Skip to content

Esau အကြောင်း ကျမ်းစာအခန်းငယ်များ

47 အခန်းငယ် · 17 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာဗြဟံသား ဣဇာက်၏အဆက်အနွှယ်ဟူ မူကား၊ အာဗြဟံသားကား ဣဇာက်တည်း။

  2. ဣဇာက်သည်၊ အသက်လေးဆယ်ရှိသောအခါ၊ ပါဒနာရံအရပ်သူ၊ ရှုရိအမျိုးဗေသွေလ၏သမီး၊ ရှုရိလူ လာဗန်၏ နှမရေဗက္ကနှင့် အိမ်ထောင်လေ၏။

  3. ဣဇာက်သည်၊ မိမိမယား ရေဗက္ကမြုံသော ကြောင့်၊ ထာဝရဘုရားကို တောင်းပန်၍၊ ထာဝရဘုရား နားထောင်တော်မူသဖြင့်၊ သူ၏မယားသည် ပဋိသန္ဓေ စွဲယူလေ၏။

  4. ဝမ်းအတွင်း၌ တည်သောသူငယ်တို့သည်၊ အချင်းချင်း တိုက်ခိုက်ကြ၏။ အမိကလည်း၊ ထိုသို့ဖြစ်၍ ငါ၌အဘယ်အမှုရောက်ပါလိမ့်မည်နည်းဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မေးလျှောက်ခြင်းငှါသွားလေ၏။

  5. ထာဝရဘုရားကလည်း၊ သင်၏ ဝမ်းအတွင်း၌ လူမျိုးနှစ်မျိုးရှိ၏။ သင်၏ဝမ်းထဲက ခြားနားသော လူစု နှစ်စုကို ဘွားရလိမ့်မည်။ လူတမျိုးသည် တမျိုးထက် အားကြီးလိမ့်မည်။ အကြီးသည်အငယ်၌ ကျွန်ခံရလိမ့် မည်ဟု မိန့်တော်မူ၏။

  6. ဘွားချိန်စေ့သောအခါ၊ သူ၏ဝမ်း၌သားအမွှာ ရှိသဖြင့်၊

  7. အဦးဘွားသောသားသည်၊ အမွေးပါသော ဝတ်ကဲ့သို့ဖြစ်၍၊ တကိုယ်လုံးအဆင်းနီ၏။ သူ့ကို ဧသော ဟူသောအမည်ဖြင့် မှည့်ကြ၏။

  8. ထိုနောက်မှ သူ့ညီသည်၊ အစ်ကိုဧသော၏ ဖနှောင့်ကို ကိုင်လျက် ဘွားလာ၏။ သူ့ကိုကား၊ ယာကုပ် အမည်ဖြင့် မှည့်ကြ၏။ ထိုသားနှစ်ယောက်ကို ဘွားသော အခါ၊ ဣဇာက်သည် အသက်ခြောက်ဆယ်ရှိသတည်း။

  9. သူငယ်တို့သည် ကြီးပွား၍၊ ဧသောကား လိမ္မာ သော တောသားမုဆိုးဖြစ်လေ၏။ ယာကုပ်ကားတဲ၌ နေတတ်၍ စိတ်ကောင်းသောသူဖြစ်၏။

  10. ဣဇာက်သည်၊ ဧသောပေးသောအမဲသားကို စားလေ့ရှိသောကြောင့် သူ့ကိုချစ်၏။ ရေဗက္ကမူကား ယာကုပ်ကို ချစ်၏။

  11. တနေ့သ၌၊ ယာကုပ်သည် စားစရာကို ချက် ပြုတ်စဉ်တွင်၊ ဧသောသည် တောမှလာ၍ မောသော ကြောင့်၊

  12. ယာကုပ်အား၊ ထိုနီသောစားစရာနှင့် ငါ့ကို ကျွေးပါလော့၊ ငါမောပါသည်ဟုဆိုလေ၏။ ထိုကြောင့် သူ၏နာမည်ကို ဧဒုံဟုတွင်သတည်း။

  13. ယာကုပ်ကလည်း၊ ယနေ့ပင် သင်၏သားဦး အရာကို၊ ငါ့အား ရောင်ပါဟုဆိုလျှင်၊

  14. ဧသောက၊ ငါသေလုပြီ။ သားဦးအရာအားဖြင့် အဘယ်အကျိုး ရှိပါလိမ့်မည်နည်းဟုဆို၏။

  15. ယာကုပ်ကလည်း၊ ယနေ့ပင်ငါ့အား ကျိန်ဆိုခြင်း ကို ပြုပါဟုဆိုသော်၊ သူသည်ကျိန်ဆိုသဖြင့်၊ ယာကုပ်အား မိမိသားဦးအရာကို ရောင်းလေ၏။

  16. ထိုအခါ ယာကုပ်သည်၊ မုန်နှင့်ပဲဟင်းကို ဧသော အားပေးသဖြင့်၊ သူသည် စားသောက်ပြီးမှထ၍ သွားလေ ၏။ ထိုသို့ဧသောသည်၊ မိမိနှင့် ဆိုင်သောသားဦးအရာကို မထီမဲ့မြင်ပြုသတည်း။

  17. ဧသောသည် ဟိတ္တိအမျိုးဇိဘောင်သား အာန၏ သမီး အဟောလိဗာမတယောက်၊ ခါနာန်အမျိုးသမီး နှစ်ယောက်နှင့်၎င်း၊

  18. ဣရှမေလသမီးတည်းဟူသော နဗာယုတ်နှမ ဗာရှမတ်တယောက်နှင့်၎င်း အိမ်ထောင်လေ၏။

  19. ဧသောသားကား ဧလိဖတ်၊ ရွေလ၊ ယုရှ၊ ယာလံ၊ ကောရတည်း။

  20. ဧလိဖတ်သားကား တေမန်၊ ဩမရ၊ ဇေပေါ်၊ ဂါတံ၊ ကေနတ်မှစ၍ တိမနတွင် ရသောသား အာမ လက်တည်း။

  21. ရွေလသားကား နာဟတ် ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။

  22. စိရသားကားလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာ၊ ဒိရှန်တည်း။

  23. လောတန်သားကား ဟောရိနှင့်ဟေမံတည်း။ လောတန်နှမကား တိမနတည်း။

  24. ရှောဗလသားကားအာလာဝန်၊ မနာဟတ်၊ ဧဗာလ၊ ရှေဖော၊ ဩနံတည်း။ ဇိဘောင်သားကား အာယနှင့် အာနတည်း။

  25. အာနသားကား ဒိရှုန်၊ ဒိရှုန်သားကားဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန်တည်း။