အကြောင်းအရာသို့ ကျော်သွားရန်

Wicked အကြောင်း ကျမ်းစာအခန်းငယ်များ

724 အခန်းငယ် · 18 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. စုံလင်သောသူကို မထင်မရှားပစ်မည်အကြံနှင့်၊ ခါးသောစကားတည်းဟူသော မိမိတို့ မြှားကို ရွယ်တတ်ကြ၏။ မကြောက်မရွံ့ဘဲ ချက်ခြင်း ပစ်တတ်ကြ၏။

  2. မကောင်းသောအမှုမှာ တယောက်ကိုတယောက် နှိုးဆော်တတ်ကြ၏။ ကျော့ကွင်းတို့ကို ထောင်ထား ခြင်းငှါ တိုင်ပင်၍၊ အဘယ်သူ မြင်လိမ့်မည်နည်းဟု ဆိုတတ်ကြ၏။

  3. မတရားသော အမှုတို့ကို ကိုယ်အဘို့ စစ်ဆေးရှာဖွေတတ်ကြ၏။ အသီးအသီး စိတ်နှလုံးထဲမှာ ကြံစည်သော အရာတို့သည် အလွန်နက်နဲကြ၏။

  4. ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။

  5. ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သော သူတို့မူကား၊ သွေ့ခြောက်သော အရပ်၌ နေရကြ၏။

  6. အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်း သော သူတည်းဟူသော ဣသရေလအမျိုး၌ ကျေးဇူးကြီး တော်မူ၏။

  7. ငါမူကား၊ ခြေချော်လုလျက်၊ ခြေရာလွဲလုလျက် ရှိမိပြီ။

  8. အကြောင်းမူကား၊ မတရားသောသူတို့၏ စည်း စိမ်ကို မြင်သောအခါ၊ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ။

  9. ထိုသူတို့သည် မသေမှီတိုင်အောင် နာကြင်ခြင်း ဝေဒနာမရှိ။ ခိုင်မာသောအစွမ်းသတ္တိရှိကြ၏။

  10. သူတို့သည် လောကဓံဒုက္ခမရှိ။ လူများကဲ့သို့ အနှောင့်အရှက်ကိုမခံရကြ။

  11. ထိုကြောင့် မာနကို လည်ဆွဲတန်ဆာကဲ့သို့ဆင်၍၊ ညှဉ်းဆဲခြင်း အဝတ်ကိုလည်း ဝတ်တတ်ကြ၏။

  12. ဆူဝသောကြောင့် မျက်နှာမော်လျက်ရှိကြ၏။ စိတ်နှလုံးကြံစည်ခြင်းအားဖြင့် လွန်ကျူးတတ်ကြ၏။

  13. ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ယယ်ပြု၍ ပြော တတ်ကြ၏။ ထောင်လွှားသော စကားကိုလည်း သုံးတတ် ကြ၏။

  14. သူတို့နှုတ်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက် ပြု၍၊ လျှာသည်လည်း မြေကြီးကို လှည့်လည်တတ်၏။

  15. ထိုကြောင့် ဘုရားသခင်၏ လူတို့သည် သူတို့ ထံသို့ ပြန်သွား၍ များစွာသော ရေကိုမျိုရကြ၏။

  16. ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည် နည်း။ အမြင့်ဆုံးသော ဘုရား၌ ဉာဏ်ရှိပါလိမ့်မည်လော ဟု ဆိုတတ်ကြ၏။

  17. ထိုမတရားသော သူတို့သည် အစဉ်ကောင်းစား ၍ ဥစ္စာပွားများကြ၏။

  18. အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော် လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။

  19. နေ့တိုင်းနှောင့်ရှက်ခြင်းနှင့် နံနက်တိုင်းဆုံးမ ခြင်းကို ငါခံရ၏။

  20. ထိုသို့သဘောကျမည်ဟု အကျွန်ုပ်ဆိုလျှင်၊ ကိုယ်တော်၏ အမျိုးသားတို့ကို ပြစ်မှားရာသို့ ရောက်ပါ လိမ့်မည်။

  21. ထိုအမှုကိုနားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ၏။

  22. နောက်မှဘုရားသခင်၏ သန့်ရှင်းရာ ဌာနထဲသို့ ဝင်၍၊ သူတို့၏ အဆုံးကို နားလည်ရပါ၏။

  23. အကယ်စင်စစ်ကိုယ်တော်သည် သူတို့ကို ချော သောအရပ်၌ ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ၏။

  24. တခဏခြင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါ ပြီတကား။

  25. အိုထာဝရဘုရား၊ လူသည် နိုးသောအခါ အိပ် မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ၊ သူတို့ အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည်။