အကြောင်းအရာသို့ ကျော်သွားရန်

Wicked အကြောင်း ကျမ်းစာအခန်းငယ်များ

724 အခန်းငယ် · 18 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သူတို့ခြေသည် အဓမ္မအမှုကို ပြုခြင်းငှါ ပြေး တတ်၏။ အပြစ်မရှိသော သူ၏အသက်ကို သတ်ခြင်းငှါ လျင်မြန်၏။ သူတို့အကြံသည် အဓမ္မအကြံဖြစ်၍၊ သူတို့ သွားရာလမ်း၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်း ရှိ၏။

  2. ချမ်းသာလမ်းကို သူတို့မသိကြ။ သူတို့ခရီးသွား ရာတွင် တရားမပါ။ မိမိတို့သွားစရာဘို့ ကောက်သော လမ်းတို့ကို ပြင်ဆင်ကြပြီ။ လိုက်သွားသော သူမည်သည် ကား၊ ချမ်းသာကို မသိရ။

  3. အကျွန်ုပ်တို့သည် ကိုယ်တော်မအုပ်စိုးဘူးသော သူကဲ့သို့၎င်း၊ နာမတော်ဖြင့် သမုတ်ခြင်းကိုမခံဘူးသော သူကဲ့သို့၎င်းဖြစ်ကြပါ၏။ ဖြောင့်မတ်ခြင်းတရားကို ဟော၍၊ ကယ်တင်ခြင်းငှါ တန်ခိုးကြီးသော ငါပေတည်း။

  4. ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့ မူကား၊ မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရေငတ်ကြလိမ့်မည်။ ငါကျွန် တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရှက် ကြောက်ကြလိမ့်မည်။

  5. ငါ၏ကျွန်တို့သည် ရွှင်လန်းသော စိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား၊ ဝမ်းနည်းသောစိတ် နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသော နှလုံးနှင့် ညဉ်းတွား မြည်တမ်းကြလိမ့်မည်။

  6. သင်သည် ပေါက်ဆပ်ပြာနှင့် ရေချိုး၍၊ ချက် သော ဆပ်ပြာအများကို သုံးသော်လည်း၊ သင်၏အပြစ် သည် ငါ့ရှေ့မှာထင်ရှားသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  7. သင်ကလည်း၊ ငါသည် ညစ်ညူးခြင်းမရှိ၊ ဗာလ ဘုရားတို့ နောက်သို့မလိုက်ဟု အဘယ်သို့ ဆိုနိုင်သနည်း။ ချိုင့်၌ သင်လိုက်သော လမ်းကိုကြည့်ရှုလော့။ သင်ပြု သော အမှုတို့ကို ဝန်ခံလော့။ လျင်မြန်စွာ ပြေး၍ လှည့် လည်တတ်သော ကုလားအုပ်မပါတကား။

  8. တော၌ လှည့်လည်၍ ကိလေသာရာဂစိတ်နှင့် လေကိုရှူတတ်သော မြည်းရိုင်းမပါတကား။ အချိန်ရောက် သောအခါ အဘယ်သူ ဆီးတားနိုင်သနည်း။ သူ့ကိုရှာအံ့ သောငှါ အဘယ်သူမျှ ပင်ပန်းခြင်းကို မခံရ။ အချိန်စေ့ သောအခါ သူ့ကိုတွေ့လိမ့်မည်။

  9. သင်၏ခြေနင်းကို မပျက်စေနှင့်။ ရေငတ်ခြင်း အကြောင်းကို မပြုနှင့်ဟုဆိုသော်လည်း၊ သင်ကမြော်လင့် စရာမရှိ၊ အလျှင်းမရှိ။ သူတပါးတို့ကို ငါချစ်၍၊ သူတို့ နောက်သို့ လိုက်မည်ဟု ပြန်ပြော၏။

  10. ဘုရားသခင်သည် အစဉ်အမျက်ထွက်တော်မူ မည်လော။ အဆုံးတိုင်အောင် အပြစ်ကို မှတ်တော်မူမည် လောဟု ဆိုပါစေသော။ ထိုသို့ဆိုသော်လည်း၊ တတ်နိုင် သမျှအတိုင်း အဓမ္မအမှုကို ပြုပါသည်တကား။

  11. အကယ်စင်စစ် ငါ၏လူတို့သည် ထိုင်းမှိုင်း၍ ငါ့ကို မသိကြ။ မိုက်သောသူငယ်ဖြစ်၍ ဉာဏ်မရှိကြ။ မကောင်းသော အမှုတို့၌ လိမ္မာကြ၏။ ကောင်းသောအမှု တို့ကို မပြုတတ်ကြ။

  12. ငါကလည်း၊ အကယ်စင်စစ် ဤသူတို့သည် ဆင်းရဲသားဖြစ်ကြ၏။ ထာဝရဘုရား၏ တရားတော်ကို၎င်း၊ မိမိတို့ ဘုရားသခင်စီရင်တော်မူရာကို၎င်း၊ မသိ သောကြောင့် မိုက်ကြ၏။

  13. လူကြီးများထံသို့ ငါသွား၍ပြောမည်။ သူတို့သည် ထာဝရဘုရား၏ တရားတော်ကို၎င်း၊ မိမိတို့ဘုရားသခင် စီရင်တော်မူရာကို၎င်း သိကြ၏ဟုဆိုသော်လည်း၊ သူတို့ သည် ထမ်းဘိုးတော်ကိုချိုး၍၊ အနှောင်အဖွဲ့တော်တို့ကို ဖြတ်ကြပြီ။

  14. သင်တို့ဒုစရိုက်သည် ထိုသို့သော အရာတို့ကို လွှဲ၍၊ သင်တို့အပြစ်သည် သင်တို့၏ မင်္ဂလာကို ဆီးတား လေပြီ။

  15. ဝပ်လျက်နေသော မုဆိုးကဲ့သို့ ချောင်းမြောင်း သော လူဆိုးတို့သည် ငါ၏လူတို့တွင်ရှိကြ၏။ လူတို့ကို ထောင်ခြင်းငှါ ထောင်ချောက်ကို ထားကြပြီ။

  16. ငှက်ထောင်အိမ်သည် ငှက်တို့နှင့် ပြည့်သကဲ့သို့၊ သူတို့အိမ်သည် လှည့်စားခြင်းပရိယာယ်နှင့်ပြည့်၏။ ထိုသို့သူတို့သည် အားတိုးပွါး၍ ရတတ်ခြင်းသို့ ရောက် ကြ၏။

  17. ဝလျက်၊ မျက်နှာပြောင်လျက်ရှိကြ၏။ ဆိုးသော သူတို့ထက်သာ၍ ဆိုးကြ၏။ တရားသဖြင့်မစီရင်ကြ။ မိဘမရှိသောသူငယ်၏အမှုကို စောင့်၍ အနိုင်မပေးကြ။ ဆင်းရဲသော သူဘက်၌ တရားသဖြင့် မစီရင်ကြ။

  18. စမ်းရေပေါက်ဝမှ ရေသည် စီးထွက်သကဲ့သို့၊ ထိုမြို့သည် ဒုစရိုက်ကို ထွက်စေတတ်၏။ မြို့ထဲ၌ လုယူ ဖျက်ဆီးခြင်းအသံကို ကြားရ၏။ အနာများနှင့် ဒဏ်ချက်ရာ များကို အစဉ်ငါမြင်ရ၏။

  19. သူတို့သည် ရွံရှာဘွယ်သော အမှုကိုပြုပြီးမှ ရှောက်ကြသလော။ အလျှင်းမရှက်ကြ။ မျက်နှာမပျက် ကြ။ ထိုကြောင့်၊ တယောက်နောက်တယောက် လဲကြ လိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  20. ယခုတွင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်၎င်း၊ ငါသည်စောစောထ၍ အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည် မထူးသောကြောင့်၎င်း၊

  21. ရှိလောရွာကို ငါပြုသကဲ့သို့၊ ငါ၏နာမဖြင့် သမုတ်သော၊ သင်တို့ ခိုလှုံသော ဤအိမ်တော်၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော အရပ်ဌာနကို ငါပြုမည်။

  22. သင်တို့ညီအစ်ကို ဧဖရိမ်အမျိုးသားရှိသမျှတို့ကို ငါနှင့်ထုတ်သကဲ့သို့၊ သင်တို့ကို ငါ့ထံမှ ငါနှင့်ထုတ်မည်။

  23. ငါမှာထားသောအရာဟူမူကား၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ငါသည်သင်တို့၏ ဘုရား သခင်ဖြစ်မည်။ သင်တို့သည်လည်း၊ ငါ၏လူမျိုးဖြစ်ကြ လိမ့်မည်။ သင်တို့သည် ကိုယ်အကျိုးကို စောင့်လိုသောငှါ၊ ငါစီရင်သမျှသော တရားလမ်းသို့ လိုက်ရကြမည်ဟု မှာထား၏။

  24. သို့ရာတွင်၊ သူတို့သည် နားမထောင်၊ နားကို မလှည့်ဘဲ ဆိုးညစ်သော နှလုံးခိုင်မာသည်နှင့်အညီ ကျင့်ကြံပြုမူ၍ မျက်နှာမပြု၊ ကျောခိုင်းလျက် နေကြ၏။

  25. သင်တို့အဘများသည် အဲဂုတ္တုပြည်က ထွက် သွားသောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် နေ့တိုင်း စောစောထ၍၊ ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော်လည်း၊