Skip to content

War အကြောင်း ကျမ်းစာအခန်းငယ်များ: God uses, as a judgment

151 အခန်းငယ် · 45 ရှုထောင့်

God uses, as a judgment အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သူတို့ဘုရားများကို ဦးမချဝတ်မပြုရ။ သူတို့ဘာသာအတိုင်း မကျင့်ရ။ သူတို့ကို အကုန်အစင် မှောက်လှဲ၍၊ ရုပ်တုဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက်ရမည်။

  2. သင်တို့ကို ငါ မျက်နှာထား၍၊ ရန်သူရှေ့မှာ ဆုံးစေမည်။ သင်တို့သည် ရန်သူ၏ အုပ်စိုးခြင်းကို ခံရ၍၊ အဘယ်သူမျှ မလိုက်သော်လည်း၊ ပြေးကြလိမ့်မည်။

  3. သင်တို့မြို့များကို ငါဖျက်ဆီး၍၊ သန့်ရှင်းရာဌာနတော်ကို သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်တို့ နံ့သာ ပေါင်း အမွှေးအကြိုင်ကို ငါမနမ်း။

  4. တပြည်လုံးကို ငါသုတ်သင် ပယ်ရှင်းသော အမှုကို၊ ထိုပြည်၌နေသော သင်တို့၏ ရန်သူတို့သည် မြင်၍ မိန်းမောတွေဝေကြလိမ့်မည်။

  5. သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ် ငါကွဲပြားစေ၍၊ ထားမိုးလျက် လိုက်မည်။ သင်တို့ပြည် သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။

  6. ထိုသို့ သင်တို့သည် ရန်သူပြည်၌နေ၍၊ ကိုယ်ပြည်သည် လူဆိတ်ညံလျက်နေသော ကာလပတ်လုံး ငြိမ်ဝပ်စွာနေ၍၊ မိမိဥပုသ်နေ့တို့၌ မွေ့လျော်ရလိမ့်မည်။

  7. လူဆိတ်ညံလျက်နေရသော ကာလပတ်လုံး ငြိမ်ဝပ်လိမ့်မည်။ သင်တို့ရှိနေသောအခါ၊ ဥပုသ်နေ့တို့၌ ပြည်ည် မငြိမ်မဝပ်ရ။

  8. ရန်သူပြည်မှာ ကျန်ကြွင်းသော သင်တို့ စိတ်နှလုံးထဲသို့၊ ထိတ်လန့်သော သဘောကို ငါပေးသွင်းသဖြင့်၊ သစ်ရွက်လှုပ်သံကြောင့် သင်တို့သည် ကြောက်၍၊ ထားဘေးမှ ပြေးသကဲ့သို့ ပြေးကြလိမ့်မည်။ အဘယ် သူမျှ မလိုက်သော်လည်း လဲကြလိမ့်မည်။

  9. အဘယ်သူမျှမလိုက်ဘဲ ထားဘေးမှ ပြေးသောသူကဲ့သို့ တယောက်အပေါ်မှာ တယောက်လဲကြလိမ့် မည်။ ရန်သူရှေ့မှာ ရပ်နိုင်သော တန်ခိုးမရှိရ။

  10. ရန်သူပြည်သည် သင်တို့ကို မျိုးစား၍၊ သာသနာပလူတို့တွင် ဆုံးရှုံးကြလိမ့်မည်။

  11. ကျန်ကြွင်းသော သင်တို့သည်၊ ရန်သူပြည်၌ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်ကို ခံလျက်၊ ဘိုးဘနှင့်တကွ အားလျော့ကြလိမ့်မည်။

  12. သင်၏ရန်သူရှေ့မှာ ထာဝရဘုရားသည် သင့်ကို ဒဏ်ပေးတော်မူမည်။ သင်သည် တလမ်းတည်းဖြင့် သူတို့ ရှိရာသို့ သွားသော်လည်း၊ လမ်းခုနှစ်သွယ်ဖြင့် သူတို့ရှေ့မှ ပြေး၍ မြေပေါ်မှာရှိသော အတိုင်းတိုင်း အပြည်ပြည်သို့ ပြောင်းသွားရလိမ့်မည်။

  13. သင်၏အသေကောင်သည် မိုဃ်းကောင်းကင် ငှက်၊ တောသားရဲစားစရာ့ဘို့ ဖြစ်ရလိမ့်မည်။ ထိုတိရစ္ဆာန် တို့ကို အဘယ်သူမျှ မမောင်းရ။

  14. ထာဝရဘုရားသည် သင့်ကို အဲဂုတ္တုအနာစိမ်း၊ မြင်းသရိုက်နာ၊ ဝဲနာ၊ မပျောက်နိုင်သော ယားနာဖြင့် ဒဏ်ခတ်တော်မူမည်။

  15. ရူးသောအနာ၊ မျက်စိကန်းသောအနာ၊ မိန်းမောတွေဝေသောအနာဖြင့် ဒဏ်ခတ်တော်မူ၍၊

  16. မျက်စိကန်းသောသူသည် မှောင်မိုက်၌ စမ်း သပ်ရသကဲ့သို့၊ သင်သည် မွန်းတည့်အချိန်၌ပင် စမ်းသပ် ရလိမ့်မည်။ သင်ပြုသောအမှု၌ မအောင်ဘဲ ညှဉ်းဆဲခြင်း၊ လုယူခြင်းကိုသာ ခံရလိမ့်မည်။ အဘယ်သူမျှ မကယ်တင် ရ။

  17. မိန်းမနှင့်လက်ထပ်ပြီးသော်လည်း အခြားသော သူသည် ပေါင်းဘော်ရလိမ့်မည်။ အိမ်ကို ဆောက်သော် လည်း ကိုယ်တိုင်မနေရ။ စပျစ်ဥယျာဉ်ကို စိုက်သော် လည်း စပျစ်သီးကို မဆွတ်မယူရ။

  18. သင့်နွားကို သင့်မျက်မှောက်၌ သတ်၍သေ သော်လည်း သင့်ကိုယ်တိုင်မစားရ။ သင့်မြည်းကို သင့်ရှေ့ မှောက်၌ အနိုင်အထက်ယူသွားပြီးမှ၊ နောက်တဖန်ပြန်၍ မပေးရ။ သင့်သိုးတို့ကို သင့်ရန်သူ၌ အပ်သောအခါ ကယ်နှုတ်သောသူမပေါ်မရှိရ။

  19. သင့်သားသမီးတို့သည် သူတပါးလက်သို့ရောက် ၍၊ သင့်မျက်စိသည် တနေ့လုံး မြော်ကြည့်လျက် အားကုန် လိမ့်မည်။ သင့်လက်သည်လည်း ခွန်အားမရှိရ။

  20. သင် မသိမကျွမ်းသောလူမျိုးသည် သင့်နေရာ ပြည်၏ အသီးအနှံကို၎င်း၊ သင်လုပ်ဆောင်၍ရသော ဥစ္စာကို၎င်း စားလိမ့်မည်။ သင်သည် ညှဉ်းဆဲနှိပ်စက် ခြင်းကိုသာ အစဉ်မပြတ် ခံရလိမ့်မည်။

  21. ထိုသို့ ကိုယ်တိုင်တွေ့မြင်သော အမှုကြောင့် သင်သည် အရူးဖြစ်ရလိမ့်မည်။

  22. ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက၊ ခြေဘဝါးမှစ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင် သော အနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည်။

  23. ထာဝရဘုရားသည်၊ သင်ချီးမြှောက်သော ရှင် ဘုရင်ကို သင်နှင့်သင့်ဘိုးဘေးတို့ မသိမကျွမ်းဘူးသော လူမျိုးရှိရာသို့ ဆောင်သွားတော်မူသဖြင့်၊ သင်သည် အခြားတပါးသော ဘုရား၊ သစ်သားဘုရား၊ ကျောက်ဘု ရားတို့ကို ဝတ်ပြုရလိမ့်မည်။

  24. ထာဝရဘုရားသည် သင့်ကို ဆောင်သွားတော်မူ သော အပြည်ပြည်တို့၌ သင်သည် အံ့ဩရာ၊ ပုံခိုင်းရာ၊ ကဲ့ရဲ့ရာဖြစ်လိမ့်မည်။

  25. သင်သည် များစွာသော မျိုးစေ့ကို လယ်သို့ယူ သွား၍ ကျိုင်းကောင်တို့သည် ကိုက်စားသောကြောင့်၊ နည်းသောစပါးကို သိမ်းရလိမ့်မည်။