အကြောင်းအရာသို့ ကျော်သွားရန်

Esau အကြောင်း ကျမ်းစာအခန်းငယ်များ: Birth of

8 အခန်းငယ် · 17 ရှုထောင့်

Birth of အကြောင်း အခန်းငယ်များ

  1. အာဗြဟံသား ဣဇာက်၏အဆက်အနွှယ်ဟူ မူကား၊ အာဗြဟံသားကား ဣဇာက်တည်း။

  2. ဣဇာက်သည်၊ အသက်လေးဆယ်ရှိသောအခါ၊ ပါဒနာရံအရပ်သူ၊ ရှုရိအမျိုးဗေသွေလ၏သမီး၊ ရှုရိလူ လာဗန်၏ နှမရေဗက္ကနှင့် အိမ်ထောင်လေ၏။

  3. ဣဇာက်သည်၊ မိမိမယား ရေဗက္ကမြုံသော ကြောင့်၊ ထာဝရဘုရားကို တောင်းပန်၍၊ ထာဝရဘုရား နားထောင်တော်မူသဖြင့်၊ သူ၏မယားသည် ပဋိသန္ဓေ စွဲယူလေ၏။

  4. ဝမ်းအတွင်း၌ တည်သောသူငယ်တို့သည်၊ အချင်းချင်း တိုက်ခိုက်ကြ၏။ အမိကလည်း၊ ထိုသို့ဖြစ်၍ ငါ၌အဘယ်အမှုရောက်ပါလိမ့်မည်နည်းဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မေးလျှောက်ခြင်းငှါသွားလေ၏။

  5. ထာဝရဘုရားကလည်း၊ သင်၏ ဝမ်းအတွင်း၌ လူမျိုးနှစ်မျိုးရှိ၏။ သင်၏ဝမ်းထဲက ခြားနားသော လူစု နှစ်စုကို ဘွားရလိမ့်မည်။ လူတမျိုးသည် တမျိုးထက် အားကြီးလိမ့်မည်။ အကြီးသည်အငယ်၌ ကျွန်ခံရလိမ့် မည်ဟု မိန့်တော်မူ၏။

  6. ဘွားချိန်စေ့သောအခါ၊ သူ၏ဝမ်း၌သားအမွှာ ရှိသဖြင့်၊

  7. အဦးဘွားသောသားသည်၊ အမွေးပါသော ဝတ်ကဲ့သို့ဖြစ်၍၊ တကိုယ်လုံးအဆင်းနီ၏။ သူ့ကို ဧသော ဟူသောအမည်ဖြင့် မှည့်ကြ၏။

  8. ထိုနောက်မှ သူ့ညီသည်၊ အစ်ကိုဧသော၏ ဖနှောင့်ကို ကိုင်လျက် ဘွားလာ၏။ သူ့ကိုကား၊ ယာကုပ် အမည်ဖြင့် မှည့်ကြ၏။ ထိုသားနှစ်ယောက်ကို ဘွားသော အခါ၊ ဣဇာက်သည် အသက်ခြောက်ဆယ်ရှိသတည်း။