Skip to content

Wicked အကြောင်း ကျမ်းစာအခန်းငယ်များ

724 အခန်းငယ် · 18 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသို့ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရ၍၊ ဆင်းရဲ သော သူအပေါင်းတို့ သည်သူ၏လက်သို့ ကျရောက်တတ် ကြပါ၏။

  2. ထိုသူက၊ ဘုရားသခင်သည် မေ့လျော့တော်မူ ၏။ မျက်နှာကို လွှဲတော်မူ၏။ မြင်တော်မမူဟု အောက်မေ့ တတ်ပါ၏။

  3. ထာဝရဘုရားသည် ဖြောင့်မတ်သော သူကို စုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူဖျက်ဆီးလို သော သူကိုဝိညာဉ်တော်သည် မုန်းတော်မူ၏။

  4. အိုထာဝရဘုရား၊ လောကီသားဖြစ်သော ထိုလူ တို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ် တော်မူပါ။ ထိုသူတို့သည် ယခုဘဝမှာ မိမိတို့အဘို့ကို ခံရကြပါ၏။ သူတို့အလိုကို ဘဏ္ဍာတော်နှင့် ပြည့်စုံစေ တော်မူ၏။ သူတို့သားသမီးတို့သည်လည်း ကြွယ်ဝ၍၊ မြေးမြစ်စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။

  5. အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်။ နိုးသောအခါ ပုံသဏ္ဍာန်တော် အားဖြင့် အကျွန်ုပ်ကို ပြည့်စုံရပါလိမ့်မည်။

  6. သူတို့သည် အော်ဟစ်ကြသောအခါ၊ ကယ်တင် သောသူမရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။

  7. မတရားသောသူသည် များစွာသောဒုက္ခကို ခံရ၏။ ထာဝရဘုရား၌ ကိုးစားသောသူကိုကား၊ ကရုဏာ တော်သည် ဝန်းရံတတ်၏။

  8. ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်း သည် မတရားသောသူ၏ မျက်စိ၌မထင်ဟု၊ ထိုသူပြု တတ်သော ဒုစရိုက်ကို ငါထောက်၍ သဘောကျ၏။

  9. သူ၏အပြစ်ကို တွေ့တော်မမူ၊ ရွံရှာတော်မမူဟု ကိုယ်မျက်စိရှေ့၌ ကိုယ်ကောင်းသော အယောင်ကို ဆောင်တတ်၏။

  10. သူပြောသောစကားသည် အဓမ္မစကား၊ လှည့် စားသောစကားဖြစ်၏။ ကောင်းသောအကျင့်ကို ကျင့်စေ တတ်သောပညာကို စွန့်လေပြီ။

  11. အိပ်ရာပေါ်မှာ မကောင်းသောအမှုကို ကြံစည် တတ်၏။ မကောင်းသော လမ်းသို့အမြဲလိုက်၍၊ ဆိုးယုတ် သောအကျင့်ကို ရွံရှာခြင်းမရှိ။

  12. လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မတရား သဖြင့် ပြုသောသူတို့ကို မငြူစူနှင့်။

  13. မတရားသောသူသည် ဖြောင့်မတ်သော သူတဘက်၌ ကြံစည်၍ အံသွားခဲကြိတ်တတ်၏။

  14. အကြောင်းမူကား၊ မတရားသောသူ၏လက်ရုံး သည် ကျိုးရလိမ့်မည်။ ဖြောင့်မတ်သောသူကိုကား၊ ထာဝရ ဘုရားမစတော်မူ၏။

  15. ဖြောင့်မတ်သောသူတို့၏ နေ့ရက်ကာလကို ထာဝရဘုရားသိမှတ်တော်မူ၍၊ သူတို့၏ အမွေဥစ္စာသည် အစဉ်အမြဲတည်လိမ့်မည်။

  16. သူတို့သည် ခဲယဉ်းသောကာလ၌ မျက်နှာမပျက်၊ အစာခေါင်းပါးသည်ကာလ၌ ဝစွာစားရကြ၏။

  17. မတရားသောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြမည်။ ထာဝရဘုရား၏ ရန်သူတို့သည် ကျက်စားရာအရပ်၏အသရေကဲ့သို့ဆုံး၍၊ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည်။

  18. မတရားသောသူသည် ချေးငှါး၍ မဆပ်ဘဲ နေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ သနားသော စိတ်ရှိ၍ ပေးတတ်၏။

  19. ကောင်းကြီးပေးတော်မူခြင်းကို ခံရသောသူ သည် ပြည်တော်ကို အမွေခံရလိမ့်မည်။ ကျိန်တော်မူခြင်း ကို ခံရသော သူမူကား၊ ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့် မည်။

  20. မတရားသောသူသည် အစိုးတရပြု၍၊ ပေါက်ရင် အရပ်မှာကြီးပွားသော သစ်ပင်လန်းလန်းရှိသကဲ့သို့၊ ကိုယ်ကိုကိုယ်ပြန်ပွါးစေသည်ကို ငါမြင်ရသော်လည်း၊

  21. နောက်တဖန်သူသည် ရွေ့သွား၍ ကွယ်ပျောက် ၏။ သူ့ကိုလည်း ငါရှာ၍မတွေ့ရ။

  22. စုံလင်ခြင်းတရားကိုစောင့်ရှောက်လော့။ ဖြောင့် မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့။ ထိုသို့ပြုသော သူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်။

  23. ပြစ်မှားသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ မတရားသောသူတို့သည် အဆုံး၌ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။

  24. ထင်ရှားသောအရာဟူမူကား၊ ပညာရှိသော သူတို့သည် သေတတ်ကြ၏။ ထိုအတူမိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသော သူတို့သည် ပျက်စီးခြင်း သို့ရောက်၍၊ မိမိတို့ဥစ္စာကို သူတပါးတို့၌ ချန်ထားကြ၏။

  25. မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည်။ မိမိတို့ နေရာလည်း လူမျိုးအစဉ်အဆက်တည်လိမ့်မည်။ မိမိတို့ နာမသည် မြေပေါ်မှာ ကျော်စောလိမ့်မည်ဟု သူတို့ စိတ်ထင်ရှိကြ၏။