Skip to content

War အကြောင်း ကျမ်းစာအခန်းငယ်များ

639 အခန်းငယ် · 45 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ငါတို့ကို ကိုက်စား၍ နှိပ်စက်ပါပြီ။ ငါတို့ကို ဟင်းလင်း သောအိုးဖြစ်စေပါပြီ။ နဂါးမျိုတတ်သကဲ့သို့ ငါတို့ကို မျို၍၊ ငါတို့ ပျော်မွေ့စရာအရာ တို့နှင့်မိမိဝမ်းကို ပြည့်စေ ပါပြီ။ ငါတို့ကို နှင်ထုတ်ပါပြီ။

  2. ဇိအုန်မြို့သမီးက၊ ငါ၏ကိုယ်နှင့်ငါ၏အသား၌ ပြုသောအဓမ္မအမှုသည် ဗာဗုလုန်မြို့အပေါ်သို့ ရောက်ပါ စေဟူ၍၎င်း၊ ယေရုရှလင်မြို့ကလည်း၊ ငါ၏အသွေးသည် ခါလအဲပြည်သားတို့အပေါ်သို့ ရောက်ပါစေဟူ၍၎င်း ဆိုရ၏။

  3. သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏အမှုကို ငါစောင့်မည်။ သင်ခံရသောအပြစ်ကို ပြန်ပေးမည်။ သူ၏ပင်လယ်ကို၎င်း၊ သူ၏စမ်းရေတွင်း တို့ကို၎င်း ငါခန်းခြောက်စေမည်။

  4. ဗာဗုလုန်မြို့သည် အမှိုက်ပုံ၊ မြေခွေးနေရာတွင်း၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံပြုရာ၊ လူဆိတ်ညံရာအရပ် ဖြစ်လိမ့်မည်။

  5. ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြို့သားတို့ သည်ခြင်္သေ့ကဲ့သို့ ဟောက်သောအသံ၊ ခြင်္သေ့သငယ်ကဲ့သို့ မြည်သောအသံကိုတညီတည်း ပြုကြလိမ့်မည်။

  6. သူတို့သည်ပျော်မွေ့ကြမည်အကြောင်းနှင့်၊ နောက်တဖန်မနိုးဘဲ၊ အစဉ်မပြတ်အိပ်ပျော်မည် အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဘို့ ငါတိုက်၍ ယစ်မူးစေမည်။

  7. အသေသတ်ခြင်းငှါ ဆွဲ၍ချသော သိုးသငယ်ကို ကဲ့သို့၎င်း၊ သိုးထီး၊ ဆိတ်ထီးကိုကဲ့သို့၎င်း ငါဆွဲ၍ချမည်။

  8. ရှေရှက်မြို့ကိုတိုက်၍ ရလေပြီတကား။ မြေ တပြင်လုံး၌ ကျော်စောသော မြို့ကိုလုယူလေပြီတကား။ ဗာဗုလုန်မြို့သည် အပြည်ပြည်တို့တွင် အံ့ဩရာဖြစ်လေပြီ တကား။

  9. ပင်လယ်သည် ဗာဗုလုန်ပြည်အပေါ်သို့တက်၍၊ များစွာသော လှိုင်းတံပိုးတို့သည် လွှမ်းမိုးကြပြီ။

  10. မြို့များတို့သည် သုတ်သင်ပယ်ရှင်းရာအရပ်၊ သွေ့ခြောက်သော လွင်ပြင်ဖြစ်ကြပြီ။ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ ထိုလမ်းကိုမရှောက်ရ။

  11. ဗာဗုလုန်မြို့၌ ဗေလဘုရားကိုလည်း ငါသည် ဒဏ်ပေးမည်။ သူမျိုသောအရာတို့ကို တဖန်အန်စေမည်။ လူအမျိုးမျိုးတို့သည် နောက်တဖန်သူ့ထံမှာ စည်းဝေးရကြ။ မြို့ရိုးလည်းပြိုလဲလျက်ရှိရလိမ့်မည်။

  12. ငါ၏လူတို့၊ ဗာဗုလုန်မြို့ထဲကထွက်ကြလော့။ ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်မှ၊ အသီး အသီးကိုယ်အသက်ကို ကယ်နှုတ်ကြလော့။

  13. ထိုပြည်၌ကြားရသော သိတင်းကြောင့် စိတ် မပျက်၊ ကြောက်လန့်ခြင်းမရှိကြနှင့်။ တနှစ်ထက်တနှစ် သိတင်းကြားရလိမ့်မည်။ မင်းချင်းတယောက်ကို တယောက် လုယူ၍ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည်။

  14. ထိုနောက်မှဗာဗုလုန်မြို့၌ ထုလုပ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေးသဖြင့်၊ တပြည်လုံး မိန်းမောတွေဝေ၍၊ သူရဲအပေါင်းတို့သည် မြို့ထဲမှာ လဲလျက်သေကြသော အချိန်ရောက်လိမ့်မည်။

  15. ထိုသို့မြောက်မျက်နှာအရပ်က လုယူသော သူတို့ သည် ဗာဗုလုန်မြို့သို့ ရောက်လာသောအခါ၊ မိုဃ်းမြေမှစ၍ အရပ်ရပ်၌ရှိသမျှတို့သည် ရွှင်လန်းသော အသံကို ပြုကြ လိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။

  16. ဗာဗုလုန်မြို့ကြောင့် ဣသရေလအမျိုးသူရဲတို့ သည် လဲ၍သေသကဲ့သို့၊ ဗာဗုလုန်မြို့ထဲမှာ ပြည်သား သူရဲအပေါင်းတို့သည် လဲ၍သေကြလိမ့်မည်။

  17. ထားဘေးနှင့်လွတ်သောသူတို့၊ သွားကြလော့။ ရပ်၍မနေကြနှင့်။ ဝေးသောအရပ်၌ ထာဝရဘုရားကို အောက်မေ့၍၊ ယေရုရှလင်မြို့ကိုလည်း စိတ်စွဲလမ်းကြ လော့။

  18. ငါတို့သည်ကဲ့ရဲ့သောအသံကို ကြားသော ကြောင့် အရှက်ကွဲလျက်၊ မျက်နှာပျက်လျက်နေရကြပါ၏။ တပါးအမျိုးသားတို့သည် ဗိမာန်တော်တွင်၊ သန့်ရှင်းရာ အရပ်ဌာနတော်တို့၏ အထဲသို့ဝင်ကြပါပြီ။

  19. သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ပြည်ကိုးကွယ်သော ရုပ်တုဆင်းတုတို့ကို ငါသည် ဒဏ်ပေး၍၊ တပြည်လုံး၌ ဒဏ်ချက်ထိသောသူတို့သည် ညည်းတွားကြသော အချိန်ရောက်လိမ့်မည်။

  20. ဗာဗုလုန်မြို့သည် မိုဃ်းကောင်းကင်သို့တက်၍၊ မြို့ရိုးအထွဋ်ကို ခိုင်ခံ့စွာ တည်သော်လည်း၊ ငါစေလွှတ်၍ လုယူသော သူတို့သည် သူရှိရာသို့ ရောက်ကြလိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။

  21. ဗာဗုလုန်မြို့မှ ငိုကြွေးသံကို၎င်း၊ ခါလဒဲပြည်မှာ ပြင်းစွာသော ပျက်စီးသံကို၎င်း ကြားရ၏။

  22. အကြောင်းမူကား ထာဝရဘုရားသည် ဗာဗုလုန် မြို့ကို ဖျက်ဆီး၍၊ သူပြုတတ်သောအသံကြီးကို ငြိမ်းစေ တော်မူ၏။ သူ၏လှိုင်းတံပိုးတို့သည် အားကြီးသော ရေကဲ့သို့ ဟုန်ဟုန်းမြည်သံဖြင့်၊ ကြီးစွာသောအသံဗလံကို ပြုတတ်ကြ၏။

  23. ဗာဗုလုန်မြို့ကို တိုက်ဖျက်လုယူသော သူသည် ရောက်လျှင်၊ မြို့သားစစ်သူရဲတို့သည် ရန်သူတို့လက်သို့ ရောက်၍၊ သူတို့စွဲကိုင်သော လေးရှိသမျှတို့သည် ကျိုးကြ ၏။ အကျိုးအပြစ်ကို ပေးတတ်သောဘုရား သခင်ထာဝရ ဘုရားသည် ဆက်ဆက်ပေးတော်မူပြီ။

  24. ဗာဗုလုန်မင်းသား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲ၊ မင်း အရာရှိ၊ ခွန်အားကြီးသော သူတို့ကို ငါယစ်မူးစေသဖြင့်၊ သူတို့သည်နောက်တဖန်မနိုးဘဲ အစဉ်မပြတ် အိပ်ပျော် ကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရား ဟူ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ၏။

  25. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒုကြီးသော ဗာဗုလုန်မြို့ရိုးတို့ကို အကုန်အစင်ဖြိုဖျက်၍၊ မြင့်သောမြို့တံ ခါးတို့ကိုလည်း မီးရှို့ကြလိမ့်မည်။ လူအမျိုးမျိုးတို့သည် အချည်းနှီးလုပ် ဆောင်၍၊ မီး၌ပင်ပန်းခြင်းကို ခံရကြပြီ။