အကြောင်းအရာသို့ ကျော်သွားရန်

Wife အကြောင်း ကျမ်းစာအခန်းငယ်များ

171 အခန်းငယ် · 13 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မိဖုရားပြုသော ဤအမှုကို ပေရသိ၊ မေဒိ မင်းကတော်တို့သည် ကြားသိကြလျှင်၊ မှူးတော်မတ်တော် အပေါင်းတို့အား ထိုနည်းတူ ပြန်ပြောသဖြင့်၊ အားမနာ တတ်သောစိတ်၊ ဒေါသစိတ် တိုးပွားစရာအကြောင်းရှိပါ လိမ့်မည်။

  2. ဝါရှတိသည် အရှင်မင်းကြီး အာရွှေရုထံတော်သို့ နောက်တဖန် မဝင်စေခြင်းငှါ အလိုတော်ရှိလျှင် မဝင်စေ နှင့်ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော် ရှိစေခြင်းငှါ ပေရသိ၊ မေဒိဓမ္မသတ်၌သွင်း၍ ရေးစေ တော်မူပါ။ ဝါရှတိထက် ကောင်းသော မိန်းမကိုလည်း မိဖုရားအရာ၌ ချီးမြှောက်တော်မူပါ။

  3. သို့ပြုလျှင် ရှင်ဘုရင် ပေးတော်မူသော အမိန့် တော်ကို ကျယ်ဝန်းသော နိုင်ငံတော်တရှောက်လုံး ကြော်ငြာသောအခါ၊ မိန်းမအပေါင်းတို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေကြပါလိမ့်မည်ဟု ရှင်ဘုရင် နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏။

  4. ထိုစကားကို ရှင်ဘုရင်နှင့် မှူးမတ်တို့သည် နှစ်သက်၍ မမုကန်လျှောက်သည်အတိုင်း ရှင်ဘုရင် ပြုလျက်၊

  5. လူတိုင်း မိမိအိမ်ကို အုပ်စိုးရမည်အကြောင်း၊ မိမိလူမျိုးစကားကို ပြောရမည်အကြောင်း၊ အတိုင်းတိုင်း အပြည်ပြည် ဘာသာစကား အသီးအသီးကို အနက်ပြန် ၍ နိုင်ငံတော်အရပ်ရပ်သို့ အမိန့်တော်စာကို ပေးလိုက် တော်မူ၏။

  6. သင်၏မယားသည် သင့်အိမ်နားမှာ များစွာ အသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊ သားသမီး တို့သည် သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသော သံလွင်ပင် များကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။

  7. ထာဝရဘုရားကို ကြောက်ရွံ့သောသူသည် ထိုသို့ သော မင်္ဂလာရှိရလိမ့်မည်။

  8. သီလရှိသော မိန်းမသည် မိမိလင်၌ ဦးရစ်သရဖူ ဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုး တို့၌ ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏။

  9. ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည် ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။

  10. မယားကိုရသောသူသည် ကောင်းသောအရာကို ရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။

  11. မိုက်သော သားသည် အဘဆင်းရဲစရာ အကြောင်းဖြစ်၏။ ရန်တွေ့တတ်သောမယားသည်လည်း၊ အစက်စက်ကျသော မိုဃ်းပေါက်နှင့်တူ၏။

  12. အိမ် နှင့်စည်းစိမ်သည် မိဘအမွေဥစ္စာဖြစ်၏။ သမ္မာသတိရှိသောမယားမူကား၊ ထာဝရဘုရားပေးသနား တော်မူရာဖြစ်၏။

  13. ရန်တွေ့တတ်သောမိန်းမနှင့် အတူလူများသော အိမ်၌နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာ နေသော် သာ၍ကောင်း၏။

  14. စိတ်တို၍ရန်တွေ့တတ်သောမိန်းမနှင့် နေသည် ထက်၊ တောလွင်ပြင်၌ နေသော်သာ၍ကောင်း၏။

  15. ရန်တွေ့တတ်သောမိန်းမနှင့် လူများသော အိမ်၌ နေသည်ထက်၊ အိမ်မိုးပေါ် ထောင့်ထဲမှာနေသော် သာ၍ကောင်း၏။

  16. မြေကြီးကို မွှေနှောက်သောအရာသုံးပါးမက၊ မြေကြီးမခံနိုင်သော အရာလေးပါးဟူမူကား၊

  17. မင်းပြုသောကျွန်တပါး၊ ဝစွာစားရသော လူမိုက် တပါး၊

  18. လက်ထပ်သော မိန်းမဆိုးတပါး၊ သခင်မ ဥစ္စာ ကို အမွေခံရသော ကျွန်မတပါးတည်း။

  19. သီလနှင့်ပြည့်စုံသော မိန်မကိုအဘယ်သူတွေ့ရ သနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဘိုး သာ၍ ထိုက်ပေ၏။

  20. သူ၏ခင်ပွန်းသည် သူ့ကိုယုံ၍၊ ဆင်းရဲခြင်းနှင့် ကင်းလွတ်လိမ့်မည်။

  21. ထိုမယားသည် မိမိခင်ပွန်းအကျိုးကို မဖျက်၊ တသက်လုံးပြုစုတတ်၏။

  22. သိုးမွေးနှင့်ဝါကို ရှာ၍၊ မိမိလက်နှင့် အလို အလျောက် လုပ်တတ်၏။

  23. ကုန်သည် သင်္ဘောကဲ့သို့ဖြစ်၍၊ စားစရာကို ဝေးသောအရပ်မှ ဆောင်ခဲ့တတ်၏။

  24. မိုဃ်းမလင်းမှီထလျက်၊ အိမ်သူအိမ်သားတို့အား စားစရာကို၎င်း၊ ကျွန်မတို့အား အငန်အတာကို၎င်း၊ ပေးဝေတတ်၏။

  25. ကောင်းမွန်စွာ ဆင်ခြင်၍၊ လယ်ကွက်ကိုဝယ်ယူ တတ်၏။ ကိုယ်တိုင်လုပ်၍ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ်၏။