အကြောင်းအရာသို့ ကျော်သွားရန်

War အကြောင်း ကျမ်းစာအခန်းငယ်များ: God inflicts defeat in

14 အခန်းငယ် · 45 ရှုထောင့်

God inflicts defeat in အကြောင်း အခန်းငယ်များ

  1. ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ် သောသူဖြစ်သောကြောင့်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊ ကျောကို လှည့်ရကြ၏။ ကျိန်အပ်သောသူကို သင်တို့အထဲ က မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။

  2. ထ၍ လူများတို့ကို သန့်ရှင်းစေလော့။ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ် သန့်ရှင်းစေကြဟု ဆင့်ဆိုလော့။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော် မူသည်ကား၊ အိုဣသရေလအမျိုး၊ ကျိန်အပ်သောအရာ သည် သင်တို့အထဲ၌ ရှိ၏။ ထိုအရာကို သင်တို့အထဲက မပယ်မရှင်းမှီတိုင်အောင် ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်ကြ။

  3. ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင်မြို့၌ စုဝေးသော ယုဒမင်းများထံ၊ ရောဗောင်မင်းထံတော်သို့ ပရောဖက်ရှေမာယသည်လာ၍၊ ထာဝရဘုရား မိန့်တော် မူသည်ကား၊ သင်တို့သည် ငါ့ကိုစွန့်သောကြောင့်၊ ငါသည် သင်တို့ကို ရှိရှက်မင်းလက်သို့ အပ်လေပြီဟု အမိန့်တော် ကို ဆင့်ဆိုလျှင်၊

  4. ရှင်ဘုရင်နှင့်ယုဒမင်းတို့က၊ ထာဝရဘုရား ဖြောင့်မတ်တော်မူ သည်ဟုဆို၍၊ မိမိတို့ကို နှိမ့်ချကြ၏။

  5. ထိုသို့နှိမ့်ချကြောင်းကို ထာဝရဘုရားမြင်လျှင်၊ နှုတ်ကပတ်တော်သည် ရှေမာယသို့ရောက်၍၊ သူတို့သည် နှိမ့်ချကြပြီ။ ထိုကြောင့်သူတို့ကို ငါမဖျက်ဆီး၊ အနည်းငယ် သော ချမ်းသာကိုပေးမည်။ ရှိရှက်လက်ဖြင့် ယေရုရှလင် မြို့ပေါ်သို့ ငါ့အမျက်ကို မသွန်းလောင်းရ။

  6. သို့ရာတွင် ငါ့ထံ၌ အမှုထမ်းခြင်း၊ တပါး အမျိုးသား ရှင်ဘုရင်ထံ၌ အမှုထမ်းခြင်းကို ပိုင်းခြား၍ သိစေခြင်ငှါ၊ ရှိရှက်မင်းထံ၌ ကျွန်ခံရကြမည်ဟု မိန့်တော် မူ၏။

  7. ထိုနှစ်အဆုံး၌၊ ရှုရိတပ်သားတို့သည် စစ်ချီ၍ လာကြသဖြင့်၊ ယုဒပြည် ယေရုရှလင်မြို့သို့ရောက်မှ၊ မှူးမတ်အရာရှိအပေါင်းတို့ကို သုတ်သင် ပယ်ရှင်း၍၊ လက်ရဥစ္စာရှိသမျှတို့ကို ဒမာသက်ရှင်ဘုရင်ထံသို့ ပေးလိုက်ကြ၏။

  8. ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်သောကြောင့်၊ များပြားသော အလုံး အရင်းဖြစ်သော်လည်း၊ နည်းသောရှုရိတပ် အလုံးအရင်လက်သို့ ထာဝရဘုရား အပ်တော်မူ၍၊ ရှုရိလူတို့သည် ယောရှကို တရားစီရင်ကြ၏။

  9. ထိုအရပ်၌ လေးမြှား၊ ဒိုင်းလွှား၊ ထားလက်နက်၊ စစ်အင်္ဂါတို့ကို ချိုးဖျက်တော်မူပြီ။

  10. ရန်သူတို့ကိုဒဏ်ခတ်၍ လှန်သဖြင့်၊ အစဉ်အမြဲ အရှက်ကွဲစေတော်မူ၏။

  11. သူတို့၏ ဘုရားသခင်သည် အဘယ်မှာရှိ သနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါမည်နည်း။ သွန်ပြီးသော ကျွန်တော်မျိုး၏ အသွေးဘက်မှာ တရားစီရင်တော်မူသော အကြောင်း သည် တပါးအမျိုးသားတို့တွင် အကျွန်ုပ်တို့ မျက်မှောက်၌ ထင်ရှားပါစေသော။

  12. ထိုကြောင့်၊ ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်လျက်၊ သူတို့၌လက်တော်ကိုဆန့်၍ ဒဏ်ခတ် တော်မူသဖြင့်၊ တောင်တို့သည်တုန်လှုပ်၍၊ သူတို့၏အသေ ကောင်တို့သည် လမ်းများ၌ မစင်ကဲ့သို့ဖြစ်ကြ၏။ သို့သော်လည်း အမျက်တော်သည် မငြိမ်း၊ လက်တော် သည် ဆန့်လျက်ရှိသေး၏။

  13. သင်၏သူရဲသည် အဘယ်ကြောင့် ရှုံးသနည်း။ ထာဝရဘုရားတွန်းချတော်မူသောကြောင့်၊ သူသည် မရပ် မနေနိုင်ရာ။

  14. လူများတို့သည် ထိမိ၍တယောက်အပေါ်မှာ တယောက်လဲစေခြင်းငှါ ပြုတော်မူသည်ဖြစ်၍၊ သူတို့က၊ ထကြကုန်အံ့။ ညှဉ်းဆဲတတ်သော ထားကြောင့် ကိုယ် အမျိုး၊ ကိုယ်နေရင်းပြည်သို့ပြန်ကြကုန်အံ့ဟု ပြောဆို ကြ၏။