လည်ပင်းကို ဘက်လျက် ကြာကြာငိုလေ၏။

  20. ဣသရေလကလည်း၊ ယခုငါသေပါစေသော။ သင်၏မျက်နှာကို ငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး ၏ဟု ယောသပ်အား ဆိုလေ၏။

  21. ယောသပ်ကလည်း၊ ဖါရောမင်းထံသို့ ကျွန်ုပ် သွားဦးမည်။ ခါနာန်ပြည်၌နေသော ကျွန်တော်အစ်ကို များ၊ ကျွန်တော်အဘ၏ အိမ်သားများတို့သည် ကျွန်တော် ထံသို့ ရောက်ကြပါပြီ။

  22. ထိုစကားအတိုင်း ယောသပ်သည် ဖါရောမင်း ထံသို့သွား၍၊ ကျွန်တော်အဘနှင့်အစ်ကိုတို့သည် သိုးနွား၊ ဥစ္စရှိသမျှကို ဆောင်လျက် ခါနာန်ပြည်ကရောက်လာ၍၊ ဂေါရှင်ပြည်၌ရှိကြပါသည်ဟု လျှောက်သဖြင့်၊

  23. ဖါရောမင်းကလည်း၊ သင်၏အဘနှင့်အစ်ကို တို့သည် သင့်ထံသို့ ရောက်လာကြသည်ဖြစ်၍၊

  24. ယောသပ်သည် အဘယာကုပ်ကို သွင်း၍ ဖါရောမင်းရှေ့မှာ ထားသဖြင့်၊ ယာကုပ်သည် ဖါရောမင်း ကို ကောင်းကြီးပေး၏။

  25. ဖါရောမင်းအမိန့်တော်ရှိသည့်အတိုင်း၊ ယောသပ် သည် အဘနှင့် အစ်ကိုတို့ကို နေရာချ၍ အဲဂုတ္တုပြည်၌ အကောင်းဆုံးသောအရပ် ရာမသက်မြေကိုအပိုင်ပေး၏။