အကြောင်းအရာသို့ ကျော်သွားရန်

Esau

159 အခန်းငယ် · 11 မိသားစုဝင်

အခြားအမည်: Edom

Esau ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မောဘမင်းကြီးသည် အတိုက်မခံနိုင်သည်ကို သိသောအခါ၊ ထားကိုင်သောသူခုနစ်ရာကို ခေါ်၍ ဧဒုံရှင်ဘုရင်၏ တပ်ကိုဖျက်မည်ဟု အားထုတ်သော် လည်း မဖျက်နိုင်။

  2. ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သည် ယုဒရှင် ဘုရင်ကို ပုန်ကန်၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။

  3. သို့သော်လည်း၊ ဧဒုံပြည်သည်ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်၏။

  4. အာမဇိမင်းသည် ဧဒုံအမျိုးသားတသောင်းကို ဆားချိုင့်၌ သတ်၍ သေလမြို့ကို တိုက်သဖြင့်၊ ယနေ့ တိုင်အောင် ယုဿေလဟူ၍ သမုတ်လေ၏။

  5. သင်သည် ဧဒုံပြည်ကို လုပ်ကြံသောကြောင့် စိတ်မြင့်လှ၏။ ကိုယ်နေရာ၌ တတ်တိုင်းဝါကြွားလျက် နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက် ၍ ဆုံးရှုံးစေခြင်းငှါ အဘယ်ကြောင့်အမှုရှာသနည်းဟု ယုဒရှင်ဘုရင် အာမဇိကိုပြန်၍ မှာလိုက်လေ၏။

  6. အာဗြဟံသား ကားဣဇာက်၊ ဣဇာက်သားကား ဧသောနှင့် ဣသရေလတည်း။

  7. ဧသောသားကား ဧလိဖတ်၊ ရွေလ၊ ယုရှ၊ ယာလံ၊ ကောရတည်း။

  8. ဣသရေလအမျိုး၌ အစိုးရသောမင်းကြီး မရှိမှီ ဧဒုံပြည်၌ အစိုးရသော မင်းကြီးဟူမူကား၊ ဗောရသား ဗေလသည် ဒိန္နာဗာမြို့၌မင်းပြု၏။

  9. ဟာဒါမင်းသေသောနောက် ဧဒုံပြည်၌ ဗိုလ်လုပ်သောသူဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ် ယေသက်၊

  10. ဗိုလ် မာဂဒေလ၊ ဗိုလ်ဣရံတည်းဟူသော ဤသူတို့သည် ဧဒုံဗိုလ်များဖြစ်သတည်း။

  11. ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရ ဘုရားအား ပူဇော်၏။ ထိုအတူရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၊ အပြည်ပြည် တို့မှ ဆောင်ခဲ့သော ရွှေငွေကိုလည်း ပူဇော်၏။

  12. ဧဒုံပြည်၌မြို့စောင့်တပ်တို့ကို ထား၍၊ ဧဒုံပြည် သားအပေါင်းတို့သည် ဒါဝိဒ်၌ ကျွန်ခံကြ၏။ ဒါဝိဒ် သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။

  13. တဖန်ရှောလမုန်သည် ဧဒုံပြည်တွင်၊ ပင်လယ် ကမ်းနား၌ ဧဇယုန်ဂါဗာမြို့နှင့် ဧလုတ်မြို့သို့သွား၏။

  14. ထိုစကားကို အာမဇိသည် နားမထောင်။ အကြောင်းမူကား၊ ဧဒုံပြည်ဘုရားတို့ကို ဆည်းကပ်သော ကြောင့်၊ ရန်သူလက်သို့ အပ်ခြင်းငှါ၊ ဘုရားသခင် စီရင်တော်မူ၏။

  15. အိုဘုရားသခင်၊ ကိုယ်တော်သည် အမျက်ထွက်သဖြင့်၊ အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရပ်ရပ်သို့ ကွဲပြားစေတော်မူပြီ။ တဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။

  16. မောဘပြည်ကား၊ ငါ့ရေချိုးအိုးဖြစ်ရ၏။ ဧဒုံပြည်ကား၊ ငါ့ခြေနင်းရာ ဖြစ်ရ၏။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်။

  17. အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူသွင်းပေးမည်နည်း။ ဧဒုံပြည်သို့ ငါကို အဘယ်သူ လမ်းပြမည်နည်း။

  18. ဧဒုံပြည်၌နေသောသူ၊ ဣရှမေလအမျိုးသား၊ မောဘပြည်သား၊ ဟာဂရပြည်သား၊

  19. မောဘပြည်ကား ငါ့ရေချိုးအိုး ဖြစ်ရ၏။ ဧဒုံပြည်ကား ငါ့ခြေနင်းရာဖြစ်ရ၏။ ဖိလိတ္တိပြည် အပေါ် မှာ အောင်သံနှင့် ကြွေးကြော်မည်။

  20. အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူ သွင်းပေးမည်နည်း။ ဧဒုံပြည်သို့ ငါ့ကို အဘယ်သူလမ်းပြ မည်နည်း။

  21. အိုထာဝရဘုရား၊ ယေရုရှလင်မြို့၏နေ့ရက် အချိန်ရောက်သောအခါ၊ မြို့ရိုးကို အမြစ်တိုင်အောင် ရှင်းလိုက်ကြ၊ ရှင်းလိုက်ကြဟု ဆိုကြသော ဧဒုံအမျိုးသား တို့ကို အောက်မေ့တော်မူပါ။

  22. သူတို့သည် အနောက်ဘက်၌ ဖိလိတ္တိလူများကို လိုက်၍ တိုက်ကြလိမ့်မည်။ အရှေ့ပြည်သားတို့၏ ဥစ္စာကို အတူလုယူကြလိမ့်မည်။ဧဒုံအမျိုးနှင့် မောဘအမျိုး ကိုလည်း လုပ်ကြံကြလိမ့်မည်။ အမ္မုန်အမျိုးသားတို့ သည်သူတို့၏အုပ်စိုးခြင်းကို ခံရကြလိမ့်မည်။

  23. တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း၊ ကြီးသောတန်ခိုးကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုးသော အဝတ်ကိုဝတ်လျက်၊ ဧဒုံပြည်ဗောဇရမြို့မှလာသော ဤသူကား၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း။

  24. အဲဂုတ္တုလူ၊ ယုဒလူ၊ ဧဒုံလူ၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ ပါးမုန်းကို ရိတ်တတ်သော လူမျိုး၊ တော၌နေသော သူအပေါင်းတို့ကို ငါဆုံးမရသော အချိန် ကာလရောက်လိမ့်မည်။ တပါးအမျိုးသားအပေါင်း တို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။ ဣသရေလအမျိုးသားအပေါင်းတို့သည်လည်း၊ စိတ်နှလုံး အားဖြင့် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။

  25. ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန် ပြည်သား၊