အကြောင်းအရာသို့ ကျော်သွားရန်

War အကြောင်း ကျမ်းစာအခန်းငယ်များ

639 အခန်းငယ် · 45 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မြင်းစီးသူရဲများတို့၊ မြင်းကို ကကြိုးတန်ဆာ ဆင်၍စီးပြီးလျှင်၊ သံခမောက်လုံးကို ဆောင်းလျက် ထွက်ကြလော့။ လှံတို့ကိုပွတ်ကြလော့။ သံချပ်အင်္ကျီတို့ကို ဝတ်ကြလော့။

  2. သူတို့သည်ကြောက်ရွံ့၍ ဆုတ်သွားကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ အားကြီးသော သူတို့ သည် ရှုံးသဖြင့် ပြန်၍မကြည့်ဝံ့။ အလျင်အမြန်ပြေးကြ ၏။ ပတ်လည်အရပ်၌ ဘေးရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  3. လျင်မြန်သောသူကို မပြေးစေနှင့်။ အားကြီး သော သူကိုမလွတ်စေနှင့်။ ဥဖရတ်မြစ်နား၊ မြောက် မျက်နှာ၌ ထိမိ၍လဲကြလိမ့်မည်။

  4. နိလမြစ်ထသကဲ့သို့၎င်း၊ မြစ်ရေစီးသကဲ့သို့၎င်း တက်လာသော ဤသူကား အဘယ်သူနည်း။

  5. အဲဂုတ္တုပြည်သည် နိလမြစ်ထသကဲ့သို့၎င်း၊ မြစ်ရေစီးသကဲ့သို့၎င်း တက်လာလျက်၊ ငါသည် ထ၍ မြေကြီးကို လွှမ်းမိုးမည်။ မြို့နှင့်တကွမြို့ သားတို့ကို ဖျက်ဆီးမည်ဟု ပြောဆို၏။

  6. မြင်းများတို့၊ တက်ကြလော့။ ရထားများတို့၊ ဟုန်းဟုန်းမြည်ကြလော့။ သူရဲများတည်းဟူသော၊ ဒိုင်းလွှားကို ကိုင်တတ်သော ကုရှအမျိုး၊ ဖုတအမျိုးသား၊ လေးကိုကိုင်၍ ပစ်တတ်သောလုဒိအမျိုးသားတို့သည် ထွက်သွားကြစေ။

  7. ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ ရန်သူတို့ကို ဒဏ်ပေးရသောနေ့၊ အမျက်တော်ကို ဖြေရသောနေ့ရက်ဖြစ်သည်နှင့် အညီ၊ ထားတော်သည် ကိုက်စား၍ဝလိမ့်မည်။ သူတို့အသွေးနှင့် ယစ်မူးလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားအဘို့၊ မြောက်မျက်နှာ၌ ဥဖရတ်မြစ်နားမှာ ယဇ်ပူဇော်စရာ အကြောင်ရှိ၏။

  8. အိုအဲဂုတ္တုသတို့သမီးကညာ၊ ဂိလဒ်ပြည်သို့ သွား၍ဗာလစံစေးကို ယူလော့။ သင်သည်များစွာသော ဆေးကိုအချည်းနှီးသုံးတတ်၏။ သင်၏အနာ မပျောက် နိုင်ရာ။

  9. သင်သည် အရှက်ကွဲကြောင်းကို လူမျိုးတို့သည် ကြားကြပြီ။ သင် မြည်တမ်းသော အသံသည်းမြေတပြင် လုံး၌ နှံ့ပြားပြီး။ သူရချင်းတယောက်နှင့် တယောက် ထိခိုက်၍၊ နှစ်ယောက်တို့သည်လဲကြပြီဟု မိန့်တော်မူ၏။

  10. သင်၏သူရဲသည် အဘယ်ကြောင့် ရှုံးသနည်း။ ထာဝရဘုရားတွန်းချတော်မူသောကြောင့်၊ သူသည် မရပ် မနေနိုင်ရာ။

  11. လူများတို့သည် ထိမိ၍တယောက်အပေါ်မှာ တယောက်လဲစေခြင်းငှါ ပြုတော်မူသည်ဖြစ်၍၊ သူတို့က၊ ထကြကုန်အံ့။ ညှဉ်းဆဲတတ်သော ထားကြောင့် ကိုယ် အမျိုး၊ ကိုယ်နေရင်းပြည်သို့ပြန်ကြကုန်အံ့ဟု ပြောဆို ကြ၏။

  12. ရောက်ပြီးမှ အဲဂုတ္တု ရှင်ဘုရင်ဖာရောမင်းသည် ဆုံးရှုံးပြီ။ စည်းဝေးရသောအချိန်ကို လွန်စေပြီဟု ဟစ်ကြ၏။

  13. သူငှါးတို့သည် သူ၏အလယ်၌ ဆူအောင် ကျွေးသောနွားကဲ့သို့ ဖြစ်သော်လည်း၊ ပျက်စီးခြင်းနေ့၊ ဆုံးမခြင်းကိုခံရသော အချိန်ရောက်သောကြောင့်၊ သူတို့ သည် မရပ်မနေ၊ ကျောကိုလှည့်၍ တညီတညွတ်တည်း ပြေးသွားကြ၏။

  14. ရန်သူစီးသော မြင်းခွါသံ၊ စိုင်းသောရထား ဘီးများ မြည်သံကြောင့်၊ အဘတို့သည် လက်အားလျော့၍ သားတို့ကိုပြန်မကြည့်ကြ။

  15. အိုထာဝရဘုရား၏ထားတော်၊ သင်သည် အဘယ်မျှကာလပတ်လုံး မငြိမ်ဘဲနေမည်နည်း။ ကိုယ် အိမ်၌ဝင်၍နေလော့။ နေရာကျ၍ ငြိမ်ဝပ်စွာနေလော့။

  16. အာရှကေလုန်မြို့နှင့် ပင်လယ်ကမ်းအမှု၌ ထာဝရဘုရား မှာထားတော်မူသောကြောင့်၊ အဘယ် သို့ ငြိမ်ဝပ်စွာနေနိုင်သနည်း။ ထိုအမှုကို ဆောင်ရွက်စေခြင်း ငှါ ခန့်ထားတော်မူ၏။

  17. ထာဝရဘုရား၏ အမှုတော်ကို ကြိုးစား၍ မဆောင်သော သူသည် ကျိန်ဆဲခြင်းကိုခံစေ။ လူအသက် ကို မသတ်ဘဲမိမိထားကို သိမ်းရုပ်သောသူသည် ကျိန်ဆဲ ခြင်းကိုခံစေ။

  18. မောဘပြည်၌နေသောသူတို့၊ မြို့တို့ကိုစွန့်၍ ကျောက်ကြား၌ နေကြလော့။ မြေတွင်းဝနားမှာ အသိုက် လုပ်တတ်သော ချိုးဝှက်ကဲ့သို့ ပြုကြလော့။

  19. ဝပြောသောလယ်ပြင်နှင့် မောဘပြည်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်းပြတ်လေပြီ။ စပျစ်သီးနယ်ရာ ကျင်း၌စပျစ်ရည်ကို ငါပြတ်စေပြီ။ ကြွေးကြော်သံကိုပြု၍ စပျစ်သီးကိုမနင်းရ။ ကြွေးကြော်သော အသံလည်း ကြွေးကြော်သောအသံမဟုတ်ရ။

  20. ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်ပတ်လည်၌နေသော သူအပေါင်းတို့ကြောင့် ကြောက်လန့်သော အကြောင်းကို သင်၌ငါဖြစ်စေမည်။ သင်တို့အသီးအသီးရှိသမျှသည် နှင်ထုတ်ခြင်းကို အတည့်အလင်းခံရကြမည်။ ကွဲပြား သောသူတို့ကို စုဝေးစေသော သူလည်းမရှိရ။

  21. ထာဝရဘုရားသည် လက်နက်စုံ တိုက်တော်ကို ဖွင့်၍၊ အမျက်တော်လက်နက်တို့ကို ထုတ်တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရ ဘုရားသည် ခါလဒဲပြည်၌ ပြုတော်မူသော အမှုပေတည်း။

  22. ဗာဗုလုန်စစ်သူရဲတို့သည် စစ်မပြိုင်ဘဲရဲတိုက် များ၌နေကြ၏။ အားလျော့၍မိန်းမကဲ့သို့ ဖြစ်ကြ၏။ မြို့သားနေရာတို့ကိုမီးရှို့၍၊ တံခါးကျင်တို့ကို ချိုးဖဲ့ကြ၏။

  23. ရန်သူတို့သည် မြို့တော်ကို တဘက်တချက် တိုက်ဝင်ကြပြီဟူ၍၎င်း၊ လမ်းဝကို ပိတ်ထား၍ ရေကန် နားမှာမီးရှို့ကြောင်းနှင့်၊ စစ်သူရဲတို့သည် ကြောက်လန့် လျက်ရှိကြပြီဟူ၍၎င်း၊ ဗာဗုလုန်ရှင်ဘုရင်အား ကြားလျှောက်အံ့သောငှါ၊ မင်းလုလင်ချင်းတယောက်ကို တယောက်၊ စေလွှတ်သူချင်းတယောက်ကို တယောက် တွေ့ကြုံလျက် ပြေးလာကြ၏။

  24. ရန်သူတို့သည် မြို့တော်ကို တဘက်တချက် တိုက်ဝင်ကြပြီဟူ၍၎င်း၊ လမ်းဝကို ပိတ်ထား၍ ရေကန် နားမှာမီးရှို့ကြောင်းနှင့်၊ စစ်သူရဲတို့သည် ကြောက်လန့် လျက်ရှိကြပြီဟူ၍၎င်း၊ ဗာဗုလုန်ရှင်ဘုရင်အား ကြားလျှောက်အံ့သောငှါ၊ မင်းလုလင်ချင်းတယောက်ကို တယောက်၊ စေလွှတ်သူချင်းတယောက်ကို တယောက် တွေ့ကြုံလျက် ပြေးလာကြ၏။

  25. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်သတို့သမီးသည် စပါးနယ်ရသော ကောက်နယ် တလင်းကဲ့သို့ဖြစ်၏။ စပါးရိတ်ရာအချိန်နီးပြီ။