အကြောင်းအရာသို့ ကျော်သွားရန်

Dan

63 အခန်းငယ် · 15 မိသားစုဝင်

Dan ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဤရွေ့ကား မြို့ရွာပါလျက်၊ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

  2. ကြွင်းသော ကောဟတ်သားတို့သည် ဧဖရိမ် ခရိုင်၊ ဒန်ခရိုင်၊ မနာရှေခရိုင် ဝက်ထဲက ဆယ်မြို့ကို ရကြ၏။

  3. ဒန်ခရိုင်ထဲက ဧလတေကမြို့နှင့် မြို့နယ်၊ ဂိဗ္ဗိ သုန်မြို့နှင့် မြို့နယ်၊

  4. အာမောရိလူတို့သည်လည်း ဒန်အမျိုးသားတို့ကို တောင်ပေါ်သို့ နှင်သဖြင့်၊ ချိုင့်ထဲမှာ နေရသောအခွင့်ကို မပေးကြ။

  5. ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ်တဘက်၌ ငြိမ်ဝပ်စွာ နေကြ၏။ ဒန်းအမျိုးသည် သင်္ဘောဆိပ် အနားမှာ အဘယ်ကြောင့် နေရစ်သနည်း။ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနားသင်္ဘော ဆိုက်ရာ ကွေ့တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာ နေသည်တကား။

  6. ထာဝရဘုရား၏ဝိညာဉ်တော်သည်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြား၊ ဒန်အမျိုးတပ်၌ တခါတလေ နှိုးဆော်စပြုတော်မူ၏။

  7. သို့ဖြစ်၍ ဒန်အမျိုးသားတို့သည် ပြည်ကို ကြည့်ရှုစူးစမ်းစေခြင်းငှါ မိမိတို့ အမျိုးသား ခွန်အားကြီး သော သူရဲငါးယောက်တို့ကို သူတို့နေရာအရပ် ဇောရာမြို့၊ ဧရှတောလမြို့မှ စေလွှတ်လျက်၊ ပြည်ကို သွား၍ စူးစမ်းကြလော့ဟု မှာလိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက် ပြီးလျှင် တည်းခို၍ နေကြ၏။

  8. စစ်တိုက်လက်နက်ပါသော ဒန်အမျိုးသား ခြောက်ရာတို့သည် တံခါးဝ၌ နေကြ၏။

  9. မိက္ခာအိမ်နှင့် ဝေးသောအခါ၊ မိက္ခာ၏ အိမ်နီးချင်းတို့သည် စည်းဝေး၍၊ ဒန်အမျိုးသားတို့ကို မှီ အောင် လိုက်ကြ၏။

  10. ကြွေးကြော်သောအခါ၊ ဒန်အမျိုးသားတို့သည် လှည့်ကြည့်လျက် သင်သည် အဘယ်အခင်းရှိ၍ လူအပေါင်းတို့နှင့် လိုက်လာသနည်းဟု မိက္ခာအားမေးသော်၊-

  11. ဒန်အမျိုးသားတို့က၊ ငါတို့တွင် သင့်စကားကို မကြားပါစေနှင့်။ သို့မဟုတ် စိတ်ဆိုးသော သူတို့သည် သင့်ကို တိုက်၍ သင့်အသက်နှင့်သင့်အိမ်သားတို့ အသက်ဆုံးကောင်းဆုံးလိမ့်မည်ဟု ဆိုလျက် ခရီးသွားကြ၏။

  12. မိက္ခာသည် သူတို့ကို မိမိမနိုင်သည်ကိုသိ၍ မိမိအိမ်သို့ ပြန်သွားလေ၏။

  13. ထိုမြို့ကို သူတို့အမျိုး၏ အဘဣသရေလ၏ သားဒန်အမည်ကို မှီသဖြင့် ဒန်မြို့ဟူ၍ တွင်ကြ၏။ ထိုမြို့ အမည်ဟောင်းကား လဲရှတည်း။

  14. ဒန်အမျိုးသားတို့သည် မိက္ခာထုသောရုပ်တုကို တည်ထောင်၍ မနာရှေသား ဂေရရှုံ၏သား ယောနသန်နှင့် သူ၏သားတို့သည် သေတ္တာတော်ကို သိမ်းသွားသည့်နေ့တိုင်အောင် ဒန်အမျိုး၌ ယဇ်ပုရောဟိတ် လုပ်ကြ၏။

  15. ထိုအခါ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဂိလဒ်ပြည်သားတို့နှင့်တကွ ထလျက်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ပရိသတ်အပေါင်းတို့သည် တယောက်သောသူကဲ့သို့ မိဇပါမြို့၊ ထာဝရဘုရား ထံတော်၌ စည်းဝေးကြ၏။

  16. သူသည် ထာဝရဘုရား၏ ပရောဖက်စစ် ဖြစ်ကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် သိကြ၏။

  17. ဒါဝိဒ်၏ အာဏာတော်ကိုဒန်မြို့မှစ၍ ဗေရ ရှေဘမြို့တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အရပ် ရပ်တို့၌ တည်စေခြင်းငှါ၊ ဒါဝိဒ်အားပြုမည်ဟု ကျိန်ဆို တော်မူသည်အတိုင်း၊ ငါလည်း ဒါဝိဒ်အားမပြုဘဲနေလျှင်၊ ထိုမျှမက ဘုရားသခင်သည် အာဗနာအား ပြုတော်မူပါစေသောဟု ဆိုသောကြောင့်၊

  18. သို့ဖြစ်၍ ကျွန်တော်သည် အကြံပေးပါမည်။ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလ အမျိုးသားအပေါင်းတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ ကိုယ်တော်ထံ၌ စည်းဝေး၍ ကိုယ်တော်တိုင် စစ်ချီတော်မူရမည်။

  19. ရှင်ဘုရင်ကလည်း၊ လူပေါင်းမည်မျှရှိသည်ကို ငါသိမည်အကြောင်း၊ ဒန်မြို့မှသည် ဗေရရှေဘမြို့ တိုင်အောင် ဣသရေလခရိုင်ရှိသမျှတို့ကို ရှောက်သွား၍၊ လူတို့ကို ရေတွက်လော့ဟု အထံတော်၌ရှိသော ဗိုလ်ချုပ် မင်းယွာဘအားမိန့်တော်မူ၏။

  20. ထိုနေ့နံနက်မှစ၍ ချိန်းချက်သော အချိန်တိုင်အောင် ထာဝရဘုရားသည် ဣသရေလအမျိုး၌ ကာလ နာကို လွှတ်လိုက်တော်မူ၍၊ ဒန်မြို့မှသည် ဗေရရှေဘမြို့ တိုင်အောင် လူခုနစ်သောင်းသေကြ၏။

  21. လက်ထက်တော်ကာလပတ်လုံး၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည်ဒန်မြို့မှစ၍ ဗေရရှေဘမြို့ တိုင်အောင် အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်း ပင်အောက်မှာ ငြိမ်ဝပ်စွာ နေရကြ၏။

  22. ဗေသလမြို့၌တကောင်၊ ဒန်မြို့၌တကောင်ကို ထားသဖြင့်၊

  23. ပြစ်မှားစရာအကြောင်းကို ပြုလေ၏။ ပြည်သားတို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှါ၊ ဒန်မြို့တိုင်အောင် သွားတတ်ကြ၏။

  24. အာသမင်းကြီး၏ စကားကို ဗင်္ဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည် ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ဂင်္နေသရက်ပြည်လုံး၊ နဿလိပြည်လုံးကို လုပ်ကြံကြ၏။

  25. သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်တည်းဟူသော၊ ဗေသလမြို့နှင့် ဒန်မြို့မှာရှိသော ရွှေနွားသငယ်တို့ကို မစွန့်။